၂၀၀၉ ခုနှစ်က ပြုလုပ်ထားတဲ့ စစ်တမ်းကောက်ချက်အရ ၉၀ ရာခိုင်နှုန်းသော အမျိုးသားများသည် အသက် ၃၀ ပြည့်တာနဲ့ တစ်ကိုယ်ရည် အာသာဖြေလေ့ ရှိတယ်လို့ သိရှိရပါတယ်။ ဒီလိုမျိုး လက်သိုင်း ကျင့်တာနဲ့ ပတ်သက် လို့ တချို့တွေရဲ့ အယူအဆက အလွဲ ကြီးကို လွဲနေတာပါ။

လက်သိုင်း ကျင့်တာနဲ့ ပတ်သက်တဲ့ အယူအဆ အလွဲ တွေကို မဖျောက်ဖျက်ဘူးဆိုရင်တော့ ကွီးတို့သည် သူ့ကြောင့် ရရှိတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ခံစားနိုင်မှာ မဟုတ်ပါဘူး။

ဘယ်လို အလွဲတွေလဲဆိုတော့…

တစ်ကိုယ်ရည် အာသာဖြေခြင်းက ကျန်းမာရေးနဲ့ မညီညွှတ်ဘူး

man masturbate

အရွယ်ရောက်ပြီးသား အမျိုးသားများအတွက် တစ်ကိုယ်ရည် အာသာဖြေခြင်းသည် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့က ကိုယ့်ရဲ့ ညီလေးကို ကြမ်းကြမ်းတမ်းတမ်း မကိုင်တွယ် သရွေ့တော့ ဘေးကင်းပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ မညီညွှတ်ဘူးဆိုတဲ့ အတွေးကို ဖျောက်ပစ်လိုက်ပါ။

ဖျောက်ဖျက်မရအောင် စွဲလမ်းသွားစေနိုင်တယ်

လက်သိုင်း ပတ်သက် အလွဲ

တချို့လူတွေကတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းကို အရူးအမူး လုပ်ဆောင်ကြပါတယ်။ ဗီဒီယို ဆော့သလိုပေါ့။ တစ်ခါ ဆော့မိတာနဲ့ ဖျက်မရအောင် စွဲလမ်းသွားတာမျိုးပါ။ ဒါပေမဲ့ ဒါကတော့ စိတ်ကျန်းမာရေးနဲ့ သက်ဆိုင်သွားပါပြီ။ ကိုယ့်ရဲ့ လူမှုဘဝကို ထိခိုက်သည်အထိ စွဲစွဲလမ်းလမ်း ဖြစ်နေမယ်ဆိုရင်တော့ ကျွမ်းကျင် ဆရာဝန်များထံ ကုသဆွေးနွေးမှု ခံယူသင့်ပါတယ်။ အသိ သတိနဲ့ ထိန်းနေသရွေ့တော့ ကွီးတို့အတွက် ကျန်းမာရေး ကောင်းကျိုးတွေ ပေးစွမ်းနေမှာပဲ ဖြစ်ပါတယ်။

လက်သိုင်းကျင့်ပါက ရွှေပန်းညှိုးသွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်

လက်သိုင်း ပတ်သက် အလွဲ

ဒါကလည်း လက်သိုင်း ကျင့်ခြင်းနဲ့ ပတ်သက် တဲ့ လွဲမှားနေတဲ့ အယူဆ အလွဲ တစ်ခုပါပဲ။ ရွှေပန်းညှိုးသွားတဲ့အခါ အကောင်းဆုံး ကုသနည်းကတော့ ဆရာန်ထံ ပြသပြီး ကုသမှု ခံယူခြင်းပါပဲ။ လက်သိုင်းကျင့်ခြင်းနဲ့ ရွှေပန်းညှိုးသွားတာ ပျောက်တယ်ဆိုရင်တော့ ဆရာဝန်တွေက လိုအပ်ပါတော့မလား။ ဒါ့အပြင် ရွှေပန်းညှိုးရခြင်း အကြောင်းအရင်းကတော့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ထက် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကြောင့် ပိုအဖြစ်များပါတယ်။

ကွီးတို့ရော သိထားတဲ့ အယူအဆ အလွဲတွေကရော ဘာတွေ ဖြစ်မလဲ။

Source: Mensjournal.com

Featured Image: Businessinsider.com