ခန္ဓာကိုယ်မှာ လက်ဖျံ နေရာဟာ တက်တူးရေးထိုးမှုအများဆုံး နေရာတွေထဲက တစ်ခုလို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ဖျံနေရာက ထင်သာမြင်သာရှိတဲ့အတွက် ကိုယ့်ရဲ့ တက်တူးကို ပိုမိုပေါ်လွင်မှုရှိစေတာကြောင့် အဓိပ္ပါယ်ရှိတဲ့ တက်တူးပုံ ကောင်းကောင်းတစ်ပုံ ရေးထိုးလို့အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ ကွီးတို့ အနေနဲ့ လက်ဖျံ မှာ တက်တူး ထိုးဖို့ စဉ်းစားနေတယ်ဆိုရင်တော့ အခုပြောပြမယ့် အမိုက်စား တက်တူးဒီဇိုင်းတွေကို နမူနာယူလို့ ရပါတယ်။

(၁) လက်ဖျံ အပြည့်တက်တူး ဒီဇိုင်း

Photo : The Trend Spotter

လက်ဖျံ အပြည့်တက်တူး ဒီဇိုင်းတွေက ယောကျာ်းပီသပြီး ရဲရင့်တဲ့ အသွင်ကို ဖော်ဆောင်ပေးနိုင်တဲ့ အမိုက်စား Body Art တွေ ဖြစ်ပါတယ်။ လက်ဖျံအပြည့် တက်တူးထိုးမယ်ဆိုရင် မတူညီတဲ့ တက်တူးစတိုင်များစွာကို ပေါင်းစပ်ပြီး ရေးထိုးတာက ကွီးတို့ကို ပိုပြီးအထာကျစေမှာပါ။ အရောင်တွေ ၊ ရှိတ်တွေ ၊ ပန်းပွင့်နဲ့ သားရဲ တိရစ္ဆာန်ပုံတွေကို ပေါင်းစပ်ပြီး ရေးထိုးနိုင်ပါတယ်။ ရှုပ်ထွေးပြီး အနုစိတ်တဲ့ တက်တူးဒီဇိုင်းတွေ ကြိုက်တယ်ဆိုရင်တော့ လူမျိုးစုတက်တူး လို့ခေါ်တဲ့ Tribal Tattoo ဒီဇိုင်းတွေ ရေးထိုးနိုင်ပါတယ်။

(၂) လက်ဖျံအတွင်း တက်တူးဒီဇိုင်း

Photo : The Trend Spotter

လက်ဖျံ အတွင်းဘက်နေရာမှာလည်း တော်တော်များများ တက်တူးရေးထိုးလေ့ ရှိပါတယ်။ အများစုကတော့ အရွယ်အစား ခပ်သေးသေးနဲ့ လူငယ်ဆန်တဲ့ဘက်ကို သွားတဲ့ မော်ဒန်တက်တူးဒီဇိုင်းတွေကို ရွေးချယ်ထိုးလေ့ရှိပါတယ်။ လက်ဖျံ အတွင်းဘက်မှာရှိတဲ့ အရေပြားက နုနယ်တဲ့အတွက် နာကျင်မှုအနည်းငယ် ခံစားရနိုင်ပြီး လက်ဖျံပတ်လည် ဒီဇိုင်းမျိုးထိုးမယ်ဆိုရင်တော့ တံတောင်ဆစ်နေရာနဲ့ နီးကပ်လာလေ နာကျင်မှု ပိုများလေ ဖြစ်ပါတယ်။

(၃) လက်ဖျံအပြင်ဘက် တက်တူးဒီဇိုင်း

Photo : The Trend Spotter

လက်ဖျံအပြင်ဘက် နေရာကတော့ တက်တူးစထိုးမယ့်သူတွေ ရွေးသင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဘာလို့ဆို တက်တူးထိုးတဲ့အခါ နာကျင်မှုအနည်းဆုံး နေရာတစ်ခု ဖြစ်လို့ပါပဲ။ လက်ဖျံအပြင်ဘက် အရေပြားက တက်တူးကို မြင်သာမှုရှိစေတဲ့ နေရာတစ်ခုဖြစ်တာကြောင့် ဆွဲဆောင်မှုရှိတဲ့ မြွေပုံ ၊ နဂါးပုံ တက်တူးတွေ ရေးထိုးလို့ အကောင်းဆုံး ဖြစ်ပါတယ်။

(၄) စာတန်းတက်တူး ဒီဇိုင်း

Photo : The Trend Spotter

ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ တက်တူဒီဇိုင်းများ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ လက်ကောက်ဝတ်အပေါ်ဘက် လက်ဖျံနေရာမှာ စာတန်းပုံတက်တူး ဒီဇိုင်းတွေ ရေးထိုးလို့ ရပါတယ်။ စာတန်းတက်တူးတွေက ယောကျာ်းလေးရော မိန်းကလေးတွေပါ ရေးထိုးနိုင်ပြီး ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

(၅) တောင်ပံတက်တူး ဒီဇိုင်း


Photo : The Trend Spotter

လက်ဖျံမှာ ရေးထိုးလို့ အလိုက်ဖက်ဆုံး တက်တူးဒီဇိုင်းတစ်ခုကတော့ တောင်ပံ တက်တူးဒီဇိုင်း ဖြစ်ပါတယ်။ တောင်ပံတက်တူး ဒီဇိုင်းတွေက လွတ်လပ်တဲ့ စိတ်ဝိညာဉ်ကို ကိုယ်စားပြုပြီး လက်ဖျံနေရာက ငှက်မွှေးနဲ့ အတောင်ပံ ပုံဒီဇိုင်းတွေကို အနုစိတ်ပုံဖော်ရေးထိုးလို့ ကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

Featured Photo : Pinterest