မိန်းကလေး တစ်ယောက်က သင့်ကို သဘောကျနေလားဆိုတာ ခန့်မှန်းရ သိပ်ခက်ပါတယ်။ အထူးသဖြင့် ရှက်တက်တဲ့ ကောင်မလေးတွေဆိုရင် ပိုဆိုးပါတယ်။ သူတို့က သူတို့ရဲ့အတွင်းစိတ်ကို ကွီးတို့ထံ ဖွင့်လစ်ချပြဖို့ တော်တော်လေး စဉ်းစားကြသလို စိတ်ထဲက ခံစားချက်က တစ်မျိုး အပြင်မှာ ထုတ်ဖော်ပြတဲ့ အမူအရာတွေက တစ်မျိုးသပ်သပ်စီ ဖြစ်နေတက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ သဘောကျတဲ့ ရှော်တီလေးက ကွီးတို့ကိုရော တိတ်တခိုးလေး ပြန်ကြိတ်ကြွေနေလားဆိုတာ ခန့်မှန်းကြည့်နိုင်မယ့် အချက်ပြလက္ခဏာလေးတွေကို ပြောပြပေးပါမယ်။

(၁) ကွီးတို့ရဲ့ ဟာသတွေကို သဘောကျ ရယ်မောပါလိမ့်မယ်

Couple

Photo : Glamour

ရှော်တီလေး တွေအများစု သူတို့သဘောကျတဲ့ သူနဲ့မှသာ ကောင်းကောင်းကြီး ရယ်မောတက်ကြတာပါ။ မဟုတ်ရင်တော့ ရုပ်တည်ကြီးနဲ့ မှင်သေနေတဲ့ မျက်နှာမျိုးကိုပဲ မြင်ရပါလိမ့်မယ်။ အကယ်၍ ကွီးတို့နဲ့ အတူတူဆုံတိုင်းမှာ ကွီးတို့ရဲ့ ဟာသဉာဏ်အပေါ် အသိအမှတ်ပြုမယ် ၊ ကွီးနဲ့အတူတူ စကားတွေပြောရင်း သူမရဲ့ ပျော်ရွှင်ရယ်မောနေတဲ့ မျက်နှာလေးကို မြင်ရမယ်ဆိုရင်တော့ ဒါဟာ ကွီးတို့နဲ့ အချိန်အတူတူ ကုန်ဆုံးရတာကို သဘောကျတယ်ဆိုတာ ဖော်ပြနေတဲ့ လက္ခဏာတစ်ခု ဖြစ်ပြီး ကွီးတို့အပေါ် သဘောကျနေတယ်ဆိုတာ ရာခိုင်နှုန်း တဝက်လောက် သေချာနေပါပြီ။

(၂) မျက်လုံးချင်းဆုံတိုင်းမှာ အကြည့်တွေ ချက်ချင်းလွှဲပစ်မယ်

Couple

Photo : The Economic Times

မိန်းကလေးတွေက သူတို့သဘောကျတဲ့ ကောင်လေးတွေနဲ့ အကြည့်ချင်း မဆုံရဲကြပါဘူး။ အကြောင်းကတော့ ရင်ခုန်လို့ပါ။ ကွီးတို့ မသိလိုက်ချိန်မှာ ကွီးတို့ကို ခိုးကြည့်နေတယ် ဆိုရင်တောင် ရုတ်တရက် ကွီးတို့နဲ့ မျက်နှာချင်းဆိုင် အကြည့်ချင်းဆုံမိတာနဲ့ ချက်ချင်း ဝရုန်းသုန်းကား အကြည့်တွေ တန်းလွှဲပစ်လိုက်မယ် ၊ ရှက်ကိုးရှက်ကမ်း အမူအရာတွေ ဖြစ်နေမယ် ဆိုရင်တော့ အဲ့ဒီ ရှော်တီလေး က ကွီးတို့ကို တိတ်တခိုးလေး ရင်ခုန် ၊ ကြိတ်ကြွေနေတာ ဖြစ်နိုင်ပါတယ်။

(၃) ကွီးတို့အကြောင်း အလုံးစုံသိချင်နေမယ်

Couple

Couple Photo : The Adventure Challenge

ရှော်တီလေး တွေက သူတို့ သဘောကျရင် အဲ့ဒီလူနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စိတ်ဝင်တစား ရှိကြပါတယ်။ ကွီးတို့ ဘာကြိုက်တက်လဲ ၊ ဘယ်လိုနေထိုင် ဖြတ်သန်းဖြစ်လဲ ၊ ကွီးတို့ရဲ့ အလုပ်အကိုင်ကစလို့ ကွီးတို့ရဲ့ ဝါသနာအဆုံး အလုံးစုံကို သိချင်ပြီး ကွီးတို့ကို တိုက်ရိုက်ဖြစ်စေ ၊ ကွီးတို့နဲ့ နီးစပ်သူတွေကနေတဆင့် ဖြစ်စေ စုံစမ်းမယ် ၊ စပ်စုမယ်ဆိုရင်တော့ ကွီးတို့ ဝမ်းသာလိုက်ပါတော့။ သူမက ကွီးတို့ကို သေချာပေါက် သဘောကျနေတာ ဖြစ်ပါတယ်။

(၄) အွန်လိုင်းပေါ်မှာ အချိန်တော်တော်များများ စကားပြောဖြစ်မယ်

Couple

Photo : Talkspace

ဒါကတော့ သိသာပါတယ်။ ကောင်မလေးတွေက သူတို့သဘောမကျရင် အရမ်းကို ချေမိုးတက်ကြသူတွေပါ။ သဘောကျတဲ့ သူဆိုရင်တော့ စကားတွေ ပုံမှန်ပြောမယ် ၊ အားရင်အားသလို အချိန်ပေးတက်ကြပါတယ်။ ကွီးတို့နဲ့ အွန်လိုင်းပေါ်မှာ အဆက်အသွယ်ရှိတယ် ၊ နေ့ရောညပါ အားရင်အားသလို အချိန်တော်တော်များများကို ကွီးတို့နဲ့ပဲ စကားတွေ ဖောင်ဖွဲ့ရင်း ဖြတ်သန်းဖြစ်တယ်ဆိုရင်တော့ ကွီးတို့ဘက်က နောက်တဆင့် တက်လှမ်းဖို့ စတင်သင့်ပါပြီ။

ကွီးတို့ရော ရှော်တီလေး တွေရဲ့အထာကို ကောင်းကောင်း သိနေပြီလား ???

Source : MomJunction

Featured Photo : True Love Dates