သင်နဲ့ သင့်ပါတနာကြားက ပွင့်လင်းရင်းနှီးတဲ့ ပြောဆိုဆက်သွယ်မှုဟာ ပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝတစ်ခုရဲ့ အဓိကအခြေခံ အုတ်မြစ်ပါပဲ။ လိင်မှုဆိုင်ရာ လိုအင်ဆန္ဒ တွေ ၊ တောင့်တမှုတွေကို တစ်ဦးနဲ့တစ်ဦး ပွင့်လင်းစွာ ပြောဆိုမှသာ အိပ်ရာထက်မှာ တစ်ယောက်ရဲ့ ဆန္ဒတွေကို တစ်ယောက်က နားလည်ပြီး ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်မှာပါ။ သို့သော်လည်း တစ်ခါတစ်ရံမှာတော့ တစ်ယောက်ရဲ့ စိတ်ဆန္ဒ လိုအင်တွေကို တစ်ယောက်က လျစ်လျူရှုတဲ့ အခြေအနေမျိုး ကြုံရနိုင်ပါတယ်။ ဒါဟာဘာကြောင့်ပါလဲ ? အဓိကအကြောင်းအရင်းကတော့ ပြောဆိုဆက်သွယ်မှု အမှားအယွင်းတွေကြောင့်ပါ။
(၁) တောင်းဆိုတဲ့အခါ အချိန်ကောင်းကို ရွေးပါ
Photo : Men’s Health
ကွီးတို့ရဲ့ လိုအင်ဆန္ဒ တွေကို ကိုယ့်ပါတနာအပေါ် တောင်းဆိုတဲ့အခါ ၊ ပွင့်လင်းစွာ ပြောပြတိုင်ပင် ကြတဲ့အခါမှာ ပြောတဲ့အချိန်က အရေးကြီးပါတယ်။ သေချာတာကတော့ နေ့စဉ်ဘဝထဲက ဖိအားတွေ ၊ တာဝန်ဝတ္တရားတွေနဲ့ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေတဲ့ အချိန်တွေကို ရှောင်သင့်ပါတယ်။ အဲ့ဒီအစား နှစ်ယောက်သား စိတ်အေးလက်အေးနဲ့ သက်တောင့်သက်သာ ဖြစ်နေတဲ့ အချိန် ၊ လိင်မှုကိစ္စ လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အချိန်မျိုးတွေမှာပဲ တစ်ဦးနဲ့တစ်ဦး လိုအင်ဆန္ဒတွေကို ပွင့်လင်းစွာ ပြောပြတိုင်ပင်ဖို့ အကြံပြုချင်ပါတယ်။
(၂) တောင်းဆိုပါ ဖိအားမပေးပါနဲ့
Photo : Better Humans
လိင်မှုဆိုင်ရာ လိုအင်ဆန္ဒ တွေအကြောင်းပြောတဲ့အခါ တစ်ဖက်လူကို ဖိအားပေးတဲ့ ပုံစံမဖြစ်ဖို့ အရေးကြီးပါတယ်။ ကွီးတို့ရဲ့ စိတ်ဆန္ဒတွေ ၊ လိုချင်တပ်မက်တွေကို တစ်ယောက်နဲ့တစ်ယောက် ပြောပြတိုင်ပင်ပြီး နှစ်ဦးလုံး လုပ်ဆောင်ဖို့ ဆန္ဒရှိဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ့်ပါတနာရဲ့ စိတ်သဘောထား ဆန္ဒတွေကို လျစ်လျူရှုမယ် ၊ အတင်းအကျပ် ဖိအားပေးမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အပြန်အလှန်အနေနဲ့ ကိုယ့်ပါတနာရဲ့ လိုအင်တွေ ၊ စိတ်ဆန္ဒကိုလည်း နားထောင်ပေးပါ။ တစ်ယောက်နဲ့တစ်ယောက် ဘာလိုချင်လဲဆိုတာ ကောင်းစွာ သိရှိနားလည်မှသာ ပျော်ရွှင်စရာ လိင်မှုဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။
(၃) ငြင်းပယ်မှုတွေကို လက်ခံပါ
Photo : VOI
ကွီးတို့ရဲ့ လိုအင်ဆန္ဒ တိုင်းကို သဘောတူ လိုက်လျောပေးရမယ်လို့ သတ်မှတ်ထားလို့ မရပါဘူး။ ကွီးတို့ရဲ့ တောင်းဆိုမှုတိုင်းကို ဖြည့်ဆည်းပေးဖို့ ကွီးတို့ပါတနာမှာ တာဝန်မရှိဘူးဆိုတာကိုလည်း လက်ခံရပါမယ်။ သေချာတာကတော့ အပေးအယူမျှမျှနဲ့ ပျော်ရွှင်ကျေနပ်ဖွယ်ရာ လိင်မှုဘဝတစ်ခုဆိုတာဟာ နှစ်ဦးသား တိုင်တိုင်ပင်ပင်နဲ့ သဘောတူလက်ခံမှု ရှိဖို့က အရေးကြီးဆုံးပါပဲ။ အကယ်၍များ တစ်ယောက်ရဲ့ တောင်းဆိုမှုကို တစ်ယောက်က ငြင်းပယ်လာတဲ့အခါမှာလည်း သဘောထားကြီးစွာနဲ့ လက်ခံပေးနိုင်ရပါမယ်။
Source : Lifehacker
Featured Photo : Times of India