တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုတဲ့ ခေါင်းစဥ်က အင်မတန်မှ နက်နဲ ကျယ်ပြောတဲ့ ခေါင်းစဥ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ လက်သည်း အရှည် ထားခြင်း မထားခြင်းနဲ့ ပတ်သက်တဲ့ ဒွိဟလေးတွေကို ဖော်ပြသွားမှာပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ကတော့ လက်သည်းအရှည်ထားခြင်းက လှပတယ်ဆိုပေမယ့် အမျိုးသားတွေ အတွက်ကရော တကယ်ပဲ လက်သည်းအရှည် ထားသင့်ရဲ့လား။

အမျိုးသားများနဲ့ လက်သည်း အရှည် ထားခြင်း အနုပညာ

man with long nails

လူတစ်ယောက်နဲ့ တစ်ယောက်ကတော့ အကြိုက် မတူကြပါဘူး။ တချို့ အမျိုးသားတွေကကျတော့ သူတို့ရဲ့ လက်သည်းတွေကို တိတိရိရိ ညှပ်ထားတာမျိုးကို သဘောကျကြပါတယ်။ တချို့ကျပြန်တော့လည်း သူတို့ရဲ့ လက်ချောင်း ၁၀ ချောင်းလောက်မှာ ၅ ချောင်းလောက် အရှည်ထားတာပဲဖြစ်ဖြစ်၊ လက်မ တစ်ချောင်းတည်း (သို့) လက်သန်း တစ်ချောင်းတည်းကို အရှည်ထားပြီး စတိုင်လ် ထုတ်လေ့ရှိကြပါတယ်။

ယောကျာ်းလေးမို့လို့ လက်သည်း အတို ထားမှ ရမယ်ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်တော့ မရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ အကြိုက်ပေါ် မူတည်ပြီး လက်သည်း အရှည်ထားမယ်ဆိုရင်တော့ ပိုပြီး ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။

ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်

လက်သည်း အရှည်

လက်သည်း ကျန်းမာရေးသည်လည်း ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး တစ်မျိုးပါပဲ။ ကွီးတို့ လက်သည်းက တိုတိုလေးပဲ ထားတယ်ဆိုရင် ဘက်တီးရီးယားများနဲ့ အညစ်အကြေးများ ကပ်ငြိနိုင်ချေ နည်းပြီးတော့ ပိုးဝင်နိုင်ခြေလည်း နည်းပါတယ်။

ဒါပေမဲ့ လက်သည်း အရှည်ထားရင်တော့ လက်သည်း ကြားထဲမှာ ဖုန်မှုန့်နှင့် အညစ်အကြေးများ၊ ဘက်တီးရီးယားများ ကပ်ငြိနိုင်ပြီး ရောဂါပိုးများ ဝင်ရောက်နိုင်ခြေလည်း မြင့်မားပါတယ်။ ဒါ့ကြောင့် ကွီးတို့က လက်သည်း အရှည်ထားမယ်ဆိုရင်တော့ အစား စားတဲ့အချိန်တွေမှာ ပိုပြီး သတိထားသင့်ပါတယ်။ ဒါ့အပြင် လက်သည်း အရှည်နဲ့ ကုတ်ဖဲ့ခြင်းမျိုးကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။ နို့မဟုတ်ရင် ပြင်ပနေ ရောဂါဘယများ ဝင်ရောက်လာမှာပဲ ဖြစ်ပါတယ်။ မကြာခဏဆိုသလို လက်သည်း ကိုက်တတ်တဲ့ အမျိုးသားများကတော့ လက်သည်းအရှည် (လုံးဝ) မထားသင့်ပါဘူး။

သတိထားရမယ့် အချက်

လက်သည်း အရှည်

လက်သည်း အရှည်မထားနဲ့ အတို ထားတာပဲ ကောင်းတယ်ဆိုပြီးတော့ လက်သည်းကို တိုတိနေအောင် ညှပ်ထားတာမျိုးလည်း မလုပ်ရပါဘူး။ လက်သည်းက အသားထဲ စိုက်ဝင်သွားရင်လည်း နေရတာ မသက်မသာ ဖြစ်နိုင်ပါတယ်။ ကွီးတို့ နေ့စဥ် လုပ်ဆောင်ရတဲ့ ကိစ္စတွေမှာလည်း လက်သည်းက ဘယ်လိုအခန်း ကဏ္ဍမှာ ပါဝင်သလဲဆိုတာကို စဥ်းစားပြီး အရှည် ထားသင့် မထားသင့်ကို ဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ကွီးတို့ရဲ့ လက်သည်းကို အရှည် ထားရတာ ကြိုက်သလား။ အတိုထားရတာ ကြိုက်သလား။

Source: Someofthisandthat.com

Featured Image: Realmenrealstyle