လစာဝင်ငွေ က ကျွန်တော်တို့ အသက်မွေးဝမ်းကြောင်း လမ်းကြောင်းတစ်ခု ရွေးချယ်ရာမှာ တစ်ခုတည်းသော အရေးပါတဲ့အရာတစ်ခု မဟုတ်ပေမယ့်လည်း လစာ များများ ရတဲ့ အလုပ်အကိုင် တွေကို လူတိုင်းလိုချင်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတွေအတွက် လစာ အမြင့်ဆုံးရနိုင်တဲ့ အလုပ်အကိုင် တွေကို စုစည်းဖော်ပြပေးချင်ပါတယ်။

(၁) ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်

Photo : Keele University

ဆေးဖက်ဆိုင်ရာ နယ်ပယ်ဟာ အမျိုးသားတွေအတွက် လစာအမြင့်ဆုံး ရနိုင်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖြစ် အလုပ်လုပ်ကိုင်မယ်ဆိုရင် တစ်ပတ်လျှင် အနိမ့်ဆုံး လစာငွေ ဒေါ်လာ ၂၁၀၀ ဝန်းကျင်ခန့် ရနိုင်ပါတယ်။

(၂) ရှေ့နေ

Photo : Forbes

ရှေ့နေ အလုပ်ဟာလည်း လစာငွေအမြင့်ဆုံး ရနိုင်တဲ့ အလုပ်အကိုင်တစ်ခု ဖြစ်ပါတယ်။ ဥပဒေရေးရာ ပြဿနာတွေနဲ့ အငြင်းပွားမှုတွေကို ကိုင်တွယ်ဖြေရှင်းခြင်း ၊ အစိုးရ အေဂျင်စီနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အကြံပေးအဖြစ် လုပ်ကိုင်ခြင်း စသည်ဖြင့် လုပ်ကိုင်နိုင်ပါတယ်။ ရှေ့နေတစ်ယောက်အတွက် အနိမ့်ဆုံး တစ်ပတ်လုပ်ခလစာဟာ ဒေါ်လာ ၁၉၀၀ ဝန်းကျင်ခန့်ရှိပါတယ်။

(၃) ဗိသုကာပညာရှင်/ အင်ဂျင်နီယာ

Photo : OwlGuru.com

ဗိသုကာပညာရှင်/ အင်ဂျင်နီယာ အလုပ်အကိုင်တွေဟာဆိုရင်လည်း အမျိုးသားတွေအတွက် အလုပ်အမြင့်ဆုံး ရနိုင်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ ဗိသုကာပညာရှင်/ အင်ဂျင်နီယာ တွေအတွက် အနိမ့်ဆုံး တစ်ပတ်လုပ်ခ လစာ ငွေဟာ ဒေါ်လာ ၁၈၀၀ ဝန်းကျင်ရှိပါတယ်။

(၄) ကွန်ပျူတာ ဟာ့ဒ်ဝဲ အင်ဂျင်နီယာ

Photo : Supply Chain Digital

နည်းပညာကို စိတ်ဝင်စားတဲ့ အမျိုးသားတွေအတွက် ကွန်ပျူတာ ဟာ့ဒ်ဝဲ အင်ဂျင်နီယာ အလုပ်အကိုင် က အသင့်တော်ဆုံးပါပဲ။ ကွန်ပျူတာ ဟာ့ဒ်ဝဲ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ အနိမ့်ဆုံး တစ်ပတ်လုပ်ခလစာ ၁၈၀၀ ဝန်းကျင် ရနိုင်ပါတယ်။

(၅) လေယာဉ်မှူး/ လေယာဉ်အင်ဂျင်နီယာ

Photo : Reader’s Digest

အမျိုးသားတွေအတွက် စမတ်ကျကျနဲ့ လစာများများရနိုင်တဲ့ အလုပ်အကိုင်တစ်ခုကတော့ လေယာဉ်မှူး/ လေယာဉ်အင်ဂျင်နီယာ အလုပ်တွေပဲ ဖြစ်ပါတယ်။ လေယာဉ်မှူး/ လေယာဉ်အင်ဂျင်နီယာတွေအတွက် အနိမ်ဆုံး တစ်ပတ်လုပ်ခ လစာ ဟာ ဒေါ်လာ ၁၈၀၀ ဝန်းကျင်ရနိုင်ပါတယ်။

Featured Photo : Reader’s Digest