လူတော်တော်များများ သိချင်ကြတာက နေ့တိုင်းနီးပါး ချစ်တင်းနှောလို့ ရလားဆိုတာပါပဲ။ အကြိမ်ရေများများ ဒါမှမဟုတ် အလွန်အကျွံ ချစ်တင်းနှောရင် ခန္ဓာကိုယ် က ဘယ်လိုတုန့်ပြန်မလဲ ၊ ဘာတွေဖြစ်နိုင်မလဲ ဆိုတာပါ။ တကယ်တော့ ချစ်တင်းနှောတဲ့ အကြိမ်ရေအတွက် ကို သတ်မှတ်ထားတဲ့ ကိန်းဂဏန်း အတိအကျ မရှိသေးပါဘူး။ ဒါပေမယ့်လည်း ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဆိုင်ရာ ကမောက်ကမဖြစ်မှု ၊ ပင်ပန်းနွမ်းနယ်မှုနဲ့ ချစ်တင်းနှောစဉ်မှာ နာကျင်မှုဝေဒနာခံစားရတာ စတဲ့ လက္ခဏာတွေ ပြနေတယ်ဆိုရင်တော့ ကွီးတို့ရဲ့ ချစ်တင်းနှော မှုအကြိမ်ရေအတွက်ကို ပြန်လည်ထိန်းညှိဖို့ လိုအပ်ပါလိမ့်မယ်။
အလွန်အကျွံ ချစ်တင်းနှော ခြင်းက အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို ဘယ်လိုထိခိုက်စေနိုင်ပါလဲ?
Photo : Cermak Immediate Care
အလွန်အကျွံ ချစ်တင်းနှော တာဟာ သင့် အတွေးတွေနဲ့ စိတ်အာရုံကို အနှောင့်အယှက်ဖြစ်စေပြီး အလုပ်နဲ့ ဘဝအပေါ် ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး မကြာခဏ ဆိုသလို ဒါမှမဟုတ် ထပ်ခါထပ်ခါ ချစ်တင်းနှော မယ်ဆိုရင် မိန်းမကိုယ်ကနေ လုံလောက်တဲ့ သဘာဝချောဆီကို မထုတ်နိုင်တော့တာကြောင့် မိန်းမကိုယ် ခြောက်သွေ့ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါဟာ ချစ်တင်းနှော နေစဉ်အတွင်းမှာ အတွင်းထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ခက်ခဲစေနိုင်သလို နာကျင်မှု ဝေဒနာကိုလည်း ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ချစ်တင်းနှောစဉ်မှာ နာကျင်မှုဝေဒနာ ကြီးကြီးမားမား ခံစားရတယ်ဆိုပါက ဆက်ဆံမှုကို ခေတ္တခဏ ရပ်တန့် လိုက်သင့်ပါတယ်။
အကယ်၍ ဒီအခြေအနေမှာ ဆက်လက်ပြီး ချစ်တင်းနှော မယ်ဆိုရင်တော့ မိန်းမကိုယ် ရောင်ရမ်းတာ ၊ နာကျင်တာ ၊ မိန်းမကိုယ်အတွင်း တစ်ရှုးတွေ စုတ်ပြဲတာနဲ့ မီးယပ်ဆိုင်ရာ ရောဂါတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် ချစ်တင်းမနှောမီနဲ့ ချစ်တင်းနှော ပြီးနောက် တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ အားနည်းချက်တွေနဲ့ အလွန်အကျွံ ချစ်တင်းနှောခြင်းဟာ မိန်းမကိုယ်ရဲ့ သဘာဝ pH ဟန်ချက်ညီမျှကို နှောင့်ယှက်ဖြစ်စေနိုင်ပြီး မီးယပ်ရောဂါကို ဖြစ်ပွားနိုင်ခြေကို တိုးစေပါတယ်။
အလွန်အကျွံ ချစ်တင်းနှော ခြင်းက အမျိုးသားတွေရဲ့ ကျန်းမာရေးကို ဘယ်လိုထိခိုက်စေနိုင်ပါလဲ?
