အမျိုးသားအများစုကတော့ လက်နက်ကြီးကြီး ရှိခြင်းကို စွဲလန်းနှစ်သက် ကြပါတယ်။ ဖွားဘက်တော် အရွယ်အစား ပိုကြီးလေ အိပ်ရာထဲမှာ စွမ်းဆောင်ရည် ပိုကောင်းလေလို့ ထင်မြင်ကြလို့ပါ။ ဒါကြောင့်လည်း အမျိုးသား တော်တော်များများက ကိုယ်ပိုင်လက်နက်ကို ပိုကြီးအောင်လုပ်နိုင်မယ့် နည်းလမ်းတွေ အမြဲတစေ စူးစမ်းရှာဖွေ နေတက်ကြပါတယ်။ ဒီနေရာမှာ သတိမထားမိတဲ့ အချက်တစ်ခုက လက်နက်ကြီးတိုင်း ကောင်းရဲ့လား ဆိုတာပါပဲ။ တကယ်တော့ လက်နက်ကြီးကြီး ပိုင်ဆိုင်ထားကြသူတွေဟာ အားသာချက်ရှိတယ်လို့ များသောအားဖြင့် ထင်ရပေမယ့် လူသိနည်းတဲ့ အားနည်းချက်တွေလည်း ရှိနေပြန်ပါတယ်။ ဒီတစ်ခေါက်တော့ လက်နက်ကြီး သူတွေသာ ကြုံရနိုင်တဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ ပြဿနာတွေနဲ့ အားနည်းချက်တွေအကြောင်း ဆွေးနွေးပြောပြပေးပါမယ်။

(၁) ဘောင်းဘီဝတ်တဲ့အခါ ဗျာများရတယ်

Penis size

Photo : Apex Clinic

လက်နက်ကြီး သူတွေရဲ့ အဓိကပြဿနာကတော့ ဘောင်းဘီဝတ်တဲ့အခါမှာ ဖုဖောင်းပြီး ကြည့်ရဆိုးစေတာပါပဲ။ အဓိကအားဖြင့် Jeans အကျပ်တွေ ၊ Fit ဖြစ်တဲ့ ဘောင်းဘီတွေ ၊ အားကစားဘောင်းဘီနဲ့ ရေကူးဘောင်းဘီလို အသားကပ်တွေ ဝတ်တဲ့အခါ တော်တော်လေး အမြင်ရိုင်းစေတာပါ။ ဒါကြောင့် လက်နက်ကြီးတဲ့ အမျိုးသားတွေဟာ ဘောင်းဘီတွေဝတ်တဲ့အခါမှာ သက်တောင့်သက်သာနဲ့ လူမြင်ကောင်းဖို့အတွက် အရွယ်အစား ပိုကြီးတဲ့ ခပ်ပွပွဘောင်းဘီတွေကို ရွေးချယ်ဝတ်ဆင်ရတာ ဖြစ်ပါတယ်။

(၂) ဖုံးရဖိရ ခက်စေတယ်

 penis itchy

Photo : The US Sun

အမျိုးသားတိုင်း တစ်ခါတစ်ရံမှာ ထင်မှတ်မထားတဲ့အချိန် အထူးသဖြင့် လူကြားသူကြားထဲ သူ့အလိုလို လိင်တံထောင်မတ်မှုဖြစ်တဲ့ အခိုက်အတန့်မျိုး ကြုံရတက်ပါတယ်။ ဒီလိုအခြေအနေဟာ လက်နက်ကြီး သူတွေအတွက်တော့ အိပ်မက်ဆိုးကြီး တစ်ခုပါပဲ။ လက်နက်အရွယ်အစား ကြီးမားလွန်းတာနဲ့အညီ ထောင်မတ်လာချိန်မှာ သာမန်အရွယ်အစား ရှိသူတွေထက် ဖုံးရဖိရပိုခက်စေတာကြောင့် လူကြားထဲ မြင်မကောင်းတဲ့ အခြေအနေမျိုး ဖြစ်တက်ပါတယ်။ ဒါဟာလည်း လက်နက်ကြီးသူတွေကြုံရတဲ့ အဓိကပြဿနာတစ်ခု ဖြစ်ပါတယ်။

