လုပ်ငန်းခွင်မှာ ရာထူးတိုး ခံရခြင်းသည် ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ် လမ်းကြောင်းပေါ်မှာ ရရှိနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ သို့သော် ကံမကောင်းစွာနဲ့ပင် လူတိုင်းသည် လုပ်ငန်းခွင် မှာ ရာထူးတိုး ခံရတာမဟုတ်ပါဘူး။ ရာထူးတိုးခံရဖို့အတွက် အလုပ်ကြိုးစားဖို့လည်း လိုအပ်သလို စိတ်ရှည်လက်ရှည်နဲ့ သည့်ခံ စောင့်ဆိုင်းတတ်ဖို့လည်း လိုအပ်ပါတယ်။

အလုပ်ဇွဲကပ်လွန်းတာသည် မှားတဲ့အရာတော့မဟုတ်ပေမယ့် အလုပ်တွေ ပိလွန်းပြီး စိတ်ဖိစီးမှုတွေ မများဖို့လည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ လူတိုင်းသည် လုပ်ငန်းခွင် မှာ ရာထူးတိုး ကာ လစာတိုးချင်ကြတာပါပဲ။ ဒါ့ကြောင့်လည်း အလုပ်ကို အသည်းအသန်တွေ ကြိုးစားပြီး ကိုယ့်ရဲ့အလုပ်ရှင် သဘောကျအောင် ပြုလုပ်နေကြရတာဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန် ပျောက်ဆုံးပြီး အလုပ်တွေပဲ သည်းကြီး မည်းကြီး လုပ်နေတဲ့အခါ လုပ်ငန်းခွင် မှာ ရာထူးတိုး ခံရလည်း ကြာလာရင် ပျော်မှာမဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ကိုယ့်ကို ပေးအပ်ထားတဲ့ တာဝန်ကိုသာ ပြီးမြောက်အောင် ပြုလုပ်ပါ။ တဆင့်ချင်းစီ ခြေတစ်လှမ်းချင်းစီ သွားပါ။ ဒါဆိုရင်တော့ မိမိမျှော်လင့်ထားတဲ့ ရက် တစ်ရက် ရောက်လာပါလိမ့်မယ်။

ကွီးတို့ မျှော်လင့်ထားတဲ့ ရက် ရောက်ခါနီးတဲ့အခါ အခုဖော်ပြပေးမယ့် လက္ခဏာများကို တွေ့မြင်နိုင်ပါတယ်။

ကိုယ့်ကို ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်အောင်မြင်စွာ လုပ်ဆောင်နိုင်တဲ့အခါ

လုပ်ငန်းခွင် ရာထူးတိုး

သင်သည် ကိုယ့်ကို ပေးအပ်ထားတဲ့ တာဝန်တွေကို ပျက်ကွက်ခြင်းမရှိဘဲ အချိန်မှိ ပြုလုပ်နိုင်တယ်ဆိုရင်တော့ သေချာပါတယ်၊ သင်သည် မကြာခင်အချိန်မှာ သင့်ရဲ့ အရည်အချင်းကို အသိအမှတ်ပြု ခံရမှာပါ။ ကိုယ့်ရဲ့လုပ်ငန်းတာဝန်များကို တာဝန်ပြီးမြောက်ရုံ ပြုလုပ်ထားထက် ကိုယ် ပြုလုပ်ထားတဲ့အရာသည် ကွာလတီကောင်းပြီး အပြစ်အနာအဆာမရှိဘူးဆိုရင်တော့ လုပ်ငန်းခွင် မှာ ရာထူးတိုး တာ ပိုမြန်ပါလိမ့်မယ်။ သင်သည် အလုပ်ပြီးမြောက်ရုံအတွက်သာ အလုပ်ခန့်ခြင်း ခံရတာမဟုတ်ပါဘူး။ အရည်အသွေး ပြည့်မှီပြီး ကွာလတီကောင်းတဲ့ အလုပ်တာဝန်များကို ပြီးမြောက်အောင် ပြုလုပ်ဖို့အတွက် အလုပ်ခန့် ခံရတာကိုလည်း မမေ့ပါနဲ့။

