ဖုန်းနဲ့ ဂိမ်းဆော့ရတာ ကြိုက်နှစ်သက်ပါသလား၊ ဒါမှမဟုတ် စခရင်မ်ကြီးတဲ့ ကွန်ပျူတာတွေ၊ လက်ပ်တော့တွေနဲ့ ဂိမ်းဆော့ရတာ ပိုကြိုက်ပါသလား။ စခရင်မ် အကြီး၊ အသေးပေါ် မူတည်ပြီး ဂိမ်းဆော့ရတဲ့ ဖီလင်သည်လည်း ကွာသွားမှာပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ အမိုက်စား အတွေ့အကြုံမျိုးကို လိုချင်တယ်၊ အကောင်းစားဖီလင်မျိုးကို ခံစားချင်တယ်ဆိုရင်တော့ အခုဖော်ပြသွားမယ့် လက်ပ်တော့များနဲ့ ဂိမ်းကစားနိုင်ပါတယ်။ ဒီ လက်ပ်တော့ တွေနဲ့ ဂိမ်းကစားလို့ကတော့ နတ်သမီး တစ်ဖက် ၅၀၀ က ဘယ်လောက်ပဲ ဆွဲဆောင်နေပါစေ၊ စိတ်ဝင်စားအားမှာတောင် မဟုတ်ပါဘူး။

Lenovo Legion 5i Gen 7

Lenovo Legion 5i Gen 7

Source: PCMag

ဒီလက်ပ်တော့ကတော့ သူ့ရဲ့ တောင့်တင်းသန်မာတဲ့ ဘော်ဒီကိုယ်ထည်ကြောင့် လူကြိုက်များရခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၇၀၀ ကျော်ကနေ ၂၀၀၀ ကျော် ဝန်းကျင်ကြား ရှိပါတယ်။ သူ့ရဲ့ ဝယ်သင့်တဲ့ အကြောင်းအရင်း (၃) ချက်ရှိပါတယ်။ ထိုအကြောင်းပြချက်များကတော့ ဂိမ်းဆော့တဲ့အခါ အကောင်းဆုံး အတွေ့အကြုံနှင့် ဖီလင်တစ်ခုကို ပေးစွမ်းခြင်း၊ ကောင်းမွန်တဲ့ ချိတ်ဆက်မှုအား ပါရှိခြင်းနှင့် ဘက္ထရီသက်တမ်း ကြာရှည်ခံခြင်းတို့ပဲ ဖြစ်ပါတယ်။

MSI Cyborg 15

လက်ပ်တော့ နတ်သမီး

Source: Tom’s Guide

နောက်ထပ် အမျိုးအစားတစ်ခုကတော့ MSI Cyborg 15 ပဲဖြစ်ပါတယ်။ စျေးနှုန်းကတော့ ဒေါ်လာ ၉၉၉ ကနေ အစပြုထားပြီး ၁၂၀၀ နှင့် ၁၃၀၀ ဝန်းကျင်အထိ ရှိပါတယ်။ ရုပ်ထွက်ကလည်း 1080p အထိ ပါပြီး ဘက်ဂျက် ဂိမ်းကွန်ပျူတာမျိုး လိုချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားလေးကို ဦးစားပေးသင့်ပါတယ်။

Acer Nitro 5

လက်ပ်တော့ နတ်သမီး

Source: PC World

ဒီ လက်ပ်တော့ ကတော့ ၁၇ လက်မ အရွယ်အစားရှိပြီး သူနဲ့ ဂိမ်းဆော့မယ်ဆိုရင် နတ်သမီး တွေလည်း မလိုတော့ပါဘူး။ လက်ပ်တော့ တစ်မျိုးတည်းနဲ့ဆို လုံလောက်ပါပြီ။ သူလည်းပဲ ဘက်ဂျက်သမားတွေအတွက် ထည့်စဥ်းစားသင့်တဲ့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၀၀ ကျော်ကနေ ၁၅၀၀ ဝန်းကျင်ကြား ပေးဝယ်ရမှာ ဖြစ်ပါတယ်။

Lenovo Legion 5i Gen 7

လက်ပ်တော့ နတ်သမီး

Source: PCMag

ဒီလက်ပ်တော့သည်လည်း Midrange လက်ပ်တော့တွဗထဲမှာ အမိုက်စား လက်ပ်တော့တစ်လုံးပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၁၀၀ ကျော်ကနေ ၁၇၀၀ ကျော်ကြား ကုန်ကျမှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းကတော့ အမိုက်စားပဲဆိုတော့ ဂိမ်းသမားတွေရဲ့ အသည်းကို ဆုပ်ကိုင်ထားတဲ့ လက်ပ်တော့ အမျိုးအစားတစ်ခုဆိုလည်း မမှားပါဘူး။

Razer Blade 18

လက်ပ်တော့ နတ်သမီး

Source: PCMag

သူ့ရဲ့ Display ကတော့ ၁၈ လက်မရှိတာဆိုတော့ မျက်နှာပြင်အကျယ်ကြီးနဲ့ ဂိမ်းကစားချင်သူများအတွက် ဦးစားပေး ရွေးချယ်သင့်တဲ့ ဂိမ်းလက်ပ်တော့တစ်လုံး ဖြစ်ပါတယ်။ လက်ပ်တော့ထဲက တန်ဆာပလာတွေသည်လည်း နောက်ဆုံးပေါ်ကိုသာ အသုံးပြုထားပါ။ ဒီဇိုင်းကို ပါးပါးလျလျလေး ထုတ်ထားတယ်ဆိုပေမယ့် အနည်းငယ်တော့ လေးပါတယ်။ ဒါပေမဲ့လည်း ဂိမ်းဆော့ရင် လက်ပ်တော့ကြီး ကိုင်ပြီး ဆော့တာမဟုတ်ဘူးဆိုတော့ စိုးရိမ်စရာ မရှိပါဘူး။ Razer Blade 18 ရဲ့ ဈေးနှုန်းကတော့ ၂၈၉၉ ဝန်းကျင် ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ဂိမ်း လက်ပ်တော့ထဲမှာဆို ဘယ်လက်ပ်တော့ကို ဟတ်အထိဆုံးလဲ။

Featured: Freepik