(၃) ပါတနာရဲ့ နာကျင်မှုကို တွေးပူရတယ်

Couple

Photo : SheKnows

လက်နက်ကြီးကြီး ပိုင်ဆိုင်ထားသူတွေအနေနဲ့ အတူနေစဉ်မှာ ဆက်ဆံဖော်ပါတနာရဲ့ နာကျင်မှုကို ထည့်တွေးပြီး စိုးရိမ်ကြောင့်ကြ ဖြစ်ရပါတယ်။ အရွယ်အစားကြီးလွန်းတာကို အမျိုးသမီး ရာခိုင်နှုန်းတော်တော်များများက မကြိုက်ကြပါဘူး။ အဓိကအားဖြင့် ဆက်ဆံချိန်မှာ ပြင်းထန်တဲ့ နာကျင်မှုဝေဒနာကို ခံစားရလို့ပါ။ နောက်ပြီး လက်နက်အရွယ်အစား ကြီးလွန်းတဲ့အတွက် ပါတနာရဲ့နာကျင်မှုကို ထည့်တွေးပေးရပြီး စိတ်လိုက်မာန်ပါ ဆက်ဆံဖို့ မဖြစ်နိုင်တဲ့အတွက်ကြောင့် သင်ရော သင့်ပါတနာပါ နှစ်ဦးလုံး စိတ်ဆန္ဒ အပြည့်အဝမရတာမျိုးလည်း ကြုံရတက်ပါတယ်။

(၄) အပေါ့သွားတဲ့အခါ တစ်ကိုယ်ရေ သန့်ရှင်းမှုပိုင်းမှာ ပြဿနာရှိနိုင်တယ်

man sit on toilet in rest room

Photo : The Telegraph

လက်နက်ကြီး ခြင်းရဲ့ နောက်ထပ် ပြဿနာတစ်ခုက တစ်ကိုယ်ရေ သန့်ရှင်းရေးပိုင်းပါ။ အထူးသဖြင့် ကျွန်တော်တို့ အများသုံး သန့်စင်ခန်းတွေ အသုံးပြုတဲ့အခါမှာ လက်နက်အရွယ်အစား ကြီးထွားရှည်လျားလွန်းတဲ့အတွက် လိင်တံထိပ်ဖျားက အိမ်သာရေနဲ့ မတော်တဆ ထိတွေ့မိတာမျိုး ဖြစ်တက်ပါတယ်။ ဒါဟာ တော်တော်လေး ရွံမုန်းစရာကောင်းပြီး အဆင်မပြေဖြစ်စေသလို တစ်ကိုယ်ရေ သန့်ရှင်းရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

(၅) ကြီးလွန်းလို့ စိုးရိမ်ရနိုင်တယ်

Photo : The US Sun

အမျိုးသားတော်တော်များများက လက်နက်သေးလို့ စိတ်ညစ်ရတယ်ပဲ ထင်တာပါ။ တကယ်တော့ လက်နက်ကြီး သူတွေမှာလည်း တွေးပူရတဲ့ အပိုင်းတွေ ရှိပါတယ်။ အထူးသဖြင့် ဆန့်ကျင်ဘက်ပါတနာနဲ့ အတူနေချိန်တွေမှာပါ။ တကယ်တော့ အမျိုးသမီးတွေဟာ အရမ်းကြီးလွန်းတဲ့ လက်နက်အရွယ်အစားကို မနှစ်သက်ကြပါဘူး။ လိင်တံအရွယ်အစား ကြီးလွန်းနေရင် အတူနေဖို့ငြင်းဆိုမှာကို စိုးရိမ်ပူပင်ကြရတဲ့အတွက် လက်နက်ကြီးလွန်းတာကလည်း စိတ်ပူရတဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။

ဒါတွေကတော့ လက်နက်ကြီး သူတွေကြုံရတက်တဲ့ ယေဘုယျ ပြဿနာနဲ့အားနည်းချက်တွေပါပဲ။ ကွီးတို့ရော လက်နက်ကြီးတိုင်းလည်း မကောင်းဘူးဆိုတာ လက်ခံပါသလား???

Featured Photo : Men’s Health