လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေထဲက အဖြစ်များဆုံး တစ်ခုကတော့ Genital Warts လို့ခေါ်တဲ့ လိင်အင်္ဂါကြွက်နို့ ပါပဲ။ လိင်အင်္ဂါကြွက်နို့တွေဟာ Human Papillomavirus (HPV) ကူးစက်မှုကနေတဆင့် ဖြစ်ပေါ်လာတဲ့ ရောဂါအခြေအနေတစ်ရပ်ဖြစ်ပြီး လိင်အင်္ဂါ သို့မဟုတ် စအိုဧရိယာတဝိုက်မှာ အမဲရောင်ရှိတဲ့ အစက်အပြောက်တွေ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ လိင်အင်္ဂါကြွက်နို့ ရောဂါပိုးအတွက် ကုသဆေးမရှိပေမယ့် ကြွက်နို့တွေကို ဖယ်ရှားဖို့ နည်းလမ်းအမျိုးမျိုးတော့ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လိင်အင်္ဂါကြွက်နို့ ရောဂါလက္ခဏာတွေ ၊ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေနဲ့ ကုသမှုအခြေအနေတွေကို မျှဝေပေးပါမယ်။

လိင်အင်္ဂါကြွက်နို့ ဆိုတာ ဘာလဲ ?

genital warts
Photo : APDerm

လိင်အင်္ဂါကြွက်နို့ဆိုတာ အထက်မှာပြောခဲ့သလိုပါပဲ လိင်အင်္ဂါ သို့မဟုတ် စအိုအနီးတစ်ဝိုက်မှာ ထွက်ပေါ်လာတဲ့ အမဲရောင်အစက်အပြောက်တွေ ဖြစ်ပြီး အရွယ်အစား ခပ်သေးသေးကနေ ကြီးထွားလာတက်ပါတယ်။ ၎င်းတို့ကို ကာလသားကြွက်နို့ သို့မဟုတ် Condylomata Acuminata လို့လည်း လူသိများပါတယ်။ Human Papillomavirus (HPV) ဟာ အဖြစ်များတဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ၎င်းက လိင်အင်္ဂါကြွက်နို့တွေ ဖြစ်ပွားလာရခြင်းရဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ကြွက်နို့တွေဟာ သီးခြားစီ သို့မဟုတ် ခပ်စုစု ထွက်ပေါ်ထွက်ပြီး တစ်ခါတစ်ရံမှာတော့ အစုလိုက်အပြုံလိုက် အများအပြား ထွက်တက်ပါတယ်။ ကြွက်နို့တွေဟာ အများအားဖြင့် အရေပြားအရောင်ရှိပြီး တချို့ကတော့ အနည်းငယ် အမဲရောင်ဘက်သမ်းပါတယ်။

လိင်အင်္ဂါကြွက်နို့ ရဲ့ ရောဂါလက္ခဏာများ

Human Papillomavirus (HPV)
Photo : Women’s Health and Menopause Center

လိင်အင်္ဂါကြွက်နို့တွေဟာ အရေပြားပေါ်နဲ့ လိင်အင်္ဂါ သို့မဟုတ် စအိုဧရိယာရှိ အကျိအချွဲတွေပေါ်မှာ ပေါက်ဖွားတက်ပါတယ်။ အမျိုးသားတွေမှာဆိုရင် လိင်တံ ၊ ကပ်ပယ်အိတ်နဲ့ စအိုအနီးတဝိုက်မှာ ပေါက်နိုင်ပြီး အမျိုးသမီးမှာတော့ လိင်အင်္ဂါဇာတ် ၊ မိန်းမကိုယ် အတွင်းပိုင်း ၊ သားအိမ်ခေါင်းနဲ့ စအို ဧရိယာတဝိုက်မှာ ပေါက်ဖွားတက်ပါတယ်။ လိင်အင်္ဂါကြွက်နို့တွေဟာ များသောအားဖြင့် နာကျင်ခြင်းမရှိသော်လည်း ယားယံခြင်း ၊ အရေပြားအရောင်ပြောင်းခြင်း သို့မဟုတ် မသက်မသာ ခံစားရစေခြင်းတို့အပြင် တစ်ခါတစ်ရံမှာ သွေးထွက်တဲ့ အခြေအနေမျိုး ရှိနိုင်ပါတယ်။ Human Papillomavirus (HPV) နဲ့ လိင်အင်္ဂါကြွက်နို့ဟာ ဆက်စပ်မှုရှိနေပေမယ့် အချို့သူတွေမှာဆိုရင် ကြွက်နို့မထွက်ပဲ Human Papillomavirus (HPV) ရောဂါပိုး ရှိနေတာမျိုးလည်း ဖြစ်တက်ပါတယ်။