Photo : Men’s Health
အမျိုးသားတွေကတော့ အမျိုးသမီးတွေထက်ပိုပြီး လိင်မှုဆိုင်ရာ ကိစ္စတွေမှာ တက်ကြွမှုနဲ့ စိတ်အားထန်သန်မှု ပိုရှိပါတယ်။ ဒါကြောင့်လည်း နှလုံးခုန်မြန်ခြင်း သို့မဟုတ် ကြွက်သားတွေ အဆက်မပြတ် လှုပ်ရှားခြင်းကြောင့် မကြာခဏဆိုသလို ခွန်အားတွေ များစွာ ဆုံးရှုံးရစေနိုင်ပါတယ်။ အမျိုးသားတွေအနေနဲ့ အလွန်အကျွံ ချစ်တင်းနှော မယ်ဆိုရင် ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပြီး ရေရှည်မှာ နှလုံးသွေးကြောစနစ် ၊ ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်စွမ်း ၊ လိင်အင်္ဂါချို့ယွင်းမှု ၊ အချိန်မတိုင်မီ သုက်လွှတ်စောခြင်း ၊ ဝှေးစေ့ ရောင်ရမ်းခြင်း ၊ ဆီးကျိတ်ရောင်ခြင်းနဲ့ အခြားရောဂါများစွာကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် မကြာခဏဆိုသလို ဒါမှမဟုတ် အကြိမ်ရေများများ ချစ်တင်းနှောခြင်းဟာ လိင်စိတ်ဆန္ဒကို လျော့ကျစေနိုင်ပြီး နောက်ပိုင်း ပါတနာနဲ့ ဆက်ဆံရေးတွေမှာ ကျေနပ်မှုအဆင့်က လျော့နည်းလာတာ ၊ ကြာလာရင် နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် စိတ်အားထက်သန်မှုတွေ နည်းသွားစေနိုင်သလို ၊ လိင်မှုဘဝအပေါ် ဂရုမစိုက်ဖြစ်တော့တဲ့ အခြေအနေတွေအထိအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားနိုင်ပါတယ်။
ဒါဆိုရင် လိင်မှုကိစ္စ ဘယ်လောက်အတိုင်းအတာ ရှိတာက လုံလောက်မှု ရှိပါသလဲ ?
Photo : Verywell Mind
သင့်တင့်မျှတဲ့ ချစ်တင်းနှောမှု အကြိမ်ရေအတွက်ဟာ ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာကို ယူဆောင်လာပေးပြီး သင်နဲ့ သင့်ပါတနာကြားက ဆက်ဆံရေးကို ပိုမို ခိုင်မာစေဖို့ အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အသက်အရွယ် ၊ ကျန်းမာရေး အခြေအနေ စတဲ့ ကွဲပြားတဲ့အချက် များစွာပေါ် မူတည်ပြီး ချစ်တင်းနှော မှုအကြိမ်ရေအတွက်ဟာလည်း အမျိုးမျိုးကွဲပြား သွားစေနိုင်ပါတယ်။
ပျှမ်းမျှအားဖြင့်တော့ အသက် ၂၀ ကနေ ၂၅ နှစ်ကြား လူတွေဟာ တစ်ပတ်ကို ၃ ကြိမ် ၊ အသက် ၃၀ ကနေ ၃၅ နှစ်အတွင်း လူတွေဟာ တစ်ပတ်ကို ၂ ကြိမ်နဲ့ အသက် ၅၀ နောက်ပိုင်း လူတွေကတော့ တစ်ပတ်ကို ၁ ကြိမ်ခန့် ချစ်တင်းနှောတာဟာ သင့်တော်ပြီး လုံလောက်မှုရှိတဲ့ အကြိမ်ရေအတွက် ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ သို့သော်လည်း အချို့သော ကျန်းမာရေး အခြေအနေတွေ ပေါ်မူတည်ပြီး ချစ်တင်းနှော ခြင်းကို ခေတ္တခဏ ရပ်တန့်ထားသင့်ရင် ထားဖို့လိုပါမယ်။
ဥပမာအားဖြင့် ဖျားနာနေသူတွေ ၊ သွေးပေါင်ချိန်နဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေအတွက် ကုသမှု ခံယူနေရသူတွေ ၊ အကြောင်းအမျိုးမျိုးကြောင့် ခွဲစိတ်မှုမှ ပြန်လည်ကောင်းမွန်လာသူတွေနဲ့ တချို့သော ကျန်းမာရေး အားနည်းချက် ရှိသူတွေအနေနဲ့တော့ ပုံမှန်လူတွေနည်းတူ လိင်မှုဆိုင်ရာ ကိစ္စတွေကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ အကောင်းဆုံးကတော့ ဆရာဝန်ရဲ့ လမ်းညွှန်ချက် ၊ မိမိကျန်းမာရေး အခြေအနေပေါ်မူတည်ပြီး လိင်မှုကိစ္စကို ဆောင်ရွက်ဖို့ အကြံပေးချင်ပါတယ်။
ဒါ့အပြင် မမျှောင်လင့်ပဲ ကိုယ်ဝန်ရနိုင်ခြင်း ဒါမှမဟုတ် လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေနဲ့ အခြားကူးစက်ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် ချစ်တင်းနှော တိုင်းမှာ ကွန်ဒုံး သို့မဟုတ် အခြားသော သန္ဓေတားနည်းတွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။
Source : Vinmec.com
Featured Photo : CNN