လိင်စိတ်စွဲလမ်းခြင်းဟာ ဟာသမဟုတ်ပါဘူး။ လိင်ကိစ္စ အပေါ်ပဲ အချိန်တော်တော်များများ စိတ်ရောက်နေတာ ၊ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ အမြဲတမ်း စိတ်အားသန်နေတာကို လိင်စိတ် စွဲလမ်းခြင်းလို့ ခေါ်ပါတယ်။ ဒါဟာ တကယ့်ကို ပြင်းထန်တဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒီနေ့မှာတော့ လိင်စိတ်စွဲလမ်းခြင်းနဲ့ ပတ်သတ်ပြီး ကွီးတို့ မသိသေးတဲ့ အချက်တွေ အကြောင်း မျှဝေပေးပါမယ်။

နံပါတ် (၁)

Sex Addiction
Photo : MensXP

စိတ်အတက်အကျ မြန်ရောဂါ Bipolar Disorder ခံစားနေရသူတွေဟာ လိင်စိတ် စွဲလမ်းမှုပိုပြီး ဖြစ်နိုင်ခြေ များပါတယ်။ ၎င်းတို့ဟာ စိတ်အားတက်ကြွနေချိန်မှာ အန္တရာယ်ရှိတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေမှာပင် ပါဝင်လုပ်ဆောင်လေ့ ရှိကြတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။

နံပါတ် (၂)

Sex Addiction
Photo : MensXP

လိင်စိတ်စွဲလမ်းမှု ပြဿနာရှိသူတွေဟာ များသောအားဖြင့် မူးယစ်ဆေးဝါး စွဲလမ်းနေသူတွေ များပါတယ်။ မူးယစ်ဆေး သုံးစွဲပြီးချိန်မှာ လိင်ကိစ္စ လုပ်ဆောင်ဖို့ ပိုမိုစိတ်အား ထက်သန်ကြသလို အချို့ကတော့ မူးယစ်ဆေး စွဲလမ်းမှုကို လိင်ကိစ္စနဲ့ အစားထိုး ကြပါသတဲ့။

နံပါတ် (၃)

Sex Addiction
Photo : MensXP

ပြင်းထန်တဲ့ စိတ်ဂနာမငြိမ် ရောဂါ Boderline Personality Disorder ခံစားနေရသူတွေဟာလည်း လိင်စိတ် စွဲလမ်းမှုရဲ့ သားကောင်ဖြစ်လေ့ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်စွမ်း မရှိတဲ့အတွက် စိတ်ဂနာမငြိမ် ဖြစ်လာတိုင်းမှာ ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပြုမိနိုင်တဲ့အထိ ဘေးဆိုးကျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။

နံပါတ် (၄)

Sex Addiction

Photo : MensXP

ငယ်စဉ်ကလေးဘဝမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့ ရာဇဝင်ရှိသူတွေဟာလည်း လိင်စိတ်စွဲလမ်းမှု ပြဿနာ ဖြစ်လေ့ရှိတယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။ ၎င်းတို့ အရင်က ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ လက်ရှိဘဝကို ထိန်းချုပ်ဖို့နည်းလမ်းအဖြစ် လိင်ကိစ္စကို ထွက်ပေါက်တစ်ခုအနေနဲ့ အသုံးပြုကြတာ ဖြစ်ပြီး ဒီအခြေအနေတွေကြောင့်ပဲ လိင်စိတ်စွဲလမ်းမှုဟာ ပိုမိုအမြစ်တွယ်လာရတာ ဖြစ်ပါတယ်။

Source : MensXP

Featured Photo : InsideHook