ဟောလိဝုဒ်ထိပ်တန်း မင်းသားကြီး လီယိုနာဒို ဒီကာပရီယို ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအားလုံး သိကြမှာပါ။ Titanic ရုပ်ရှင်ဇာတ်ကားမှာ မင်းသမီးချော ကိတ်ဝင်းစလတ်နဲ့အတူ အပြောင်မြောက်ဆုံး အနုပညာစွမ်းရည်တွေကိုချပြနိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ အားပေးမှု တခဲနက်ရခဲ့သလို Catch Me If You Can ၊ The Wolf of Wall Street တို့လို နာမည်ကြီး ဇာတ်ကားများစွာနဲ့လည်း ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။ လီယိုနာဒို ဒီကာပရီယို ဟာ အနုပညာသက်တမ်းတစ်လျှောက် ရုပ်ရှင်ကားပေါင်း ၂၉ ကား ရိုက်ကူးခဲ့ပြီး ဒီထဲကမှမင်းသားကြီး လီယိုနာဒိုဒီကာပရီယိုရဲ့ အမာခံ ပရိသတ်စစ်စစ်တွေ ကြည့်ကိုကြည့်ရမယ့် ဇာတ်ကားကောင်း အချို့ကို ဒီဆောင်းပါးလေးကနေတဆင့် ညွှန်းဆိုပေးချင်ပါတယ်။

(၁) The Great Gatsby (2013)

Source : Rotten Tomatoes Trailers

The Great Gatsby (2013) ဇာတ်ကားကတော့ လီယိုနာဒို ဒီကာပရီယိုရဲ့ အချစ်ဒရမ်မာ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဒီနေ့အချိန်အထိ လူကြိုက်များနေဆဲဖြစ်တဲ့ အကျော်ကြားဆုံး ရုပ်ရှင်တစ်ကားလို့ ဆိုရမှာပါ။ မင်းသားကြီး လီယိုနာဒို ဒီကာပရီယို နဲ့အတူ မင်းသမီးချော Carey Mulligan တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး Tobey Magurie ၊ Joel Edgerton ၊ Elizabeth Debicki ၊ Isla Fisher ၊ Jason Clarke နဲ့ Amitabh Bachchan တို့လို နာမည်ကြီးသရုပ်ဆောင်တွေ အများကြီး အားဖြည့်ရိုက်ကူး ထားပါတယ်။ ဇာတ်ရှိန်အတက်အကျ ၊ အချိုးအကွေ့များစွာနဲ့ကြာချိန် ၂ နာရီခွဲနီးပါ ကြာမြင့်တဲ့ ဒီဇာတ်ကားဟာ IMDb RATING 7.2/10 ရရှိထားတဲ့ အကောင်းဆုံး အချစ်ဒရမ်မာ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၂) Marvin’s Room (1996)

Source : Miramax

Marvin’s Room (1996) ဇာတ်ကားက ဒရမ်မာဇာတ်ကားကောင်း ကြိုက်သူတွေအတွက်ပါ။ မိသားစုဒရမ်မာ ဇာတ်ကားကောင်းကောင်း ကြည့်ချင်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ Scott McPherson ရဲ့ဇာတ်ညွှန်းကို ဒါရိုက်တာ Jerry Zaks က အကောင်းဆုံး ပြန်လည်ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပြီး မင်းသမီးကြီး Meryl Streep ၊ Diane Keaton တို့နဲ့အတူ မင်းသား လီယိုနာဒို ဒီကာပရီယိုရဲ့ ငယ်ဘဝပုံရိပ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ IMDb RATING 6.7/10 ရရှိထားတဲ့ အကောင်းဆုံး မိသားစုဒရမ်မာ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။

(၃) The Basketball Diaries (1995)

Source : Rotten Tomatoes Classic Trailers

ဒီဇာတ်ကားကတော့ အမေရိကန် စာရေးဆရာနဲ့ ကဗျာဆရာ Jim Carroll ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို လိုက်လျောညီထွေဖြစ်အောင် ရုပ်ရှင်ပြန်လည် ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ Carroll ရဲ့ ဆယ်ကျော်သက်အရွယ် ဘဝဖြတ်သန်းပုံတွေကို အပြောင်မြောက်ဆုံး ရိုက်ပြထားပြီး မင်းသား လီယိုနာဒို ဒီကာပရီယိုနဲ့ Mark Wahlberg တို့ရဲ့ တွဲဖက်ညီတဲ့ သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားဟာ IMDb RATING 7.3/10 ရရှိထားတဲ့ လီယိုနာဒို ဒီကာပရီယို ရဲ့ အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။

(၄) Shutter Island (2010)

Source : Rotten Tomatoes Classic Trailers

Shutter Island ရုပ်ရှင်ဇာတ်ကားကတော့ မင်းသား လီယိုနာဒို ဒီကာပရီယို ရဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေထဲက တစ်ကားပါ။ IMDb RATING 8.2/10 အထိ ရရှိထားပါတယ်။ ဒီဇာတ်ကားမှာ မင်းသား လီယိုနာဒို ဒီကာပရီယိုနဲ့အတူ မင်းသားချော Mark Ruffalo တို့က တွဲဖက်ညီညီ သရုပ်ဆောင်ထားပြီး လျို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပဟေဠိဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်တွေကို တဝကြီးကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

(၅) Revolutionary Road (2008)

Source : Rotten Tomatoes Classic Trailers

တိုက်တန်းနစ် ရုပ်ရှင်ဇာတ်ကားမှာ မင်းသား လီယိုနာဒို ဒီကာပရီယို နဲ့ မင်းသမီးချော ကိတ်ဝင်းစလတ်တို့ရဲ့ တွဲဖက်ညီတဲ့ သရုပ်ဆောင်ချက်တွေကို မြင်တွေ့ခဲ့ရ သလိုပါပဲ Revolutionary Road (2008) ဇာတ်ကားဟာလည်း သူတို့နှစ်ဦးရဲ့ အတွဲညီမှု ၊ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေကို မြင်ရမယ့် နောက်ထပ်ဇာတ်ကားကောင်း တစ်ကားပါ။ နာမည်ကြီး ဒါရိုက်တာ Sam Mendes ရဲ့ လက်ရာဖြစ်ပြီး ငယ်ရွယ်တဲ့ဇနီးမောင်နှံနှစ်ဦးရဲ့ အိမ်ထောင်ရေး အခင်းအကျင်းကို အကောင်းဆုံး အနုပညာမြောက်စွာ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာလည်း IMDb RATING 7.3/10 အထိ ရရှိထားပါတယ်။

Featured Photo : Neal Street Productions