ချစ်သူနှစ်ဦး လမ်းခွဲကြရတဲ့ အဆုံးသတ်အချိန် အခိုက်အတန့်ဟာ ကြေကွဲဝမ်းနည်းစရာ အကောင်းဆုံးပါပဲ။ နှစ်ဦးသား ချစ်ကြလို့ တွဲခဲ့ပေမယ့် နောက်ဆုံးမှာ ကိုယ်စီအဆင်မပြေမှုတွေ ၊ စိတ်ညစ်စရာတွေနဲ့ လမ်းခွဲပြတ်စဲဖို့ ဖြစ်လာပြီဆိုရင်တော့ ဒီဇာတ်လမ်းဟာ ဒီနေရာမှာပဲ အဆုံးသတ်ရတော့မှာပါ။ လမ်းခွဲပြတ်စဲမှုတစ်ခုကနေ ကျော်လွန်ကုစားနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခု ယူရတက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေရတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်ရပါတယ်။ အချို့အတွဲတွေကတော့ လမ်းခွဲ ပြီးရင် ကိုယ်စီ ကိုယ့်ဘဝနဲ့ကိုယ် ရှေ့ဆက်လျောက်လှမ်းကြပေမယ့် အချို့ကတော့ လမ်းခွဲပြီးတာတောင် အဆက်သွယ်လုပ် စာတွေဆက်ပို့နေတက်ပါတယ်။ ဒါဟာဘာကြောင့်ပါလဲ ? ဒီမေးခွန်းရဲ့ ဖြစ်နိုင်ခြေ အရှိဆုံး အဖြေလေးတွေကို အခုဆောင်းပါးလေးကနေ တဆင့် ပြောပြပေးချင်ပါတယ်။

(၁) အပြစ်ရှိသလို ခံစားနေရလို့

Couple

Photo : Erika Becerra – Medium

လမ်းခွဲ ပြီးချိန်အထိ ရည်းစားဟောင်းက အဆက်အသွယ် ဆက်လုပ်နေတယ်ဆိုရင်တော့ ဒါဟာ သူ့အနေနဲ့ အပြစ်ရှိသလို ၊ နောင်တရသလို ခံစားချက်တွေ ချုပ်နှောင်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ သင့်အပေါ် အပြစ်တစ်ခုခု ကျူးလွန်ခဲ့ဖူးမယ် ဒါမှမဟုတ် အတူတူရှိချိန်တုန်းက လိုအပ်ချက်တွေ များခဲ့မယ် စတဲ့ အချက်တွေကြောင့်ပဲ လမ်းခွဲပြီးချိန်အထိ ဆက်လက် ဆက်သွယ်ပြီး သင့်ဆီက ခွင့်လွှတ်မှုကို မျှော်လင့်နေတာ ဖြစ်နိုင်ပါတယ်။

(၂) စပ်စုချင်လို့

Couple

Photo : The Independent

သင့်အကြောင်း စပ်စုချင်တဲ့ လူတစ်စုက ရှိကိုရှိပါတယ်။ သင်သူနဲ့ လမ်းခွဲပြီးချိန်မှာ ဘာတွေဖြစ်နေလဲ ၊ ဘာတွေလုပ်နေလဲ ၊ ဘယ်တွေသွားပြီး ဘယ်သူနဲ့ တွေ့နေလဲဆိုတာတွေကို သိချင်လို့ သင်နဲ့ အဆက်အသွယ် မပြတ်သွားအောင် ဆက်ထိန်းထားတာပါ။

(၃) အထီးကျန်နေလို့

Couple

Photo : Hack Spirit

ရည်းစားဟောင်းက လမ်းခွဲ ပြီးတဲ့အထိ သင့်ကို စာတွေဆက်ပို့နေတာဟာ သူအထီးကျန်နေလို့ ဖြစ်နိုင်ပါတယ်။ နောက်ထပ်အသစ်လဲ မစချင် ၊ စကားပြောဖော် သူငယ်ချင်းရယ်လို့ မယ်မယ်ရရမရှိ ဒါကြောင့် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိပြီးသား ဖြစ်တဲ့ သင်နဲ့ပဲ ဆက်ပြီး စကားပြော ၊ ဆက်သွယ်နေတာ ဖြစ်ပါတယ်။ လူတော်တော်များများ အထီးကျန်မှုတွေကို ကျော်လွှားဖို့နဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကွက်လပ်ကိုဖြည့်ဖို့ အရင်းနှီးရဆုံးသူတွေထံ စာပို့ဆက်သွယ်လေ့ ရှိကြပါတယ်။

(၄) သင်နဲ့အသစ်က ပြန်စချင်လို့

Couple

Photo : Regain

နှစ်ဦးကြားမှာ ဘာတွေအဆင်မပြေခဲ့လဲ ၊ ဘယ်လိုပြဿနာတွေ ရှိခဲ့လဲဆိုတာကို ကောင်းကောင်းနားလည် သဘောပေါက်ပြီး သင်နဲ့အရာရာ ပြန်ပြင်ဆင်ဖို့ စိတ်ကူးရှိနေတယ်ဆိုရင်တော့ သင့်ထံကို အဆက်မပြတ် စာတွေပို့ ၊ ဆက်သွယ်နေမှာပါ။ မျှော်လင့်ချက်လေးတစ်ခုနဲ့ သင့်ကို အတင်းအကြပ် ဖိအားမပေးရင်တောင် အချိန်တစ်ခုပေးပြီး သင့်နဲ့ အဆက်အသွယ်မပြတ်လေး ရှိနေဖို့ကို ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။

(၅) သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေချင်လို့

Couple

Photo : Adventures from Scratch

လမ်းခွဲမှုတိုင်းဟာ အမုန်းတရားတွေ ၊ နာကျည်းစရာတွေ အမြဲတမ်းရှိဖို့ မလိုအပ်ပါဘူး။ အကယ်၍ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူ ၊ စရိုက်မတူပဲ ဘယ်လိုမှ ရှေ့ဆက်သွားဖို့ကို မဖြစ်နိုင်တော့ဘူးဆိုရင် တစ်ယောက်ပုံစံကိုတစ်ယောက် ကောင်းကောင်းလက်ခံပေးဖို့ ကြိုးစားပြီး အတူရှိခဲ့တဲ့ သံယောဇဉ်တွေနဲ့ ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေတွေအဖြစ် ဆက်ရှိသွားနိုင်ပါတယ်။ အကယ်၍ သင့်ရည်းစားဟောင်းက လမ်းခွဲ ပြီးတာတောင် သင်နဲ့အတူတူ ဆက်ခင်မင်နေချင်သေးတယ် ၊ အမုန်းတွေ အညိုးအတေးတွေ မရှိပဲ ဖြူစင်တဲ့ သူငယ်ချင်းဘဝကို ဆက်ပိုင်ဆိုင်ချင်သေးတယ်ဆိုရင်တော့ သင့်ထံကို သေချာပေါက် စာတွေပို့ အဆက်အသွယ် လုပ်နေမှာ ဖြစ်ပါတယ်။

ကွီးတို့ရော လမ်းခွဲပြီးတဲ့ ရည်းစားဟောင်းနဲ့ အဆက်အသွယ် ဆက်ရှိနေပါသလား ???

Source : MomJunction

Featured Photo : Grazia Daily