လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်ပိုမို ပြသနိုင်ဖို့ ၊ တော်တဲ့ထက်တဲ့ ဝန်ထမ်းကောင်းတစ်ယောက်လာဖို့ ကွီးတို့ရဲ့ လိုအပ်ချက်တွေ ၊ ကျွမ်းကျင်မှုတွေကို မြှင့်တင်ရမှာဖြစ်သလို စိတ်ရောကိုယ်ပါ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ဖို့ လိုပါမယ်။ လုပ်ငန်းခွင် အတွင်း စွမ်းဆောင်ရည် ပိုကောင်းချင်တယ် ၊ လုပ်ရည်ကိုင်ရည် ပိုတက်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အချက်လေးတွေကို သိထားဖို့ လိုပါမယ်။

(၁) အပြုသဘောဆောင်တဲ့ စိတ်ကိုမွေးမြူပါ

employee

Photo : LinkedIn

အပြုသဘောဆောင်တဲ့ ရှုထောင့်တွေကို အာရုံစိုက်ပြီး အဆိုးမြင်တဲ့ အတွေးအမြင်တွေကို ရှောင်ရှားတဲ့အခါ လုပ်ငန်းခွင် အတွင်းမှာ သင့်ရဲ့စွမ်းဆောင်ရည်ဟာ ပိုတက်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုးမြင်စိတ်ဟာ ကွီးတို့ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းနဲ့ စိတ်အားတက်ကြွမှုတွေကို ကျဆင်းစေပြီး အလုပ်ခွင်မှာ မပျော်မရွှင် ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ခွင်အတွင်းမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ ၊ ပျော်ရွှင်တက်ကြွမှုရှိစေဖို့ တက်နိုင်သမျှ အပြုသဘောဆောင်တဲ့ စိတ်ထားကို မွေးမြူသင့်ပါတယ်။

(၂) အချိန်ဇယားနဲ့ အလုပ်လုပ်ပါ

Time Management

Photo : Forbes

လုပ်ငန်းတာဝန်တွေကို ပြီးမြောက်မှုရှိရှိနဲ့ အလုပ်တာဝန်တွေကို ပြီးပြတ်ပိုင်နိုင်အောင် ၊ တာဝန်ကျေပွန်အောင် လုပ်ဆောင်နိုင်ဖို့ဟာ ဝန်ထမ်းတိုင်းမှာ လိုအပ်တဲ့ အခြေခံ လုပ်ငန်းခွင်ဆိုင်ရာ စွမ်းရည်တစ်ခုပါပဲ။ အဓိကအားဖြင့် သင်တာဝန်ယူထားရတဲ့ အလုပ်တွေကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ဆိုရင် အချိန်ဇယားနဲ့ အလုပ်လုပ်တက်တဲ့ အကျင့်ကို မွေးမြူရပါမယ်။ တစ်နေ့တာအတွင်းမှာ လုပ်စရာတွေ ၊ ဖြတ်ရမယ့် အလုပ်တွေ ၊ Deadline တွေ အားလုံးကို သေချာအချိန်ဇယားနဲ့ အစီအစဉ်ချပြီး လုပ်ကိုင်တက်တဲ့ အကျင့်ကို မွေးမြူမယ်ဆိုရင် လုပ်ငန်းစွမ်းဆောင်ရည်လည်း ပိုမိုတိုးတက်ပြီး ပျော်ရွှင်ဖွယ်ရာ အလုပ်ခွင်တစ်ခု ဖြစ်စေမှာပါ။

(၃) ပြဿနာတွေကို ဖြေရှင်းဖို့ အဖြေရှာပါ

Find solutions
Photo : TechNation Magazine

အခြေအနေတိုင်းမှာ ပြဿနာတွေဆိုတာ ရှိပါတယ်။ ပြဿနာတိုင်းအတွက် အဖြေဆိုတာလည်း ရှိတယ်ဆိုတာကိုလည်း သေချာလေး သိထားဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင် မှာ ထင်မှတ်မထားတဲ့ ပြဿနာတွေ ၊ အဟန့်အတားတွေ ပေါ်လာတဲ့အခါ အကောင်းဆုံး ဖြေရှင်းနိုင်မယ့် အဖြေကို ရှာရပါမယ်။ တစ်ကိုယ်တော်ဖြစ်စေ ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ဖြစ်စေပူးပေါင်းပြီး ပြဿနာတွေကို အဖြေရှာဖို့ လိုပါတယ်။ ပြဿနာတစ်ခုကို ဖြေရှင်းလိုက်နိုင်ခြင်းဟာ သင့်အတွက် စိတ်ခွန်အားနဲ့ စိတ်အားတက်ကြွမှုတွေကို ရရှိစေနိုင်မှာဖြစ်တာကြောင့် ပြဿနာတွေကို မကြောက်ပါနဲ့။ ရှောင်မပြေးပါနဲ့။ ဘယ်လို ဖြေရှင်းရမလဲ ၊ အကောင်းဆုံး ရလဒ်တစ်ခုထွက်အောင် ဘယ်လို အဖြေရှာရမလဲဆိုတာကို သေချာဆန်းစစ်ပါ။ ပြဿနာတွေကို ဖြေရှင်းလာနိုင်တာနဲ့အမျှ သင့်ရဲ့ စွမ်းဆောင်ရည် ဟာ ပိုမိုတိုးတက်ကောင်းမွန်လာမှာဖြစ်ပြီး နောက်ထပ်စိန်ခေါ်မှုအသစ်တွေကိုလည်း ကြိုဆိုဖို့ အသင့်ဖြစ်နေပါစေလိမ့်မယ်။

Source : Indeed

Featured Photo : Insureon