Horror ရုပ်ရှင်ဖန်တွေကတော့ အင်ဒိုသရဲကား တွေအကြောင်း ကောင်းကောင်း သိကြပါလိမ့်မယ်။ အင်ဒိုသရဲကားတွေဟာ အကြံအဖန်မဟုတ်ပဲ အမှန်အကန်ကြီးကို ထိတ်လန့်ခြောက်ခြားစရာ ရသအပြည့်အဝ ပေးတာပါ။ အင်ဒိုတွေရဲ့ အနုပညာတင်ဆက်မှုကတော့တော်ရုံတန်ရုံ မကြောက်တက်ပါဘူးဆိုတဲ့ သူတွေတောင် ချွေးပျံရတဲ့အထိပါပဲ။ ဒီတစ်ခေါက်တော့ Horror ရုပ်ရှင် ခပ်ကြမ်းကြမ်းတွေမှ ကြည့်ချင်တဲ့ ရုပ်ရှင်ဝါသနာအိုးတို့အတွက် အကောင်းဆုံး အင်ဒိုသရဲကားတွေကို တင်ဆက်ပေးချင်ပါတယ်။
(၁) Impetigore (2019)
Source : Shudder
အမွေကိစ္စနဲ့ ဝေးလံခေါင်သီတဲ့ ဘိုးဘွားတွေရဲ့ ရွာကို ရောက်ရှိလာတဲ့ မင်းသမီး။ ဒီရွာကြီးမှာ သူမ ဘယ်လိုမျိုး ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ၊ ထိတ်လန့်စရာတွေ ကြုံတွေ့ရမလဲ ဆိုတာ Impetigore ရုပ်ရှင်ဇာတ်ကားမှာ အဖြေရှာ ကြည့်ရအောင်ပါ။
(၂) Satan’s Slaves (2017)
Source : Shudder
ဆရာဝန်တွေ အဖြေရှာမရတဲ့ ထူးထူးဆန်းဆန်း ရောဂါနဲ့ မိခင်ဖြစ်သူ သေဆုံးပြီးနောက်မှာ နတ်ဆိုးတွေ ၊ မကောင်းဆိုးဝါးတွေနဲ့ ဆက်စပ်နေတဲ့ အဖြစ်အပျက်တွေ ဆက်တိုက် ဖြစ်လာပါတော့တယ်။ သေဆုံးသူ မိခင်က သားသမီးတွေကို သေရွာဆီ ခေါ်ဆောင်ဖို့ လာခဲ့တာလား ၊ သားသမီးတွေကရော ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ အသက်ဘေးကနေ လွတ်နိုင်မလား Satan’s Slaves ဇာတ်ကားထဲမှာ ကြည့်ရှုခံစားလိုက်ပါ။
(၃) May the Devil Take You (2018)
Source : BFI
ဘဝနဲ့ လောင်းကြေးထပ် နတ်ဆိုးနဲ့ အပေးအယူ လုပ်ခဲ့သူ ၊ နတ်ဆိုးနဲ့အပေးအယူ လုပ်ခြင်းကနေ နောက်ဆက်တွဲအနေနဲ့ ဘယ်လိုမျိုး ကံဆိုးမိုးမှောင် ကျမှုတွေကြုံရမလဲ ? နတ်ဆိုးရဲ့ နောက်ကွယ်က ကြိုးကိုင်ချယ်လှယ်မှုတွေနဲ့ လှည့်ကွက်တွေက ဘယ်လောက်ထိ ရက်စက်ပြင်းထန်လဲ ? ဆိုတာ May the Devil Take You ဇာတ်ကားထဲမှာ ခံစားကြည့်ရှု လိုက်ရအောင်ပါ။
(၄) The Queen of Black Magic (2019)
Source : Shudder
ငယ်ငယ်က ကြီးပြင်ခဲ့ရာ မိဘမဲ့ဂေဟာကို သွားရောက်လည်ပတ်ခဲ့တဲ့ မိသားစု။ တကယ်တော့ ဒီဂေဟာကြီးက သဘာဝလွန်ဖြစ်ရပ်တွေ ၊ ပဟေဋိတွေနဲ့ ပြည့်နှက်နေတာပါ။ ထူးဆန်းတဲ့ လူသေဆုံးမှုတွေ ၊ ပျောက်ဆုံးနေတဲ့ ကလေးငယ် ၊ နှစ်ပေါင်းများစွာ ပိတ်ထားတဲ့ အခန်းတစ်ခု ၊ ဒါတွေနဲ့ ဆက်စပ်ပြီး ဘယ်လိုမျိုး ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့ အဖြစ်အပျက်တွေ ၊ သဘာဝလွန်ဖြစ်ရပ်တွေ ကြုံတွေ့ရမလဲဆိုတာ The Queen of Black Magic ဇာတ်ကားထဲမှာ ကြည့်လိုက်ပါဦးနော်။
Source : IMDB
Featured Photo : JustWatch