လိင်မှုဘဝ ကျန်းမာရေးဟာ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ အားလုံးနဲ့ ဆက်စပ်နေတာပါ။ ရုပ်ရောနာမ်ပါ အိုကေနေမှ ကျန်းမာပျော်ရွှင်ရတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတွေရဲ့ လိင်မှုကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေမယ့် အိပ်ရာဝင် အလေ့အထ တချို့ကို ပြောပြပေးပါမယ်။

(၁) Kegels လေ့ကျင့်ခန်း လုပ်ပါ

Kegels exercises

Photo : Healthy Male

တင်ပါးဆုံ ကြွက်သားတွေကို သန်မာစေမယ့် Kegels လေ့ကျင့်ခန်းတွေကို အိပ်ရာမဝခင် ပြုလုပ်ပေးသင့်ပါတယ်။ Kegels လေ့ကျင့်ခန်းဟာ လိင်မှုဆိုင်ရာ လှုပ်ရှားမှုအတွက် အရေးပါတဲ့ လိင်အင်္ဂါတဝိုက်က ကြွက်သားတွေကို အားကောင်းစေပြီး လိင်တံဆီ သွေးစီးဆင်းမှု ပိုကောင်းအောင် ပံ့ပိုးပေးပါတယ်။

(၂) ပွပွချောင်ချောင် ညအိပ်အဝတ်အစား ဝတ်ပါ

 Pajamas

Photo : The New York Times

ဖွားဖက်တော် ကျန်းမာရေးအတွက် လေဝင်လေထွက်ကောင်းတဲ့ ညအိပ်ဝတ်စုံကို ဝတ်ဆင်ဖို့ လိုပါတယ်။ တင်းကျပ်တဲ့ ဘောင်းဘီတွေ ၊ အဝတ်အစားတွေကို ဝတ်မယ်ဆိုရင် လိင်အင်္ဂါတဝိုက် အပူချိန်ကို တိုးစေမှာ ဖြစ်သလို လိင်တံ ပွတ်တိုက်မှုနဲ့ လိင်တံအပေါ် ဖိအားသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် လိင်တံကို အေးမြစေပြီး ပွတ်တိုက်မှု လျော့နည်းစေမယ့် ပွပွချောင်ချောင် ညအိပ်အဝတ်အစားတွေ ဝတ်အိပ်ပါ။

(၃) လိင်တံ သန့်ရှင်းရေး ပြုလုပ်ပါ

genitals clean

Photo : Healthline

နေ့စဉ်ပုံမှန် ဖွားဖက်တော်ကို သန့်ရှင်းရေး လုပ်ပေးဖို့ကလည်း အရေးကြီးပါတယ်။ လိင်တံကို သန့်ရှင်းရေး လုပ်တဲ့အခါမှာ ကြက်သီးနွေးရေနဲ့ အပျော့စား ဆပ်ပြာကို အသုံးပြုပြီး သေချာစွာ ပွတ်တိုက်ဆေးကြော သန့်စင်ပေးပါ။ ထို့နောက် သန့်စင်တဲ့ အဝတ်နဲ့ ခြောက်သွေ့အောင် သုတ်ဖို့ လိုပါတယ်။ ကွီးတို့ရဲ့ ဖွားဖက်တော်ကို နေ့စဉ်ပုံမှန် စနစ်တကျနဲ့ သန့်ရှင်းဆေးကြောပေးခြင်းဟာ လိင်တံကျန်းမာရေးအတွက် အခြေခံကျဆုံး အချက်တစ်ခု ဖြစ်ပါတယ်။

(၄) Screen Time ကန့်သတ်ပါ

Screen Time

Photo : HealthyCell

အိပ်ရာဝင်ခါနီးမှာ တက်နိုင်သမျှ အီလက်ထရောနစ် Devices တွေ အသုံးပြုမှုကို ကန့်သတ်လျှော့ချသင့်ပါတယ်။ Screen Time များလေ အိပ်စက်မှု စက်ဝန်းနဲ့ ဟော်မုန်းဆိုင်ရာ ပြဿနာတွေ ပိုပြီး အဖြစ်များလေပါ။ ဒါတွေဟာ လိင်မှုကျန်းမာရေးအပေါ် တိုက်ရိုက်ဆိုးကျိုးသက်ရောက်စေနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

(၅) စိတ်အပန်းပြေစေမယ့် ကျင့်စဉ်တွေ လုပ်ပါ

Meditation
Photo : MindJournal

တရားထိုင်ခြင်း ၊ ယောဂကစားခြင်း ကဲ့သို့ စိတ်ကိုအပန်းပြေစေမယ့် လှုပ်ရှားမှုတွေကို လုပ်ပေးသင့်ပါတယ်။ ဒါတွေဟာ အိပ်စက်မှု အရည်အသွေးကို ပိုမိုကောင်းမွန်စေပြီး စိတ်နဲ့ ခန္ဓာကို ချိတ်ဆက်ပေးကာ နေ့စဉ်ဘဝထဲက ဖိအားတွေကို လျော့ကျသက်သာစေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေနည်းပြီး ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရရှိတာဟာ ခန္ဓာကိုယ်အလုံးစုံ ကျန်းမာရေးရော လိင်မှုကျန်းမာရေး အတွက်ပါ ကောင်းကျိုးရှိပါတယ်။

Source : Thehealthsite

Featured Photo : LADbible