နာရီ မိနစ် စက္ကန့်များသည် တရွေ့ရွေ့နဲ့ တိုက်စားလာလိုက်တာ အခုဆိုရင် ၂၀၂၄ ခုနှစ်ရဲ့ သြဂုတ်လကိုတောင် ရောက်ရှိလာခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ နဲ့ ယခု လက်ရှိ အချိန် တွေမှာ ပြောင်းလဲ သွားတာတွေကလည်း တစ်ခု နှစ်ခု မကတော့ပါဘူး။ နည်းပညာပိုင်းပဲ ကြည့်မလား။ နည်းပညာပိုင်းပဲ ကြည့်မလား။ လူသားတွေရဲ့ အသုံးအဆောင် ပစ္စည်းပိုင်းတွေပဲ ကြည့်မလား။ ပြောင်းလဲသွားတာတွေက အများကြီးပါပဲ။

လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ လက်ရှိ အချိန် မှာ ဘာတွေက ဘယ်လောက်တောင် ပြောင်းလဲ သွားသလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆောင်းပါးလေးကို အဆုံးအထိ ဆက်လေ့လာကြည့်လိုက်ရအောင်။

စမတ်ဖုန်း ဒီဇိုင်းတွေ

စမတ်ဖုန်း ဒီဇိုင်းတွေ

လွန်ခဲ့တဲ့ ၁၀ နှစ်က စမတ်ဖုန်း ဒီဇိုင်းတွေကို ကြည့်ကြည့်လိုက်ပါ။ ယခုလက်ရှိ ခေတ်စားနေတဲ့ ဒီဇိုင်းတွေနဲ့ လားလားကို မသက်ဆိုင်တာပါ။ ဒီဇိုင်းပိုင်း ထုတ်လုပ်မှုတွေကလည်း ခေတ်နဲ့အညီ ပြောင်းလဲနေရတာဆိုတော့ တစ်နှစ်နဲ့ တစ်နှစ်ကလည်း ဒီဇိုင်းကာလာအနေအထားက မတူညီတော့ပါဘူး။ လူသားတွေရဲ့ အကြိုက်နောက်ကို လိုက်ပြီး ပြောင်းလဲ တီထွင် ထုတ်လုပ်ထားတာရဖြစ်တဲ့အတွက်ကြောင့် စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းကလည်း တစ်စထက် တစ်စ ပြောင်းလဲသွားတာပဲ ဖြစ်ပါတယ်။

ကင်မရာ ပိုင်းရော ဘာတွေ ပြောင်းလဲ သွားသလဲ

လက်ရှိ အချိန် ပြောင်းလဲ

ကင်မရာ ပိုင်းမှာဆိုရင် အရင်တုန်းက ဘာဆိုဘာမှကို မဟုတ်သေးပါဘူး။ အခုနောက်ပိုင်း တီထွင်ထားတဲ့ ဖုန်းတွေမှာဆိုရင် အဝေးက အရာဝတ္ထုများကို အနီးကပ် Zoom ချဲ့ပြီး ရိုက်နိုင်နေပါပြီ။ ဒါ့အပြင် Resolution ပိုင်းမှာ ဆိုရင်လည်း ယခင်နှစ်တွေက ဖုန်းနဲ့ ယခုနှစ်မှာ ထွက်ရှိလာတဲ့ ဖုန်းတွေနဲ့ လားလားမျှကို မသက်ဆိုင်တော့ပါဘူး။ ကင်မရာပိုင်းတွေက တဖြည်းဖြည်းကို ကောင်းမွန်လာတာပဲဖြစ်ပါတယ်။​

အိမ်ပိုင်း ပြင်ဆင်မှု

လက်ရှိ အချိန် ပြောင်းလဲ

ကွီးတို့ရဲ့ အိမ်တွင်း အသုံးအဆောင်ပစ္စည်းများကို တစေ့တစောင်း လေ့လာကြည့်လိုက်ပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ပစ္စည်းများနဲ့ အလားသဏ္ဍာန် တူပါသေးသလား။

မတူတော့ဘူးဆိုတာ ရဲရဲကြီး အာမခံရဲပါတယ်။ ကွီးတို့ရဲ့ အိမ်တွင်း အသုံးအဆောင်ပစ္စည်းတွေသည် တဖြည်းဖြည်း ခေတ်မီလာတာဖြစ်ပြီး ခေတ်ကြီးရဲ့ ပြောင်းလဲမှုနောက်ကို လိုက်နေရတာပဲ ဖြစ်ပါတယ်။

စမတ် တီဗွီကြီးများ အစားထိုး ဝင်ရောက်လာ

လက်ရှိ အချိန် ပြောင်းလဲ

အရင်တုန်းကဆိုရင် ထုထည်ကြီးမားလှတဲ့ တီဗွီအကြီးကြီးတွေကသာ ဧည့်ခန်းတွေမှာ နေရာယူထားကြတာပါ။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ ထုထည်ကြီးမားလှတဲ့ တီဗွီအကြီးကြီးတွေအစား စမတ်တီဗွီ ပြားချပ်ချပ်များကသာ နေရာယူလာကြပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကွီးတို့ရဲ့ အိမ်တွင်း အသုံးအဆောင်ပစ္စည်းများကလည်း ပိုမိုအဆင့်မြင့်လာတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော လွန်ခဲ့တဲ့ ၁၀ နှစ် ဝန်းကျင်နဲ့ ယခု လက်ရှိ အချိန် တွေမှာ ဘယ်အရာတွေက ပြောင်းလဲ သွားတယ်လို့ ထင်ပါသလဲ။​

Source: Medium

Featured Image: Toppandigital.com