နွေလယ်ခေါင် ရာသီဥတု ပူပူမှာ တစ်နေကုန် အလုပ်လုပ်ရလို့ ဦးနှောက်ပူရုံသာမကဘဲ ကွီးတို့ လက်ပ်တော့ကပါ ပူလာနေပြီလား။ ကွီးတို့ လက်ပ်တော့ က သုံးနေရင်းနဲ့ အပူ တက်လာလို့ ဘယ်လိုမှ အလုပ် လုပ်မရလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ပစ္စည်းများကို အသုံးပြုသင့်ပါတယ်။

ဒီပစ္စည်းများကတော့ နွေရာသီမှာ မရှိမဖြစ်လိုအပ်တဲ့ လက်ပ်တော့ အပူ ကို လျော့ချပေးမယ့် Cooling Pad တွေပဲဖြစ်ပါတယ်။ တစ်နေကုန် လက်ပ်တော့နဲ့ အလုပ်လုပ်နေရသူများအဖို့ မရှိမဖြစ်လိုအပ်တဲ့အရာကတော့ Cooling Pad ပဲဖြစ်ပါတယ်။

ပန်ကာ (၂) လုံးပါတဲ့ Cooling Pad ၊ ပန်ကာ (၃) လုံး (သို့) (၄) လုံး ပါတဲ့ Cooling Pad ဆိုပြီး အမျိုးမျိုး အစားစား ရှိပါတယ်။ ကွီးတို့ ကြိုက်နှစ်သက်ရာ၊ ကိုယ့် လက်ပ်တော့နဲ့ သင့်တော်မယ့် အမျိုးအစားကို ရွေးချယ်နိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်ပါ။

(၁) Kootek Cooler Pad Chill Mat 5

Kootek Cooler Pad Chill Mat 5

ဒီအမျိုးအစားလေးကတော့ အကောင်းဆုံး Cooling Pad အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ပန်ကာကတော့ အလယ်မှာ ပန်ကာ အကြီး တစ်လုံး၊ ဘေးပတ်ပတ်လည်မှာ ပန်ကာ အသေး လေးလုံး ခြံရံထားတာပဲ ဖြစ်ပါတယ်။ ဒီ Cooling Pad က ၁၂ လက်မကနေ ၁၇ လက်မ အရွယ်အစားရှိတဲ့ လက်ပ်တော့တွေအတွက် သင့်တော်ပါတယ်။

(၂) Tree New Bee Cooling Pad

Tree New Bee Cooling Pad

ဈေးသက်သာတဲ့ အမျိုးအစားထဲက လိုချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားလေးကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။ သူ့မှာကတော့ ပန်ကာ (၄) လုံး ပါဝင်ပြီး ဒီဇိုင်းကတော့ အလန်းဇယားပါပဲ။​ ၁၇ လက်မ အရွယ်အစားရှိတဲ့ လက်ပ်တော့များအတွက် အသုံးပြုရတာ သင့်တော်ပါတယ်။

(၃) Cooler Master NotePal U3 Plus

လက်ပ်တော့ အပူ

ပရီမီယမ် ဒီဇိုင်းလေးကို လိုချင်တယ်ဆိုရင်တော့ Cooler Master NotePal U3 Plus အမျိုးအစားကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။ ၂၃၀ မီလီမီတာ ရှိတဲ့ ပန်ကာ အကြီးကြိး တစ်လုံး ပါဝင်ပြီး ဆူညံသံလည်း မကျယ်လောင်တဲ့အတွက်ကြောင့် ကွီးတို့အတွက် အသုံးတည့်မယ့် အမျိုးအစားပဲဖြစ်ပါတယ်။​

(၄) Thermaltake Massive 20 RGB

လက်ပ်တော့ အပူ

ဒီမော်ဒယ် အမျိုးအစားကို ဝယ်ယူသင့်တဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့ ဒီဇိုင်းကြောင့်ဖြစ်ပြီး အသံတိတ်တဲ့ ပန်ကာကြောင့်ပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ RGB အလင်းရောင်လည်း ထည့်သွင်းထားတာဆိုတော့ ဒီဇိုင်းအလန်းစားကိုမှ ကြိုက်တဲ့ ကွီးတို့အတွက် ရွေးချယ်သင့်တဲ့ အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။

(၅) Targus Chill Mat

လက်ပ်တော့ အပူ

ဒီအမျိုးအစားမှာ USB အပေါက် (၄) ပေါက်တာင် ပါဝင်ပြီး ကွီးတို့ လက်ပ်တော့ကို အပူချိန် လျော့ချပေးဖို့အတွက် အကောင်းစား ပန်ကာတွေကိုလည်း အသုံးပြုထားပါသေးတယ်။ ဒါတင်မကသေးပါဘူး။ အမြင့်ကိုလည်း အဆင့် (၄) ဆင့် ချိန်ညှိလို့ ရပါသေးတယ်။

ကွီးတို့ရော ကိုယ့် လက်ပ်တော့အတွက် ဘယ်အမျိုးအစားကို ဝယ်ယူမယ်လို့ စိတ်ကူးထားပါသလဲ။

Source: Techradar

Featured Image: Forbes