လိင်အင်္ဂါကြွက်နို့ (Genital Warts) နဲ့ အသားပို (Skin Tags) ဟာ ခပ်ဆင်ဆင်ရှိတာမလို့ လူအများစု မှားတက်ကြပါတယ်။ တကယ်တော့ လိင်အင်္ဂါကြွက်နို့နဲ့ အသားပိုမှာ ခွဲခြားလို့ရနိုင်တဲ့ မတူတဲ့အချက်တွေ အများကြီး ရှိပါတယ်။ ဒီတစ်ခေါက်မှာ ဒီအကြောင်း ပြောလိုက်ရအောင်ပါ။

လိင်အင်္ဂါကြွက်နို့ဆိုတာ ဘာလဲဘယ်လဲ ???

Genital Warts

Photo : APDerm

လိင်အင်္ဂါကြွက်နို့ (Genital Warts) ဆိုတာကတော့ မိန်းမကိုယ် ၊ လိင်တံနဲ့ စအိုအရေပြား တဝိုက်မှာ ပေါက်တက်တဲ့ သေးငယ်တဲ့ အသားစိုင် အဖုအထစ်လေးတွေကို ခေါ်ပါတယ်။ လိင်အင်္ဂါကြွက်နို့တွေဟာ များသောအားဖြင့် နာကျင်မှုမရှိသလို အန္တရာယ်လည်း မရှိပါဘူး။ Human Papillomavirus (HPV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကနေတဆင့် ဖြစ်ပွားလာပြီး အလွန်ကူးစက်လွယ်ပါတယ်။

လိင်အင်္ဂါကြွက်နို့စဖြစ်တဲ့ ပထမအဆင့်မှာ လိင်အင်္ဂါကြွက်နို့တွေဟာ အရွယ်အစားအရ သေးငယ်ပြီး အသားရောင် သို့မဟုတ် ပန်းရောင်သမ်းတဲ့ အသားစိုင် အဖုအထစ်တွေအဖြစ် ရှိနေမှာ ဖြစ်ပါတယ်။ အရေပြားပေါ်မှာ သိသာမြင်သာစွာ ထင်ရှားနေမှာ ဖြစ်ပြီး လိင်အင်္ဂါကြွက်နို့ရဲ့ ပုံသဏ္ဌာန်ဟာ တစ်ခုချင်း သို့မဟုတ် ပန်းဂေါ်ဖီလို အစုလိုက်အပြုံလိုက် တွေ့ရတက်ပါတယ်။ နောက်ပိုင်းအဆင့်တွေမှာတော့ လိင်အင်္ဂါကြွက်နို့တွေဟာ ခန္ဓာကိုယ်ရဲ့ မတူညီတဲ့ အရေပြားနေရာ အသီးသီးကို ပျံ့နှံ့သွားတက်ပါတယ်။ လိင်အင်္ဂါကြွက်နို့တွေဟာ Human Papillomavirus (HPV) ရဲ့ လက္ခဏာဖြစ်ပြီး သီးခြားရောဂါ အခြေအနေတစ်ခု မဟုတ်ပါဘူး။ လိင်အင်္ဂါကြွက်နို့မပေါက်မီ လပိုင်း/နှစ်ပိုင်းကတည်းက Human Papillomavirus (HPV) ဗိုင်းရပ်စ်ပိုးဟာ ကွီးတို့  ခန္ဓာကိုယ်ထဲမှာ ကူးစက်ဝင်ရောက် နေရတာကြောင့် ဖြစ်ပါတယ်။

လိင်အင်္ဂါကြွက်နို့ဘာကြောင့် ဖြစ်ရသလဲ ?

Genital Warts
Photo : Pharmacy Planet

အထက်မှာ ပြောခဲ့သလိုပါပဲ။ လိင်အင်္ဂါကြွက်နို့ (Genital Warts) တွေဟာ Human Papillomavirus (HPV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။ ဘယ်သူမဆို Human Papillomavirus (HPV) ဗိုင်းရပ်စ်ပိုး ရှိနိုင်ပြီး အရွယ်ရောက်ပြီးသူတိုင်း ၎င်းတို့ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ Human Papillomavirus (HPV) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ပါတယ်။ Human Papillomavirus (HPV) ဗိုင်းရပ်စ်ပိုးကနေတဆင့်ပဲ လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေတာဖြစ်ပြီး ဒီဗိုင်းရပ်စ်ဟာ အလွယ်တကူ ကူးစက်တတ်တာကြောင့် သင့်လိင်အင်္ဂါမှာ ကြွက်နို့ဖြစ်ပွားသည်ဖြစ်စေ ၊ မဖြစ်ပွားသည်ဖြစ်စေ ဗိုင်းရပ်စ်ရှိတဲ့ အခြားသူတစ်ဦးနဲ့ လိင်မှုဆိုင်ရာ ထိတွေ့ဆက်ဆံမှုရှိလိုက်တာနဲ့ သေချာပေါက် ကူးစက်ခံရမှာ ဖြစ်ပါတယ်။

လိင်အင်္ဂါကြွက်နို့ဖြစ်ပြီဆိုရင် ကွီးတို့အနေနဲ့ ကုသမှု ခံယူလို့ရနိုင်ပါတယ်။ သို့သော် အဓိက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ရောဂါဖြစ်တဲ့အတွက်  အရှင်းပျောက်ကင်းအောင် ကုသလို့ရမှာ မဟုတ်ပါဘူး။ အကယ်၍ ဗိုင်းရပ်စ်ပိုးကို ကာကွယ်တားဆီးနိုင်စွမ်းရှိတဲ့ ဆေးဝါးတွေနဲ့ ကုသမယ်ဆိုရင်တော့ ရောဂါလက္ခဏာတွေ သက်သာအောင် သို့မဟုတ် နောက်ထပ်ဖြစ်မလာအောင် အတိုင်းအတာတစ်ခုအထိ တားဆီးပေးနိုင်ပါလိမ့်မယ်။

Source : Medicine Net

Featured Photo : TAF Clinic