လိင်အင်္ဂါကြွက်နို့က ဘယ်လောက်အဖြစ်များလဲ ?

genital warts
Photo : Op. Dr. Mehtap ERTÜRK

The Centers for Disease Control and Prevention (CDC) ရဲ့ ထုတ်ပြန်ချက်အရတော့ လိင်အင်္ဂါကြွက်နို့ဖြစ်စေနိုင်တဲ့ HPV ဗိုင်းရပ်စ်ပိုးကူးစက်မှုဟာ အမေရိကန်နိုင်ငံမှာ အဖြစ်အများဆုံး STI ဖြစ်တယ်လို့ ဆိုထားပါတယ်။ HPV ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့မိသူရဲ့ ရာခိုင်နှုန်းအနည်းငယ်ခန့်လောက်သာ လိင်အင်္ဂါကြွက်နို့ ပေါက်ဖွားနိုင်ပြီး လူအများစုကတော့ HPV ကူးစက်ခံရသော်လည်း ရောဂါလက္ခဏာမပြပါဘူး။ အမေရိကန်ပြည်ထောင်စုမှာတော့ လိင်မှုဆိုင်ရာတက်ကြွမှုရှိတဲ့ အရွယ်ရောက်ပြီးသူ ၁၀၀ မှာ ၁ ယောက်နှုန်းဟာ လိင်အင်္ဂါကြွက်နို့တွေ ဖြစ်နိုင်ခြေရှိတယ်လို့ CDC က ခန့်မှန်းထားပါတယ်။

သုတေသနပြုချက်တွေအရ လိင်အင်္ဂါကြွက်နို့ဟာ ၈၀ ရာခိုင်နှုန်းလောက်တော့ သူ့အလိုလို ပျောက်ကင်းသက်သာသွားတက်ပြီး ၁၈ လကနေ ၂၄ လအတွင်း အရှင်းပျောက်နိုင်ပါတယ်။ ကုသမှုခံယူမယ်ဆိုရင် ရက်သတ္တပတ် သို့မဟုတ် လပိုင်းအတွင်း သိသာထင်ရှားတဲ့ ရောဂါသက်သာမှု အခြေအနေကို မြင်တွေ့ရနိုင်ပါတယ်။ သို့သော်Human Papillomavirus (HPV) ရောဂါပိုးရှိသူ ၁၀ ကနေ ၂၀ ရာခိုင်နှုန်းခန့်ကတော့ အရှင်းပျောက်ကင်းသက်သာဖို့ ခက်ပါတယ်။ လိင်အင်္ဂါကြွက်နို့ဟာ ကုသမှုမခံယူဘဲ အလိုလိုပျောက်ကင်း သက်သာသွားတက်ပြီး ကုသမှုခံမယ်ဆိုပါကလည်း နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့တိုင်ကာ လိမ်းဆေးလိမ်းတာ ၊ အီလက်ထရိုကော်ထရီ (Electrocautery) လို့ခေါ်တဲ့ လျှပ်စစ်အပူဓာတ်ပေးတဲ့ ကုထုံးခံယူတာ ၊ လေဆာကုသမှု ခံယူတာအပြင် လိုအပ်ပါက ခွဲစိတ်မှုလည်း ခံယူနိုင်ပါတယ်။

Source : MedicalNewsToday

Featurrd Photo : LifeMD