ဘောက်ဆင် လက်ဝှေ့ သမိုင်းမှာ အကြီးကျယ်ဆုံးအဖြစ် သတ်မှတ်ထားတဲ့ ဖိုက်တာကြီးတွေ အများကြီး ရှိပါတယ်။ အနည်းဆုံးတော့ မိုဟာမက် အလီ နဲ့ မိုက်ခ်တိုင်ဆင်တို့ကို လက်ညှိုးထိုးပြလို့ ရပါတယ်။ ဒါပေမယ့်လည်း ဒီလက်ဝှေ့ကျော်တွေဟာ သူတို့ လက်ဝှေ့ သမားသက်တမ်းတလျှောက်မှာ တစ်ပွဲမဟုတ် တစ်ပွဲတော့ ရှုံးကြစမြဲပါပဲ။ ဒီထဲမှာ ဖလွိုက် မေဝဲလ် သာတော့ မပါပါဘူး။

floyd mayweather

Photo : Forbes

၁၉၉၆ ခုနှစ်ကနေ ၂၀၁၅ အတွင်း ထိုးသတ်ခဲ့ပြီး ပရော်ဖက်ရှင်နယ် လက်ဝှေ့ဘောက်ဆင်လောကထဲကနေ အနားယူသွားတဲ့ ဖလွိုက် မေဝဲလ်သာဟာ ၄၉ ပွဲ ထိုးသတ်ခဲ့ရာမှာ ရှုံးပွဲတစ်ပွဲမှ မရှိခဲ့တဲ့ ရှုံးပွဲမရှိ မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ အခုတော့ မေဝဲလ်သာဟာ Boxing Promoter တစ်ဦးအဖြစ် အလုပ်လုပ်နေပါတယ်။ မေဝဲလ်သာရဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝ အောင်မြင်ရေးကို ပဲ့ကိုင်ပေးတဲ့ အတွေးအခေါ်တွေလည်း ရှိပါတယ်။ ဒီအတွေးအခေါ်တွေကို သူ့ရဲ့ ပြောစကားတွေကနေ နားထောင်ကြည့်ရအောင်ပါ။

Photo : Encyclopedia Britannica

(၁) “သက်သေပြတာက ပါးစပ်ကနေ ပြောနေတာထက် ပိုကောင်းတယ်”
(၂) “ဒါက အထိအခိုက် အနာတရရှိတဲ့ စီးပွားရေးပါ။ ဒါက လက်ဝှေ့ထိုးတတ်တာပါပဲ။ ကျွန်တော်တို့က ဒီလိုနဲ့ ပန်းတိုင်ကို ရောက်အောင် လှော်ခတ်ရအောင်”
(၃) “အားကစားသမားတွေထဲမှာလည်း အကွက်ဆင် လိမ်လည်တဲ့သူတွေ ရှိကြပါတယ်။ ကျွန်တော်ကတော့ သန့်သန့်ရှင်းရှင်းနဲ့ပဲ သွားပါတယ်။”
(၄) “ကျွန်တော်က ကြွားလုံးထုတ်ခွင့်ရဖို့ တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ ကျွန်တော့်ကိုယ် ကျွန်တော် သက်သေပြနေတာပါ”
(၅) “ကိုယ်ရည်ကိုယ်သွေး ရှိဖို့က အရေးကြီးတယ်။ ဒီအလုပ် (လက်ဝှေ့) က လူဆိုးဖြစ်အောင် လုပ်တာမဟုတ်ပါဘူး။ လူတွေကို ဖျော်ဖြေနေတာပါပဲ။”
(၆) “တချို့က ကျွန်တော် နိုင်တာ ကြည့်ရဖို့ ပိုက်ဆံပေးတယ်။ တချို့ကတော့ ကျွန်တော် ရှုံးတာ မြင်ရဖို့ ပိုက်ဆံပေးတယ်။ ဘာပဲ ဖြစ်ဖြစ် နှစ်ယောက်စလုံးက ကျုပ်ကို ပိုက်ဆံပေးနေတာပါပဲ”
(၇) “ဘယ်အားကစားသမားမှ ဖလွိုက်မေဝဲလ်သာလောက် အလုပ်မကြိုးစားဘူး”

Featured Photo : newyorker