အလုပ်မှာ တိုးတက်ဖို့ဆို လုပ်ငန်းခွင်စွမ်းဆောင်မှု Level အမြင့်မှာ ရှိနေဖို့ လိုပါတယ်။ လုပ်ရည်ကိုင်ရည် တိုးတက်လာခြင်းဟာ ဘဝအခွင့်အလမ်းသစ်တွေ ဖော်ဆောင်နိုင်ဖို့ လမ်းကြောင်းချလိုက်တာပါပဲ။ ဘဝအဆင့် မြင့်မားစေဖို့ဆို ကိုယ့်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ လိုပါတယ်။ ဒါကြောင့်ပဲ လုပ်ငန်းခွင် မှာ ကိုယ့်ရဲ့  စွမ်းဆောင်ရည် မြှင့်တင်စေမယ့် လျှို့ဝှက်ချက်လေးတချို့ အကြောင်း မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

(၁) ခန္ဓာကိုယ်ကို လှုပ်ရှားပေးပါ

Exercises

Photo : Pexels

ဦးနှောက်စွမ်းရည်ကို လှုံ့ဆော်ပေးဖို့ ခန္ဓာကိုယ် လှုပ်ရှားမှု လိုပါတယ်။ ရုပ်ပိုင်းလှုပ်ရှားချက်တွေဟာ စိတ်စုစည်းမှုနဲ့ နိုးကြားမှုကို နှိုးဆွပေးနိုင်စွမ်း ရှိပါတယ်။ ကာယလှုပ်ရှားမှုတွေဟာ ခန္ဓာကိုယ်တည်ဆောက်ပုံကို ပိုကောင်းစေသလို ကိုယ်အလေးချိန်လျှော့ချတာ ၊ နှလုံးလုပ်ဆောင်ချက် မြှင့်တင်တာတွေ လုပ်ပေးနိုင်ပါတယ်။ ဒီနည်းနဲ့ စိတ်နဲ့ ဇီဝကမ္မဆိုင်ရာ လုပ်ဆောင်ချက်တွေအတွက် အကျိုးများလာတာ ဖြစ်ပါတယ်။

(၂) အလုပ်ဝန်မပိခင် အရင်နားပါ

Read

Photo : Pexels

လူတွေဟာ အလုပ်ကို မနားတမ်း နာရီနဲ့ချီ ဆက်တိုက် လုပ်ရတာကို ဂုဏ်ယူစရာလို့ ထင်ကြပါတယ်။ တကယ်က အလုပ်ကို တောက်လျှောက်ထိုင်လုပ်နေတာထက် အနားယူလိုက် အလုပ်လုပ်လိုက် လုပ်တာက ရေရှည်မှာ အလုပ်ဝန်ပိတာမျိုးလည်း ရှောင်ရှားနိုင်သလို အလုပ်လုပ်တိုင်းလည်း အားပြည့်အင်ပြည့်နဲ့ အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။

(၃) များများအိပ်ပါ

Sleep

Photo : Pexels

အိပ်စက်ခြင်းဟာ ထိပ်တန်းစွမ်းအင်တစ်ခုပါပဲ။ အိပ်စက်မှုကနေ လူရဲ့ ကိုယ်စိတ် ကျန်းမာချမ်းသာရေးအတွက် အဘက်ဘက်က အကျိုးကျေးဇူးတွေ အများကြီး ပေးနိုင်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ချိန်မှာ ဦးနှောက်အတွင်းက Cerebrospinal Fluid လို့ခေါ်တဲ့ အရည်ဟာ တစ်နေ့လုံး ဦးနှောက်ထဲမှာ ဖွဲ့တည်နေတဲ့ အဆိပ်အတောက်တွေကို ရှင်းထုတ်ပေးနိုင်စွမ်း ရှိပါတယ်။ အိပ်စက်မှုကနေ ဦးနှောက်ထဲက ပြန့်ကြဲနေတဲ့ မှတ်ဉာဏ်တွေ ပြန်စုစည်းပေးပြီး စိတ်ခံစားချက်နဲ့ ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။

(၄) အစားရှောင်ပါ

Breakfast

Photo : Pexels

ဥပုသ်စောင့်ခြင်းဆိုတာ ဘာသာရေးအလေ့ဆိုပေမယ့် ကိုယ်ရောရုပ်ပါ ကျန်းမာရေးအတွက်လည်း အကျိုးများပါတယ်။ ဥပုသ်စောင့်ခြင်းအားဖြင့် မလိုလားအပ်တဲ့ ကိုယ်အလေးချိန် လျော့ကျစေသလို ဦးနှောက်စွမ်းရည်ပါ မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ လေ့လာမှုတွေအရ တစ်ပတ်တစ်ခါဖြစ်ဖြစ် အစားရှောင် ဥပုသ်စောင့်ခြင်းအားဖြင့် စွမ်းအင် Level တက်လာစေသလို အိပ်စက်မှုလည်း ပိုကောင်းပြီး လိင်မှုစွမ်းရည်ပါ မြှင့်တင်ပေးနိုင်စွမ်း ရှိပါတယ်။

Featured Photo : lifehack