တာဝန်ကြီးတဲ့ ပရောဂျက်များ လုပ်ဖို့ တာဝန်ပေးခံရတဲ့အခါ

လုပ်ငန်းခွင် ရာထူးတိုး

နောက်ထပ် ကောင်းမွန်တဲ့ လက္ခဏာတစ်ခုကတော့ သင်သည် အဖိုးတန် ပရောဂျက်များ၊ တာဝန်ကြီးလေးတဲ့ ပရောဂျက်များကို လုပ်ဆောင်ဖို့ရန်အတွက် တာဝန်ပေးခံရတာပဲဖြစ်ပါတယ်။ ထိုတာဝန်များသည် တွေ့သမျှလူတိုင်းကို ပေးအပ်နေတဲ့အရာမဟုတ်ပါဘူး။ ထိုကဲ့သို့သော ပရောဂျက်များသည် အချိန်ပေးရပြီး အလွန်အကျွံ အားစိုက်ထုတ်ရတဲ့အတွက်ကြောင့် အမှန်တကယ် လုပ်ရည်ကိုင်ရည်ရှိပြီး လုပ်ကိုင်နိုင်တဲ့သူကိုသာ တာဝန်ပေးအပ်တာဖြစ်ပါတယ်။ တခါတလေမှာ ကုမ္ပဏီထဲမှာ ထိုကဲ့သို့သော လုပ်ရည်ကိုင်ရည်ရှိတဲ့လူမျိုး မရှိတဲ့အခါ ကုမ္ပဏီအပြင်က ကျွမ်းကျင်သူများကို လုပ်ခလစာပေးကာ လုပ်ခိုင်းလေ့ရှိကြပါတတယ်။

တကယ်လို့ သင်သည် ထိုကဲ့သို့သော ပရောဂျက်မျိုးကို လုပ်ဆောင်ဖို့အတွက် တာဝန်ပေးခံရတဲ့အခါ အခွင့်အရေးကို လက်လွတ်မခံပါနဲ့။ ကိုယ့်အနေနဲ့ ယုံကြည်ချက်မရှိဘူး။ အမှားတွေ ပြုလုပ်မိမှာ ကြောက်ရွံ့နေတယ်။ အောင်မြင်ပါ့မလား ဆိုပြီး သံသယဝင်နေပေမယ့်လည်း မိမိက ပုံမှန်လုပ်နေကျအတိုင်း အကောင်းဆုံးနှင့် အရည်အသွေး ပြည့်မှီအောင်သာ ပြုလုပ်ပေးလိုက်ပါ။ မုချအောင်မြင်မှာဖြစ်ပါတယ်။

ခေါင်းဆောင်နေရာ ယူခိုင်းတဲ့အခါ

လုပ်ငန်းခွင် ရာထူးတိုး

ခေါင်းဆောင်နေရာသည်လည်း အင်မတန်မှ အရေးကြီးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ သင့်ကို အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်လိုက်တာမျိုးသည် တစ်ချိန်ချိန်မှာ သူ မျက်နှာလွှဲလို့ရပြီး သူ့အစား သင်က စီမံခန့်ခွဲနိုင်ဖို့အတွက်ပါ။ တကယ်လို့သင်သည် ယခုလို ခေါင်းဆောင်ပိုင်းမှာ မကြာခဏ တာဝန်ပေးအပ်ခံရတဲ့အခါမှာလည်း ကိုယ့်ရဲ့အဖွဲ့သားများကို သေချာစီမံခန့်ခွဲနိုင်အောင် စွမ်းရည်ပြသဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ သူဌေး၊ ကိုယ့်ရဲ့ လုပ်ငန်းရှင် လိုချင်တဲ့ ရလဒ်ကို ပြသနိုင်မှသာလျှင် သင်သည် သူ မျက်နှာလွှဲလို့ရပြီး သင့်အစား တာဝန်များကို စီမံခန့်ခွဲနိုင်ကြောင်း သိသွားပါလိမ့်မယ်။ ဒါမှလည်း ရုံးခွဲများ ဖွင့်တဲ့အခါ သင့်ကို ရာထူးကြီးကြီးတစ်ခု ကမ်းလှမ်းမှာဖြစ်ပြီး သူ့ရဲ့ လုပ်ငန်းများသည်လည်း ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဝန်ထမ်းသစ်တွေ ခန့်တော့မယ်ဆိုရင် သင်သည် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ရတဲ့အခါ

