ကွီးတို့ရေ ကိုယ့် ရှော်တီ လေးရဲ့ အသည်းစိုင် ကို အပိုင်ချုပ်ထားချင်တယ်ဆိုရင် ဘာတွေ ရှောင်ရမလဲ၊ ဆောင်ရမလဲဆိုတာ သိရဲ့လား။ အထူးသဖြင့် ဖဲမွေ့ရာထက်မှာ နှစ်ယောက်သား ချစ်ကြည်နူး တစ်တီတူးတဲ့အခါ သိထားရမယ့် ဆောင်ရန် ရှောင်ရန်လေးတွေရှိပါတယ်။ ဒီအချက်တွေကို သိထားမှသာလျှင် ကွီးတို့ ရှော်တီ လေးရဲ့ အသည်းစိုင် ကို အပိုင်ချုပ်ကိုင်ထားနိုင်မှာပဲ ဖြစ်ပါတယ်။
သူ(မ)ကို ဂရုမစိုက်ဘဲ တစ်ယောက်တည်း တစ်ကိုယ်ကောင်းဆန်ခြင်းကို ရှောင်ကြဥ်ပါ
ကိုယ့်ဆန္ဒ ပြီးမြောက်ရင် ပြီးရော တစ်ဖက်က ဘာပဲဖြစ်နေ ဖြစ်နေ ဂရုမစိုက်ဘူးဆိုရင်တော့ ကွီးတို့ရဲ့ရှော်တီလေးက နောက်တစ်ကြိမ် ကွီးတို့နဲ့အတူတူ ချစ်ကြည်နူး တစ်တီတူးဖို့ဆိုတာကို သေချာပြန်စဥ်းစားနေပါလိမ့်မယ်။ ကိုယ့်တစ်ယောက်တည်းရဲ့ ဆန္ဒထက် ကိုယ့်ရှော်တီလေးရဲ့ ဆန္ဒကိုလည်း ထည့်သွင်းစဥ်းစားဖို့ လိုအပ်ပါတယ်။ သူ(မ) မနာကျင်အောင်၊ နှစ်ဦးသားစလုံး ခံစားချက်ကောင်းပြီး ကြည်နူးဖွယ်ရာအချိန်လေး ပိုင်ဆိုင်နိုင်အောင် ဖန်တီးယူသင့်ပါတယ်။
အကာအကွယ် အသုံးပြုပါ
ဦးထုပ်ဆောင်းခြင်းသည် ကွီး တို့ ရှော်တီ လေးနဲ့ အချိန် ကြာ ကြာ နှစ်ပါးသွား ကနိုင်အောင် ကူညီပေးမယ့် ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ အကာအကွယ် ကွန်ဒုံးက အတားအဆီးတစ်ခုအဖြစ် ကာကွယ်ပေးထားတာကြောင့် ခံစားမှု အာရုံကို အနည်းငယ် နှေးကွေးသွားစေတာကြောင့် အချိန်ကြာကြာ စွမ်းဆောင်နိုင်အောင် ကူညီပေးပါတယ်။
အချိန်ကြာကြာ ကခုန်နိုင်အောင် ကြိုးစားပါ
သူက တစ်ချီတောင် မစသေးဘူး၊ ကိုယ့်ဘက်က ကိစ္စ ပြီးမြောက်သွားပြီဆိုရင်တော့ ကွီးတို့ရဲ့ ရှော်တီလေးလည်း စိတ်ကျေနပ်မှု အပြည့်အဝရရှိမှာမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက် ဆန္ဒပြီးမြောက်ဖို့အတွက် အချိန်တစ်ခုကြာအောင် ကခုန်ဖို့ လိုအပ်ပါတယ်။ နို့မဟုတ်ရင် ၁ မိနစ်တည်းနဲ့ ကိစ္စပြီးသွားတဲ့ ဘီးကျဲကြီးလို့ အထင်ခံရပါလိမ့်မယ်။ ဒီလိုမဖြစ်ဖို့ဆိုရင် အကောင်းဆုံး နည်းလမ်းကောင်းတစ်ခုကတော့ အာရုံလွှဲခြင်းပဲဖြစ်ပါတယ်။ ပြီးမြောက်တော့မယ်လို့ ကြုံလာတဲ့အခါမှာ အခြားတစ်ခုသို့ အာရုံလွှဲလိုက်ပါ။ ဥပမာ – ပြီးခဲ့တဲ့အပတ်က ကြည့်ခဲ့တဲ့ ရုပ်ရှင်အကြောင်းကို စဥ်းစားကြည့်လိုက်ပါ။ ညစာကို ဘာဟင်းနဲ့ စားမလဲ ဆိုတာကို စဥ်းစားကြည့်လိုက်ပါ။ တခြားတစ်ခုသို့ အာရုံလွှဲလိုက်တဲ့အတွက်ကြောင့် မြန်မြန်ဆန်ဆန် ပြီးမြောက်တော့မှာမဟုတ်ဘဲ ကွီးတို့ရဲ့ ရှော်တီလေးလည်း ပျော်ရွှင်ရမှာပဲဖြစ်ပါတယ်။
Pelvic Floor လေ့ကျင့်ခန်းများ ပြုလုပ်ပါ
ကွီး ရဲ့ ရှော်တီ လေးနဲ့ အချိန် ကြာ ကြာ လုပ်ဆောင်ချင်တယ်ဆိုရင် သက်လုံကောင်းဖို့လည်း လိုအပ်ပါတယ်။ သက်လုံကောင်းအောင် လုပ်ဆောင်ပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်ပေးသင့်သလို ကွီးတို့ရဲ့ ဖွားဖက်တော်က စွမ်းဆောင်ရည် မြင့်ဖို့အတွက်ဆိုရင်တော့ Pelvic Floor လေ့ကျင့်ခန်းများကို များများ ပြုလုပ်သင့်ပါတယ်။
မြန်လွန်းရင် မကောင်းပါဘူး
မြန်မြန်ဆန်ဆန် လုပ်ဆောင်ခြင်းသည် အာရုံခံစားမှုကို ကောင်းမွန်စေနိုင်တာကြောင့် အထွတ်အထိပ်သို့ အချိန်တိုအတွင်း ရောက်ရှိသွားစေမှာဖြစ်ပြီး မြန်မြန်ဆန်ဆန် ပြီးမြောက်သွားစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မြန်ဆန်ဆန် လုပ်လိုက်တဲ့အတွက်ကြောင့် ရှော်တီလေးကတော့ ငြိုငြင်သွားမှာ အမှန်ပါပဲ။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ အလျင်မလိုဘဲ စိမ်ပြေနပြေနှင့် လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။
အနေအထားအမျိုးမျိုး ပြောင်းလဲပါ
ပုံစံတစ်မျိုးတည်းနဲ့ ထပ်တလဲလဲ ကခုန်ပျော်ပါးနေရင် ပျင်းဖို့ကောင်းပါတယ်။ ဒါ့ကြောင့် ပုံစံအမျိုးမျိုး၊ အနေအထားအမျိုးမျိုးနဲ့ မြူးတူးကခုန်တာက ပိုမိုရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒီလိုမျိုး အနေအထားအမျိုးမျိုး ပြောင်းလဲတဲ့အခါမှာ ခန္ဓာကိုယ်ကို အရှိန်လျော့ကျသွားစေပြီး ကိစ္စမြန်မြန်ပြီးမြောက်သွားခြင်းမှ ကာကွယ်ပေးပြီး အချိန်ကြာကြာ နှစ်ပါးသွားကနိုင်အောင် ကူညီပေးပါလိမ့်မယ်။
ကွီးတို့ရော ကိုယ့်ရှော်တီလေးကို ဘယ်လိုအချက်တွေနဲ့ အပိုင်ချုပ်ထားလေ့ရှိပါသလဲ။
Source: Menshealth
Featured Image: Freepik