တစ်ခါတစ်ရံမှာ ငြီးငွေ့ဖွယ်ရာ လိင်မှုဘဝဟာ ကွီးတို့ ဆက်ဆံရေးအတွက် အဟန့်အတားတစ်ခု ဖြစ်စေနိုင်ပါတယ်။ ဒါဆို ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ စိတ်ကျေနပ်ပျော်ရွှင်ရတဲ့ လိင်မှုဘဝတစ်ခု တည်ဆောက်နိုင်ဖို့ ဘယ်အရာတွေက အဓိကကျမယ်လို့ ထင်ပါသလဲ ? ဒီတစ်ခေါက်မှာတော့ ကွီးနဲ့ ကွီးတို့ ပါတနာနှစ်ဦးသား လက်တွဲညီညီ အချစ်ပင်လယ်ကြီးထဲမှာ ပျော်ပျော်ပါးပါး ရွက်လွင့်နိုင်စေဖို့ အကြံပြုချက်လေးတွေကို ပြောပြပါမယ်။

(၁) ရင်းနှီးမှု တည်ဆောက်ပါ

Couple On Bed
Photo : MedicalNewsToday

လိင်မှုကိစ္စမှာ အတွဲညီညီနဲ့ စိတ်ကျေနပ် ပျော်ရွှင်ချင်ရင် နှစ်ဦးသား စိတ်ပိုင်းဆိုင်ရာ / ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှုကို ကောင်းကောင်း တည်ဆောက်ထားဖို့ လိုပါတယ်။ ဆက်ဆံရေးတစ်ခုဟာ စိတ်ရောကိုယ်ပါ ရင်းနှီးကျွမ်းဝင်မှု ပိုရှိလာလေ နေ့စဉ်ဘဝ ဆက်ဆံရေးမှာ သာမက အိပ်ရာပေါ်က ချစ်တင်းနှော ချိန်တွေအထိ  အပေးအယူ မျှမျှ ပျော်ရွှင်ကြည်နူးစရာ အခိုက်အတန့်ကောင်းတွေကို ရရှိခံစားနိုင်လေလေ ဖြစ်ပါတယ်။

(၂) ဘာလိုချင်လဲ ပွင့်လင်းစွာ ပြောပါ

Couple on bed
Photo : Wedding Wire

ကွီးတို့ ဘာလိုချင်လဲ ? ကွီးတို့ ပါတနာက ဘာလိုအပ်လဲ ? ဆိုတာကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် သိနားလည်ထားဖို့ လိုပါတယ်။ နှစ်ဦးသား ပွင့်လင်းမှုမရှိဘူး ၊ လိုအင်တွေအကြောင်း ၊ စိတ်ဝင်စားမှုတွေအကြောင်းကို ပြောပြခြင်း မရှိဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ ဝေးကွာမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး ကွီးတို့ရဲ့ စိတ်ဝင်စားမှု ၊ စိတ်အားထက်သန်မှုတွေကို ပွင့်လင်းစွာ ပြောပြပါ။ တစ်ယောက်က ဘာလိုချင်လဲဆိုတာကို တစ်ယောက်က သိနားလည်ထားရင် လက်တွဲညီညီ အချစ်လှေကြီးကို ပျော်ပျော်ကြီး လှော်ခတ်နိုင်ပါလိမ့်မယ်။

(၃) များများ ချစ်တင်းနှောပါ

Couple on bed

Photo : BBC

တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှတပြီး စိတ်ကျေနပ် ပျော်ရွှင်ရတဲ့ လိင်မှုဘဝတစ်ခု တည်ဆောက်နိုင်ဖို့ဆို လိင်ကိစ္စကို များများလုပ်ဆောင်တာက အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ အစပိုင်းမှာ အဆင်မပြေမှုတွေ ၊ အပေးအယူ မညီမျှတာတွေ ရှိကောင်းရှိနေ နိုင်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူ့အကြိုက် ကိုယ့်အကြိုက်တွေကို အချင်းချင်းပွင့်လင်းစွာ ပြောဆိုပြီး မတူညီတဲ့ အသစ်သစ်သော အရာတွေကို စမ်းကြည့်ခြင်းဖြင့် တစ်ယောက်ကိုတစ်ယောက် ပိုမိုသိရှိနားလည်ကာ စိတ်ကျေနပ်စရာကောင်းတဲ့ လိင်မှုဘဝတစ်ခုကို ပိုင်ဆိုင်လာနိုင် ပါလိမ့်မယ်။

Source : Healthshots

Photo : Growing Self