man interview

ဝန်ထမ်းသစ်တွေ ခန့်ခြင်းသည် ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ လွတ်လပ်နေတဲ့နေရာကို ဘယ်သူ့ကို ခန့်အပ်ရမလဲဆိုပြီး စဉ်းစားရတဲ့ ကိစ္စသည်လည်း ခေါင်းခြောက်စရာ ကိစ္စတစ်ခုပါ။ တကယ်လို့ သင်သည် ဝန်ထမ်းသစ် ခန့်တဲ့အခါ သင့်ရဲ့ ဆုံးဖြတ်ချက်ကို မေးမြန်းလာပြီဆိုရင် သေချာပါတယ်၊ သင်သည် သင် မသိလိုက်ဘဲနဲ့ တဖြည်းဖြည်း ရာထူးတိုးခံနေရတာဖြစ်ပါတယ်။ မကြာခင်အချိန်မှာပဲ တရားဝင် ရာထူးတိုးခံရတော့မှာဖြစ်ပါတယ်။

ရှိပြီးသား ဝန်ထမ်းဟောင်းရော အသစ်ဝင်လာတဲ့ ဝန်ထမ်းသစ်များကိုပါ လေ့ကျင့်ပေးရတဲ့အခါ

training

ရှိပြီးသား ဝန်ထမ်းဟောင်းများနှင့် အသစ်ဝင်လာတဲ့ ဝန်ထမ်းများကိုပါ လေ့ကျင့်ပေးရတဲ့အခါ ခေါင်းဆောင်ကောင်းတစ်ယောက်ရ့ အရည်အချင်းတွေသည်လည်း လိုအပ်ပါတယ်။ အခြားသူများကို လေ့ကျင့်ပေးရဖို့အတွက် ကိုယ့်ဆီမှာ အရင်ဦးဆုံး အရည်အချင်းတွေ ပြည့်ဝနေဖို့လိုအပ်ပါတယ်။ ဒါမှသာ ဝန်ထမ်းသစ်နှင့် ဝန်ထမ်းဟောင်းများရှေ့တွင် အရှက်မကွဲမှာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ သင်သည် အခြားသူများကို လေ့ကျင့်ပေးရာမှာလည်း အရည်အချင်းရှိကြောင်း သိနားလည်လာတဲ့အခါ ရုံးခွဲများ ထပ်ဖွင့်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ရှိပြီးသားရုံးမှာပဲ ရာထူးကြီးကြီး တစ်နေရာ ပေးတာပဲဖြစ်ဖြစ် ပြုလုပ်လာပါလိမ့်မယ်။

ဒါ့ကြောင့် ကွီးတို့သည် ကိုယ့်ရဲ့အရည်အချင်းများကို ဖြည်းဖြည်းချင်းစီ ဖြည့်တင်းသွားပြီး ပုံမှန်အတိုင်း အလုပ်ကြိုးစားရုံမျှဖြင့် ကိုယ် မျှော်လင့်တဲ့နေ့တစ်နေ့ကို ရောက်ရှိလာမှာပဲဖြစ်ပါတယ်။

Source: Successstory

Featured Image: Livecareer