ယနေ့ခေတ်မှာ လက်ပ်တော့ တစ်လုံးက အလုပ်လုပ်နေရတဲ့သူအဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ လက်ပ်တော့ တစ်လုံး ရှိပေမယ့်လည်း စမတ် ကျကျ မသုံးတတ်ဘူးဆိုရင်တော့ အခြေအနေ မဟန်သေးပါဘူး။ လက်ပ်တော့ တစ်လုံးကို စမတ် ကျကျ အသုံးပြုတတ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို အသုံးပြုတတ်ဖို့ လိုအပ်ပါလိမ့်မယ်။​

ကွီးတို့ မလိုအပ်တာတွေကို ဖျက်ပစ်ရဲ့လား

delete

ဓာတ်ပုံတွေ သိမ်းဆည်းထားတာမျိုး၊ ဆော့ဖ်ဝဲအဟောင်းများ၊ အသုံးမပြုတော့တဲ့ အက်ပ်လီကေးရှင်းများကိုလည်း ဖျက်ပစ်လိုက်ပါ။ ဒါ့အပြင် အရင်က သိမ်းဆည်းထားတဲ့ ဖိုင်အဟောင်းများကိုလည်း သေချာ စီစစ်ပြီး မလိုအပ်တော့ရင် ဖျက်ပစ်လိုက်ပါ။ ဒါမှ ကွီးတို့ လက်ပ်တော့မှာ Storage ကျယ်ကျယ် ဝင်ဆန့်မှာ ဖြစ်ပါတယ်။

Web Browser ကို စနစ်တကျ ရွေးချယ်ကာ အသုံးပြုပါ

လက်ပ်တော့ စမတ်

ကွီးတို့ Web Browser ကို ရွေးချယ်တဲ့အခါမှာလည်း စိတ်ချရတဲ့ Web Browser ကို သေချာ ရွေးချယ်ဖို့ လိုအပ်ပါတယ်။ Google Chrome ကို အသုံးပြုမယ်ဆိုရင်လည်း ကိုယ်ပိုင် အကောင့်ကို သေချာ ဖန်တီးပြီး သီးသန့် အသုံးပြုတာ အကောင်းဆုံးပါပဲ။ တကယ်လို့ စိတ်မချရတဲ့ Browser များရှိတယ်ဆိုရင်တော့ Accept Cookies မလုပ်မိဖို့ လိုအပ်ပါတယ်။ အသုံးပြုပြီးတဲ့ History တွေကိုလည်း ဖျက်ပစ်ဖို့ လိုအပ်ပါတယ်။

ကိုယ့်ရဲ့ Inbox ကိုလည်း သေချာ စီစဥ်ပါ

လက်ပ်တော့ စမတ်

ကွီးတို့ Inbox ထဲမှာလည်း အဝင် အီးမေးလ်တွေလည်း အများကြီး ရှိနေမှာပါ။ ထိုအီးမေးလ်များကိုလည်း သေချာစီစစ်ပြီး Inbox ထဲက မလိုအပ်တဲ့ အီးမေးလ်များကိုလည်း ဖျက်ပစ်ရပါမယ်။ ဒါမှသာလျှင် လက်ပ်တော့ တစ်လုံးကို စမတ် ကျကျ အသုံးချတတ်တယ်လို့ သတ်မှတ်လို့ရမှာပါ။

Back Up လုပ်ဖို့လည်း မမေ့ပါနဲ့

လက်ပ်တော့ စမတ်

တစ်ခါတစ်လေမှာ မှားဖျက်မိတဲ့ ဖိုင်တွေ အရေးကြီး ဒေတာတွေကို ပြန်လည် ရယူချင်တယ်ဆိုရင်တော့ Back Up လုပ်ထားတာ အကောင်းဆုံးပါပဲ။ ဖိုင်ဆိုဒ်အကြီးကြီးတွေကို မတော်တဆ ဖျက်မိတယ်ဆိုရင် Back Up ပြန်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် Cloud ထဲမှာ သိမ်းထားတာပဲဖြစ်ဖြစ် Hard Drive ထဲမှာ သိမ်းထားတာပဲဖြစ်ဖြစ် နှစ်နေရာလောက် သိမ်းထားတာ အကောင်းဆုံးပါပဲ။

ကွီးတို့ရော လက်ပ်တော့ တစ်လုံးကို စမတ် ကျကျ အသုံးပြုတတ်ကြရဲ့လား။

Source: 9clouds.com

Featured Image: Pcinternational.co.za