ကျွန်တော်တို့ ယောကျာ်းလေး တော်တော်များများ ကိုယ့်ရဲ့ ကိုယ်ပိုင် လက်နက် အရွယ်အစားနဲ့ ပတ်သတ်ပြီး အားမလိုအားမရ ဖြစ်ကြတာများပါတယ်။ လက်နက်ကြီးမှ ဆန့်ကျင်ဘက် ပါတနာအတွက် သာယာမှုကောင်းကောင်း ပေးနိုင်မယ် ထင်ထားကြတာပါ။ တကယ်တော့ ဒါဟာ အပြည့်အဝ မမှန်ပါဘူး။ လက်နက်ကြီးပြီး ၃ စက္ကန့်ကောင် ဖြစ်နေရင်လည်း အလကားပါပဲ။ တကယ်တော့ ကိုယ့်ရဲ့ ရှိရင်းစွဲ လက်နက်နဲ့ပဲ အချိန်ကြာကြာ စွမ်းဆောင်ရည်ကောင်းပြနိုင်ဖို့က အရေးကြီးတာပါ။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ အိပ်ရာထက်မှာ အချိန်ကြာကြာ စွမ်းဆောင်ရည်ကောင်းပြနိုင်ဖို့ ကွီးတို့အတွက် နည်းလမ်းကောင်း အချို့ကို မျှဝေပေးသွားချင်ပါတယ်။
(၁) Position အနေအထား ချိန်ဆပါ
Photo : BabyYumYum
ချစ်တင်းနှောတဲ့ Position အနေအထား ပေါ်မူတည်ပြီး အထိအတွေ့ အာရုံခံစားမှုဟာ ကွဲပြားသလို ပြီးမြောက်မှု (သုတ်လွှတ်ခြင်း) ကြာချိန်ကိုလည်း ဆွဲဆန့်နိုင်ပါတယ်။ ဒါကြောင့် မတူညီတဲ့ ပုံစံအနေအထား အမျိုးမျိုးကို စမ်းသပ်လုပ်ဆောင် ကြည့်ပါ။ ဘယ်အရာက ကွီးတို့အတွက် သက်တောင့်သက်သာ အရှိဆုံးလဲ ၊ စွမ်းဆောင်ရည်ပြည့်ပြည့်နဲ့ အချိန်ကြာကြာ ခရီးဆက်နိုင်မလဲဆိုတာကို ရှာဖွေဖို့ အကြံပေးချင်ပါတယ်။ ဒါက သင်ရော သင့်ပါတနာအတွက်ပါ ပျော်ရွှင်ကြည်နူးမှုကို မြှင့်တင်ပေးနိုင်ပါတယ်။
(၂) ရပ် – သွား နည်းလမ်းကို သုံးပါ
Photo : Verywell Mind
ဒီနည်းလမ်းကို Edging လို့ ခေါ်ပါတယ်။ လိင်စိတ်ဆန္ဒ အထွဋ်အထိပ်ရောက်အောင် နှိုးဆွပြီးနောက် ပြီးမြောက်ချင်စိတ် (သုတ်လွှတ်ချင်စိတ်) ဖြစ်လာချိန်မှာ အာရုံခံစားမှုတွေအားလုံး သက်သာပြေလျော့သွားတဲ့အထိ လှုပ်ရှားမှုအားလုံးကို ရပ်တန့်ပြီး ကိစ္စပြီးမသွားအောင် အချိန်ကြာကြာ ဆွဲဆန့်တဲ့ Technique ပါ။ အလွယ်ကူဆုံးပြောရရင် နှိုးဆွမယ် ၊ ပြီးမြောက်ချင်လာတဲ့အခါ ခဏရပ်တန့်မယ် ၊ ပြီးနောက် ပြန်သွားမယ် ဒါပါပဲ။ ဒီနည်းလမ်းကို ချစ်တင်းနှော ချိန်မှာ အသုံးပြုခြင်းဖြင့် အချိန်ကြာကြာ စွမ်းဆောင်နိုင်မှာ ဖြစ်သလို တစ်ကိုယ်ရည် အာသာဖြေချိန်မှာလည်း တစ်ကိုယ်တော် လေ့ကျင့်လို့ ရပါတယ်။
(၃) ကြိုတင်နှိုးဆွမှု အဆင့်အတွက် အချိန်ပေးပါ
Photo : Boston Moms
ချစ်တင်းနှောတဲ့အခါ ထိုးသွင်းဆက်ဆံမှုမပြုမီ Foreplay လို့ခေါ်တဲ့ အကြိုနှိုးဆွမှု အဆင့်ဟာ သိပ်ကို အရေးပါပါတယ်။ Foreplay အဆင့်ကို အချိန်ပေးပြီး သေချာလုပ်ဆောင်တာဟာ နှစ်ဦးသားရဲ့ စိတ်ဆန္ဒနှိုးကြား တက်ကြွမှုကို တဖြည်းဖြည်းချင်း အရှိန်မြှင့်တင်လာနိုင်မှာဖြစ်သလို အလားတူ ပါတနာနဲ့အတူ တစ်ပြိုင်နက် အထွတ်အထိပ် ခံစားချက်ကို ရရှိခံစားနိုင်ခြေ တိုးမြင့်စေမှာပါ ဖြစ်ပါတယ်။ ထိုးသွင်းဆက်ဆံမှု မပြုခင်မှာ တစ်ဦးနဲ့တစ်ဦး ထိတွေ့ပွတ်သပ်နမ်းရှိုက်ကာ ယုယကြင်နာတာဟာ နှစ်ဦးလုံးရဲ့ ရင်းနှီးပျော်ရွှင်တဲ့ စိတ်ခံစားချက်ကို တိုးမြင့်စေမှာ ဖြစ်သလို အိပ်ရာထက်မှာ အချိန်ကြာကြာနဲ့ အကောင်းမွန်ဆုံး စွမ်းဆောင်ရည်ကို ပြည့်ပြည့်ဝဝ ပြသနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
(၄) ကွန်ဒုံး အသုံးပြုပါ
Photo : WOW Magazine Nepal
ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးဖို့နဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေကို ကာကွယ်နိုင်ဖို့ ချစ်တင်းနှောတိုင်းမှာ ကွန်ဒုံးတွေကို အသုံးပြုရပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ တကယ်တော့ ကွန်ဒုံးတွေဟာ ချစ်တင်းနှောတဲ့အခါ သုတ်လွှတ်ချိန်ကိုပင် နှောင့်နှေးကြန့်ကြာစေပြီး အချိန်ကြာကြာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်စေဖို့လည်း ကူညီပေးပါတယ်။
Source : Healthshots
Featured Photo : VistaCreate