ရာသီဥတုက တဖြည်းဖြည်း ပူလာပြီဆိုတော့ နေ့ရက်တိုင်းမှာ ပေါ့ပေါ့ပါးပါးနဲ့ လန်းဆန်းသန့်ပြန့် နေဖို့ ဆံပင်စတိုင်ကို သေချာရွေးရပါတော့မယ်။ စာရေးသူတို့ ယောကျာ်းလေး အများစုက နွေရာသီ ဆံပင်စတိုင်လို့ ပြောရင် တိုတိုပါးပါးနဲ့ ရှင်းသန့်နေတာမျိုး ၊ ဆံပင်ပုံသွင်း ထိန်းသိမ်းရတာတွေ တကူးတကလုပ်စရာမလိုပဲ သဘာဝဆန်ဆန် ကြည့်ကောင်းနေတာမျိုးကို ပိုနှစ်သက်ကြမယ် ထင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ နွေပူပူမှာ လန်းဆန်းသန့်ပြန့်ပြီး ကြည့်ကောင်းနေစေဖို့ ကွီးတို့ ညှပ်သင့်တဲ့ Haircuts အချို့ကို ညွှန်းပေးပါမယ်။
(၁) Textured Crop

Photo : Real Men Real Style
ဒီဆံပင်စတိုင်ကတော့ ဘေးနဲ့အနောက်ဘက်ကို အပြောင်ညှပ်ထားပြီး အပေါ်ဆံပင်ကို မဆိုသလောက်လေး အရှည်ထားရမယ့် ပုံစံပါ။ ထွေထွေထူးထူး ပုံစံသွင်းတာမျိုး မလုပ်ရပဲ သဘာဝဆန်ဆန် ခပ်ရှုပ်ရှုပ်ပွပွ ပုံစံလေး ထားရတာကိုက စတိုင်တစ်မျိုး ဖြစ်ပါတယ်။ တိုတိုရှင်းရှင်းနဲ့ ခေတ်ဆန်တဲ့ နွေရာသီအတွက် အလိုက်ဖက်ဆုံး Haircut တစ်ခုပါပဲ။
(၂) Undercut

Photo : Real Men Real Style
Undercut ဆံပင်စတိုင်ကတော့ တော်တော်လေး Sharp ဖြစ်တယ်လို့ ပြောလို့ရပြီး အမျိုးသား အများစု ကြိုက်ကြပါတယ်။ ဘေးနှစ်ဖက်နဲ့ အနောက်ကို အပြောင် သို့မဟုတ် ခပ်တိုတိုပါးပါး ရှိတ်ထိုးထားပြီး အပေါ်ဆံပင်ကိုတော့ အနောက်ကို ပြန်လှန်ဖြီးလို့ရတဲ့ အနေအထား အရှည်ထားရပါတယ်။ သူ့ရဲ့ ဆံပင်ပုံစံက ထူးခြားပြီး ကွဲထွက်နေတဲ့ Vibe မျိုးရတဲ့အတွက် လူငယ်ပိုင်းရော လူလတ်ပိုင်းတွေပါ ညှပ်ဖို့ သင့်လျော်ပါတယ်။
(၃) Crew Cut

Photo : Real Men Real Style
ဆံပင်စတိုင်ဆို ခပ်တိုတိုမှ ကြိုက်နှစ်သက်တဲ့ သူတွေကတော့ Crew Cut ကို ရွေးချယ်နိုင်ပါတယ်။ အထူးသဖြင့် အခုလို နွေရာသီနဲ့ လိုက်ဖက်တဲ့ Haircut တစ်ခုပါ။ တိုတိုရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းစေပြီး လူငယ်ဆန်တဲ့စတိုင်ကို ပေးပါတယ်။
(၄) Buzz Cut

Photo : Real Men Real Style
နွေရာသီအတွက် ဘယ်တော့မှ မရိုးနိုင်တဲ့ ဆံပင်စတိုင်ကတော့ Buzz Cut ပါပဲ။ ဆံပင်တိုတို ၊ ခေါင်အေးအေး ပုံစံမှ ကြိုက်တယ်ဆိုရင် Buzz Cut ဆံပင်စတိုင်က သေချာပေါက် ရွေးချယ်စရာ တစ်ခုပါ။ တကူးတက ထွေထွေထူးထူး ပုံသွင်းဖြီးလိမ်းရတာမျိုး မရှိအောင် တိုတိုပါးပါး ညှပ်ရတဲ့ ကေဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ လန်းဆန်းသန့်ပြန့် နေစေမှာဖြစ်ပြီး နွေရာသီနဲ့ အလိုက်ဖက်ဆုံးသော Haircut တစ်ခုပဲ ဖြစ်ပါတယ်။
Source : Real Men Real Style
Featured Photo : Pete & Pedro
