ကွီးတို့ရဲ့ ရှော်တီ လေးက တစ်ခုခုဆိုရင် ပွစိပွစိနဲ့ အရမ်း ပွား နေလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ သူတို့ ဘာ့ကြောင့် စကားအရမ်းများရသလဲ၊ ကွီးတို့ကရော ကိုယ့် ရှော်တီ လေးက အရမ်း ပွား တဲ့အခါ ဘယ်လိုမျိုး ရင်ဆိုင် ဖြေရှင်းရမလဲဆိုတာကို သိသွားပါလိမ့်မယ်။

ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ စကီလေးပြောတာတွေကို ဘာ့ကြောင့် သေချာနားထောင်သင့်သလဲ

couple

ကွီးတို့ရဲ့ စကီလေးက လိုအပ်တာထက်ပိုပြီး စကား များချင်များနေပါလိမ့်မယ်။ တစ်ခါတစ်ရံမှာ ကွီးတို့ ရှော်တီ လေးက ကွီးတို့ နားမထောင်ချင်လောက်တဲ့အထိ အရမ်း ပွား နေပါလိမ့်မယ်။ ဒါပေမဲ့လည်း နားထောင်ပေးလိုက်ပါ။ သူတို့ ပြောတဲ့အထဲကနေ တစ်ခါတစ်လေမှာ သဲလွန်စလေးတွေ ပါတတ်ပါတယ်။ ကွီးတို့က ထိုသဲလွန်စတွေကို သေချာ ကောက်တတ်ပြီး သူတို့ရဲ့ အဓိကဆိုလိုရင်းကို နားထောင်တတ်ဖို့လိုပါလိမ့်မယ်။

ရှော်တီ လေးတွေက ဘာ့ကြောင့် အရမ်း ပွား နိုင်ရသလဲ

couple

ဒါကတော့ ယောကျာ်းနဲ့ မိန်းမကြားက ခြားနားချက်တစ်ခုလို့ ပြောရမှာပါပဲ။ တချို့ စကားများတဲ့ ယောကျာ်းလေးတွလည်း ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒါက တစ်ရာမှာ တစ်ယောက်လောက်ပါပဲ။ ဒါပေမဲ့ မိန်းကလေးတွေကတော့ အကုန်လုံးနီးပါး ပွစိ ပွစိ ပြောတတ်ကြပါတယ်။ ဖြစ်နိုင်ခြေရှိတာကတော့ သူတို့ရဲ့ အမေဆီကနေ လက်ဆင့်ကမ်းလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကွီးတို့ရဲ့ လုပ်ကိုင်နေပုံက သူ့စိတ်ထဲ မတွေ့လို့ ပွစိ ပွစိနဲ့ ပွားနေတာလည်း ဖြစ်နိုင်ပါတယ်။

သူတို့တွေ ဘာ့ကြောင့် အဲ့ဒီလောက်တောင် ပွားနိုင်ရသလဲ။

သူတို့ရဲ့ ဦးနှောက်က ဖန်ရှင်တွေ အများကြီး လုပ်ဆောင်နိုင်ပါတယ်

ရှော်တီ ပွား

ကျနော်တို့ အမျိုးသားထုကြီးရဲ့ ဦးနှောက်ကတော့ တစ်စုံတစ်ခုကို အာရုံစိုက်လိုက်ရင် ထိုတစ်ခုထဲမှာပဲ နစ်မြောသွားပြီး ကိုယ့် ဘေးပတ်ဝန်းကျင်မှာ ဘာဖြစ်နေသလဲဆိုတာကိုတောင် မေ့သွားတတ်တဲ့အထိပါပဲ။ အမျိုးသမီးတွေကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ သူတို့ရဲ့ ဦးနှောက်က ဖန်ရှင်တွေ အများကြီးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်အောင် သဘာဝ တရားကြီးက ဖန်ဆင်းပေးထားတာဖြစ်ပါတယ်။ ဥပမာ သူတို့က ထမင်း၊ ဟင်း ချက်နေရင်းနဲ့ အိမ်သန့်ရှင်းရေးတွေ အားလုံး ပြီးသွားအောင် လုပ်ဆောင်နိုင်ပါတယ်။

