မန်ချက်စတာယူနိုက်တက် ရဲ့ လီဗာပူးလ် နဲ့ပွဲစဉ်က ဆိုးရွားလွန်းတဲ့စွမ်းဆောင်ရည်ကြောင့် ရန်းနစ်ခ် ဟာ ၎င်းရဲ့အသင်းက လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ၎င်းတို့ရဲ့ ပြိုင်ဘက် အနေအထားလောက်ပဲ ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Man United Goalkeeper David De Gea

Photo: Express

မန်ချက်စတာယူနိုက်တက်ဟာ အင်္ဂါနေ့ညမှာ လီဗာပူးလ်နဲ့ ဘယ်လိုမှ ယှဉ်ကစားနိုင်ခဲ့ခြင်းမရှိဘဲ ကလော့ပ်ရဲ့အသင်းဟာ ၄-၀ နဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးကို တက်လှမ်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ရန်းနစ်ခ်ရဲ့ ယာယီနည်းပြဘဝဟာ လက်ကျန် ၅ ပွဲသာ ကျန်ရှိတော့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာ ရာသီပြီးဆုံးချင်နေတာဖြစ်ပေမယ့်လည်း ဂျာမန်လူမျိုးနည်းပြက ပွဲအပြီးမှာ ၎င်းရဲ့အသင်းက ၂၀၁၆ ခုနှစ်တုန်းက လီဗာပူးလ်ကို ကလော့ပ် တာဝန်စယူတုန်းက အနေအထားလောက်ပဲရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

“ယာဂန် လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ရောက်လာခဲ့ပြီး ခင်ဗျား သူ ဆက်ခံခဲ့ရတဲ့လူစာရင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သူက ၈ ပွဲ၊ ၉ ပွဲကစားပြီးမှ ရောက်လာခဲ့ပြီး အဆင့် ၈ နဲ့ ရာသီပြီးဆုံးနိုင်ခဲ့တယ်။ အဲဒါက ကျွန်တော်တို့ လက်ရှိ အဲဒီအတိုင်းဖြစ်နေပါတယ်။ သူက အဲဒီရာသီမှာ ပျမ်းမျှရမှတ် ၁.၆ မှတ်ရှိခဲ့ပေမယ့် အဲဒီရာသီအပြီး အပြောင်းအရွှေ့စျေးကွက်တိုင်းမှာ ဒီနေ့ရှိနေတဲ့ လူစာရင်းမျိုး ဖွံ့ဖြိုးလာအောင် လုပ်နိုင်ခဲ့တယ်”

Mohamed Salah of Liverpool celebrates scoring their side's fourth goal during the Premier League match between Liverpool and Manchester United at Anfield

Photo: Sky Sports

ရန်းနစ်ခ်က မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်အတွက် ကလော့ပ် လူစာရင်းထဲ ခေါ်တောင် မခေါ်ခဲ့တဲ့ ကစားသမားတွေကို ထောက်ပြခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေမှာ ယူနိုက်တက်ရဲ့ ကစားသမားသစ်စုဆောင်းမှုနဲ့ပတ်သက်ပြီး ပြဿနာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဘယ်သူ့ကိုမှ အပြစ်တင်နေတာမဟုတ်ပါဘူး။ ကျွန်တော့် ကစားသမားကိုလည်း မပြစ်မတင်သလို ဘယ်သူ့ကိုမှလည်း အပြစ်မတင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ သူတို့တွေမှာ ရှိတဲ့ လူစာရင်းက ဘယ်လိုမျိုးလဲဆိုတာကို သိဖို့ လိုပါတယ်။ သူတို့ရဲ့ အရန်ခုံတန်းကို ကြည့်လိုက်ပါ။ လူစာရင်းထဲမှာတောင် မပါခဲ့တဲ့ သူတို့ရဲ့ ကစားသမား ၄ ဦးကို ကြည့်လိုက်ပါ။ ဖာမီနိုတစ်ယောက်ပဲ ဒဏ်ရာရလို့မပါခဲ့တာပါ”

“ချန်ဘာလိန်က လူစာရင်းထဲမှာ မပါခဲ့ဘူး။ မီနာမီနိုလည်း လူစာရင်းထဲမပါဘူး။ ဟာဗေး အဲလီးယော့တ်မပါဘူး။ ဒါက သူတို့တွေ ယာဂန်နဲ့ ပြီးခဲ့တဲ့ ၆ နှစ်အတွင်းမှာ အတူတူ အလုပ်လုပ်ပြီး တည်ဆောက်ခဲ့တဲ့ ဘယ်လိုအသင်းမျိုးလဲ၊ ဘယ်လိုအရည်အသွေးမျိုးလဲဆိုတာကို ပြသနေတာပါ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Sportbible