ကွီးတို့အနေနဲ့ ကိုယ့်ကောင်မလေးနဲ့ နှစ်ယောက်တစ်ဘဝစဖို့ ရယ်ဒီဖြစ်ပြီဆိုရင်တော့ လက်ထပ်ခွင့် တောင်းခြင်းသည် မဖြစ်မနေပြုလုပ်သင့်တဲ့အဆင့်တစ်ခုဖြစ်ပြီး အတိမ်းအစောင်း အမှား လုံးဝ မခံတဲ့အဆင့်တစ်ခု ဖြစ်ပါတယ်။

သင့်ကောင်မလေးသည်လည်း ဘဝမှာ တစ်ခါသာ လက်ထပ်ခွင့် တောင်းခံရမှာဖြစ်ပြီး သင်သည်လည်း တစ်ခါတည်းနဲ့ “Yes” ဆိုတဲ့ အဖြေကို ကြားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အမှား များ မပြုလုပ်မိဖို့ လိုပါတယ်။

သူ(မ)က လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယူဆခြင်း

လက်ထပ်ခွင့် အမှား

Photo: Her Way

သင့်ကောင်မလေးက သင့်ကို ချစ်နေရုံတစ်ခုတည်းနဲ့ သင့်ကို လက်ထပ်ဖို့ အဆင်သင့်ဖြစ်ပြီလို့ မယူဆလိုက်ပါနဲ့။ သင့်ဘက်ကနေ သူ(မ)ရဲ့ ဆန္ဒ သဘောထားကို နည်းနည်းပါးပါး တီးမိခေါက်မိရှိဖို့တော့ လိုအပ်ပါတယ်။ စပရိုက်တိုက်ချင်ဇောနဲ့ သူ(မ)ကို ဘာအရိပ်အမြွက်မျှ မပေးဘဲ သင် တစ်ယောက်တည်း ကြိတ်စီစဉ်ကာ သူ(မ)ဘက်က အဆင်သင့်မဖြစ်သေးဘူးဆိုရင် သင် ဂွမ်းသွားပါလိမ့်မယ်။

ဒါ့ကြောင့် လက်ထပ်ခွင့်မတောင်းခင်မှာ သူတို့နှစ်ယောက် လက်ထပ်ပြီးတဲ့အခါ ဘယ်လိုအိမ်မျိုးမှာ နေချင်သလဲ။ ဘယ်လိုပုံစံမျိုး Pre-Wedding ရိုက်ချင်သလဲ စသည်ဖြင့် မေးခွန်းများ မေးကြည့်လိုက်ပါ။ သူ(မ)ဘက်က စိတ်ဝင်တစားနဲ့ ဖြေကြားတယ်ဆိုရင်တော့ သင့်အတွက် အခြေအနေကောင်းလာပါပြီ။ ဒီလိုမှမဟုတ်ဘဲ နှစ်ယောက်တစ်ဘဝ ထူထောင်ဖို့ ပြောလိုက်တိုင်းမှာ သူ(မ)ဘက်က စကားလမ်းကြောင်းတွေ လွှဲနေမယ်ဆိုရင်တော့ လက်ထပ်ခွင့် တောင်းသင့်တဲ့ အချိန်မဟုတ်သေးတာကြောင့် ထို အမှား မျိုးကို ရှောင်ကြဉ်နိုင်ဖို့ အချိန်ခဏ ယူလိုက်ပါ။

လက်ထပ်လက်စွပ်မပါဘဲ လက်ထပ်ခွင့်တောင်းခြင်း

လက်ထပ်ခွင့် အမှား

Photo: Unsplash

“Will You Marry Me?” ဆိုတဲ့ မေးခွန်းကို လက်ထပ်လက်စွပ်မပါဘဲ လက်ထပ်ခွင့်တောင်းတာကတော့ မဟုတ်သေးပါဘူး။ သူ(မ)က Yes လို့ ပြောတဲ့အခါ သင့်အနေနဲ့ လက်ထပ်ခွင့်တောင်းတဲ့ လက်စွပ်လေး စွပ်ပေးရမှာမဟုတ်လား။ သင့်အနေနဲ့ ဈေးကြီးလွန်းလှတဲ့လက်စွပ်မျိုး မတတ်နိုင်ဘူးဆိုရင်တောင်မှ တစ်မျိုးတစ်ဖုံ ကြံစည်ကာ လက်ထပ်ခွင့်တောင်းတဲ့ လက်စွပ်လေးပါ ပါအောင် ပြုလုပ်ပေးလိုက်ပါ။

ကောင်မလေးရဲ့ မိဘတွေဆီကနေ ခွင့်မတောင်းခြင်း

လက်ထပ်ခွင့် အမှား

Photo: Meaws

လက်ထပ်ခွင့်မတောင်းခင် ကောင်မလေးရဲ့ မိဘများထံမှ ခွင့်ပြုချက်ယူခြင်းသည် နည်းနည်းတော့ရှေးရိုးစွဲသောင်ရှိပါတယ်။ ဒါပေမဲ့ သင့်ကောင်မလေးရဲ့ မိဘများထံမှာ ခွင့်ပြုချက်တောင်းတာဆိုတော့ သူတို့ကို လေးစားသမှု ပြုရာရောက်ပါတယ်။

လက်ထပ်လက်စွပ်ကို အစားအသောက်များထဲတွင် ဖွက်ထားခြင်း

man propose to his gf

ရုပ်ရှင်တွေထဲမှာတော့ လက်ထပ်လက်စွပ်ကို ကိတ်မုန့်တွေထဲ ဖွက်ထားပြီး မင်းသမီးက တွေ့၊ ဝမ်းသာကြည်နူးသွား စတဲ့ မြင်ကွင်းမျိုးက လက်တွေ့ဘဝမှာတော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ မတော်လို့ သင့် ကောင်မလေးက လက်စွပ်ကို မျိုချမိရင် သင် မျှော်လင့်ထားတဲ့ အဖြေမျိုးရလာမှာမဟုတ်ဘဲ ဆေးခန်းပြေးနေရပါလိမ့်မယ်။

အခြားတစ်ယောက်ရဲ့ အိုင်ဒီယာကို ပုံတူကူးကာ လက်ထပ်ခွင့်တောင်းခြင်း

man propose to his gf

Photo: Pinterest

သင့်ကောင်မလေးကို အများနဲ့မတူ တမူထူးခြားတဲ့ ခံစားချက်မျိုး ခံစားစေချင်တယ်ဆိုရင်တော့ သင့်ဘက်က ခေါင်းနည်းနည်းစားပေးဖို့လည်း လိုပါလိမ့်မယ်။ အွန်လိုင်းပေါ်မှာ လက်ထပ်ခွင့်တောင်းတဲ့ အိုင်ဒီယာလေးတွေက အများအပြားရှိပါတယ်။ ထိုအထဲကမှ ကိုယ့်အတွက်အဆင်ပြေမယ့်အရာများကို မှီငြမ်းနိုင်ပါတယ်။ ချွတ်စွတ်ပုံတူကူးလိုက်တာထက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ စတိုင်လ်အနည်းငယ် ပြောငးလဲခြင်းက ပိုမိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတယ်မဟုတ်လား။

Source: Bollywoodshaadis

Featured Image: The Mirror