သူတို့တွေက သူတို့ရဲ့ ခံစားချက်ကို ဖော်ပြတတ်ကြတယ်

ရှော်တီ ပွား

ဟုတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် သူတို့ရဲ့ စိတ်ခံစားချက်ကို ဖော်ပြတတ်ကြပါတယ်။ အမျိုသား အများစုကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ သူတို့က သူတို့ရဲ့ ခံစားချက်ကို သိမ်းဆည်းထားတတ်ကြပါတယ်။ ဒီလိုမျိုး သိမ်းဆည်းထားတတ်ကြလို့လည်း တစ်ခါတစ်လေမှာ သမီးရည်းစားဆက်ဆံရေးအကြား၊ လင်နဲ့ မယား ဆက်ဆံရေးအကြားမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာတတ်တာဖြစ်ပါတယ်။

သူတို့က အစ်အောက်ပြီး သူတို့ သိချင်တာတွေ မရ ရအောင် မေးတတ်ကြတယ်

ရှော်တီ ပွား

ကွီးတို့ စိတ်ထဲမှာ ဘာဖြစ်နေသလဲဆိုတာကို သူတို့က မသိရတဲ့အခါ သူတို့က ကွီးတို့ မပြောချင်တာကို မပြော ပြောအောင် စကားလုံးလှလှလေးတွေ သုံးပြီး မေးမြန်းတတ်ကြပါတယ်။ သူတို့ လက်မခံနိုင်တာကလည်း အမျိုးသားထုကြီးက ဖိအားပေးလေ ပိုစိတ်ညစ်လာလေဆိုတာကို မေ့လျော့နေတတ်ကြပါတယ်။

ဒီလိုမျိုး အပေးအယူမမျှတဲ့အခါမှာ နောက်ဆုံးမှာ ကိုယ့်လမ်းကိုယ်လျှောက်ကြတာမျိုးတွေ ဖြစ်လာပါတော့တယ်။

ကွီးတို့ကရော ရှော်တီလေးက အရမ်းပွားလို့ ဘူလာတဲ့အခါ ဘယ်လိုလုပ်ဆောင်နိုင်မလဲ

ရှော်တီ ပွား

ကွီးတို့က သူတို့ နားလည်လက်ခံအောင် ရှင်းပြတတ်ဖို့ လိုအပ်ပါလိမ့်မယ်။ မလိုအပ်ဘဲနဲ့ ပွစိပွစိ မလုပ်ဖို့၊ ကိုယ့်ရဲ့ အမူအကျင့်ကို လက်ခံပေးဖို့ နောက်ဆုံး တစ်ယောက်တည်း နေချင်တယ်ဆိုရင်တောင် ဒီအတိုင်း လွှတ်ထားပေးဖို့ နားလည်အောင် ပြောပြပါတယ်။ ကွီးတို့ဘက်ကလည်း သူ(မ)ဘက်က စိတ်လုံခြုံမှု ရှိစေဖို့အတွက် လုပ်ဆောင်တတ်ဖို့လည်း လိုပါတယ်။ ဥပမာ – တစ်ယောက်တည်း အေးဆေးနေပြီးလို့ ခေါင်းထဲ ရှင်းသွားပြီဆိုရင် ဖြစ်ကြောင်းကုန်စင် ရှင်းပြမယ် ဖြစ်ကြောင်း အကျိုးသင့် အကြောင်းသင့် ပြောပြပေးလိုက်ပါ။

ကဲ… ကွီးတို့ရော ကိုယ့်ရဲ့ ပွားလွန်းတဲ့ ရှော်တီနဲ့ ဘယ်လိုအပေးအယူမျှအောင် လုပ်ဆောင်နေပါသလဲ။

Source: Lovepanky

Featured Image: Thesun.co.uk