ပြီးခဲ့တဲ့ ဧပြီလတုန်းက vivo ကနေ T2 နဲ့ T2x လို့ နာမည်ပေးထားတဲ့ စမတ်ဖုန်းတွေကို အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချခဲ့ပါတယ်။ အခုတဖန် ဒီစီးရီးရဲ့ တတိယမျိုးဆက် စမတ်ဖုန်းအသစ်ကို အိန္ဒိယဈေးကွက်မှာ မကြာခင် မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အဆိုပါ စမတ်ဖုန်းအသစ်ကိုတော့ vivo T2 Pro လို့ နာမည်ပေးထားပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ၎င်းစမတ်ဖုန်းအသစ်နဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်အချို့ ပေါက်ကြားလာခဲ့ပါတယ်။

vivo T2 Pro

Photo : GSMArena.com

vivo T2 Pro ဖုန်းမှာ MediaTek ရဲ့ Dimensity 7200 Chipset ကို မောင်းနှင်ထားမှာ ဖြစ်ပြီး ၎င်းက T2 စီးရီးဖုန်းတွေမှာ စွမ်းဆောင်ရည်အကောင်းဆုံး ဖုန်းတစ်လုံး ဖြစ်လာမှာပါ။ T2 Pro ဖုန်းဟာ AnTuTu ရဲ့ စမ်းသပ်မှုမှာလည်း ရမှတ်ပေါင်း ၆၀၀,၀၀၀ ရရှိထားတယ်လို့ ဆိုပါတယ်။

vivo T2 Pro ဖုန်းကို အိန္ဒိယနိုင်ငံမှာ 128GB နဲ့ 256GB Storage ဆိုပြီး ဗားရှင်း ၂ မျိုး ထွက်လာမယ်လို့ ကောလဟာလသတင်းတွေ ထွက်ပေါ်နေပြီး RAM အနေနဲ့ကတော့ ၂ မျိုးလုံးမှာ 8GB RAM ပါလာမှာ ဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းကို Flipkart မှာပဲ သီးသန့်ရောင်းချမယ်လို့ ပြောနေပေမယ့် ဘယ်နေ့ဘယ်ရက်မှာ စတင်မိတ်ဆက်မယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

vivo T2 Pro

Photo : IT Voice

လက်ရှိအချိန်ထိတော့ vivo T2 Pro နဲ့ပတ်သတ်ပြီး အများကြီး မသိရသေးပေမယ့် သေချာတာတစ်ခုကတော့ T2 Pro ဖုန်းဟာ T2 နဲ့ T2x စမတ်ဖုန်းတွေထက် ပိုမိုသာလွန်တဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်လာမှာ သေချာပါတယ်။

Featured Photo : Digit