ကွီးတို့ ရှော်တီ လေးက ကွီးတို့နဲ့ ချစ်တင်းနှော ဖို့ ငြင်းဆန် နေတာမျိုးကို မကြာခဏ ဆိုသလို ကြုံတွေ့နေရပါသလား။ ဘာ့ကြောင့် ဒီလိုမျိုး ကြုံတွေ့နေရသလဲဆိုတာကို ကွီးတို့လည်း ဝေခွဲမရဖြစ်နေတာလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဖတ်ရှုကြည့်လိုက်ပါ။ အကြောင်းအရင်းတွေကို ရှာဖွေတွေ့ ရှိသွားပါလိမ့်မယ်။

သူ(မ) လိုချင်တာပုံစံမျိုးကို ကွီးတို့က မပေးစွမ်းနိုင်လို့ (သို့) သူ(မ)အတွက် ငြီးငွေ့သွားလို့

tips for couple

လူတွေက အမျိုးမျိုး ပြောင်းလဲတတ်ကြပါတယ်။ တစ်ချိန်က သူ(မ) အင်မတန်မှ လိုလားတောင့်တခဲ့တဲ့အရာမျိုးကို အခုအချိန်မှာ သူ(မ) မလိုလားတော့တာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ ဆိုကြပါစို့။ သူ(မ)က အရင်တုန်းက နူးနူးညံ့ညံ့ ညင်ညင်သာသာလေးနဲ့ ချစ်တင်းနှောတာမျိုးကို လိုချင်ပေမယ့် အခုအချိန်မှာတော့ ခပ်ကြမ်းကြမ်းလေးကိုမှ ကြိုက်နှစ်သက်နေတာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒါ့ကြောင့် သူ(မ)က ဘယ်လိုမျိုးကို လိုလားတောင့်တနေသလဲဆိုတာကို စူးစမ်းကြည့်ဖို့ လိုအပ်ပါတယ်။

သူ(မ)က ပင်ပန်းနွမ်းနယ်နေလို့

tips for couple

ကွီးတို့လိုပဲ​ ကွီးတို့ရဲ့ ရှော်တီလေးကလည်း ပင်ပန်းနွမ်းနယ် တတ်ပါသေးတယ်။ သူ(မ)က ရုံးမှာ တစ်နေကုန် အလုပ် လုပ်နေရတာလား။ တစ်နေကုန် ကလေးထိန်းနေရလို့ ပင်ပန်းနေတာလား။ ဒါမှမဟုတ် နာမကျန်းဖြစ်နေတဲ့ မိသားစုဝင် တစ်ယောက်ယောက်ကို ပြုစုနေရတာလား။ စိတ်ဖိစီးမှု များနေတာလား။ ဒီအချက်များကြောင့်လည်း ကွီးတို့ ရှော်တီ လေးက ချစ်တင်းနှော ဖို့ကို ငြင်းဆန် နေတတ်ပါတယ်။

သူ(မ)ကို နောက်ဆုံးအကြိမ် ပြုစုယုယတာက ဘယ်အချိန်တုန်းကလဲ

tips for couple

ချစ်တင်းမနှောခင်မှာ သူ(မ)ကို အနမ်းပေးတာမျိုး၊ ကြင်ကြင်နာနာနဲ့ ပွတ်သပ်ပေးတာမျိုးကို နောက်ဆုံးအဖြစ် ဘယ်တုန်းက ပြုလုပ်ပေးခဲ့တာလဲ။ အခုနောက်ပိုင်း ချစ်တင်းနှောမယ့်အချိန်မှာရော ပြုလုပ်ပေးနေရဲ့လား။ အဲ့လို မလုပ်ပေးဘဲ တစ်ခါတည်း ချစ်တင်းနှောမယ်ဆိုရင်တော့ ကွီးတို့ ရှော်တီလေးက ကြည်ဖြူတော့မှာ မဟုတ်ပါဘူး။

ဟန်ဆောင်ရတာ ပင်ပန်းလာလို့

ရှော်တီ ချစ်တင်းနှော ငြင်းဆန်

ကွီးတို့ ပြီးမြောက်သွားပေမယ့် သူ(မ) မပြီးမြောက်သေးတာကို ကွီးတို့ သိသွားမှာစိုးလို့ ဟန်ဆောင်ပြရတာမျိုးကို သူ(မ)က စိတ်ကုန်လာတဲ့အခါမျိုးကျရင်လည်း သူ(မ)သည် ချစ်တင်းနှောဖို့ ငြင်းဆန်လာပါလိမ့်မယ်။ ဒါ့ကြောင့် ချစ်တင်းနှောနေတဲ့အခါ သူ(မ)က ဟန်ဆောင်နေတာလား။ တကယ့် ခံစားချက် အစစ်အမှန်လား ဆိုတာကို ဆုံးဖြတ်တတ်ဖို့ လိုအပ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ ဟော်မုန်းများ ပြောင်းလဲနေလို့

ရှော်တီ ချစ်တင်းနှော ငြင်းဆန်

အမျိုးသမီးတွေက ရာသီလာခါနီးတိုင်းနဲ့ လာနေစဥ်မှာ စိတ်အပြောင်းအလဲ အတက် အကျမြန်ပါတယ်။ ဒါသည် သူ(မ)ရဲ့ ဟော်မုန်း အပြောင်းအလဲ​ကြောင့်ပဲဖြစ်ပါတယ်။ သွေးဆုံးကိုင်တဲ့အခါမှာလည်း ဟော်မုန်းတွေက အပြောင်းအလဲ မြန်နေတတ်ပါတယ်။ ထိုအချိန်မျိုးမှာ ကွီးတို့က စိတ်ပိုင်းဆိုင်ရာ အားပေးထောက်ပံ့မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

သူ(မ) မှီဝဲ သောက်သုံးနေရတဲ့ ဆေးဝါးများကြောင့်

ရှော်တီ ချစ်တင်းနှော ငြင်းဆန်

သူ(မ) သောက်သုံးနေရတဲ့ ဆေးဝါးတွေနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ အချို့ဆေးတွေက သောက်သုံးပြီးတာနဲ့ အင်မတန်မှကို ပင်ပန်းနွမ်းနယ်စေပါတယ်။ တချို့ဆေးတွေကျတော့လည်း အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတာကြောင့် အဆင်မပြေပါဘူး။ ဒါ့ကြောင့် သူ(မ) ဘယ်လို ဆေးဝါးများကို သောက်သုံးနေရသလဲဆိုတာကို လေ့လာထားဖို့ လိုအပ်ပါတယ်။

အခြားတစ်ယောက်ဆီကနေ ရရှိနေလို့

ရှော်တီ ချစ်တင်းနှော ငြင်းဆန်

နောက်ဆုံး အကြောင်းအရင်းကြောင့် ဆိုရင်တော့ စိတ်မကောင်းပါဘူး ဘော်ဒါတို့ရေ။ ဒီအကြောင်းအရင်းကြောင့် ဆိုရင်တော့ ကွီးတို့ ဇာတ်လမ်းကို အမြန်ဆုံး အဆုံးသတ်သင့်ပါပြီ။ ကိုယ့်အပေါ်မှာ သစ္စာမရှိတဲ့ သူတစ်ယောက်အတွက် ဘာစွမ်းအင်မှ အကုန်ခံမနေပါ နဲ့တော့ဗျို့။

ကဲ… ကွီးတို့ စုံတွဲရော ဘယ်လိုအကြောင်းအချက်မျိုးကြောင့် ချစ်တင်းမနှော ဖြစ်ကြတာလဲ။

Source: Lovepanky

Featured Image: Ananiasfoundation.org