တစ်ကိုယ်ရည် သန့်ရှင်းမှုဟာ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အရေးပါသလို လိင်မှုဘဝမှာလည်း အများကြီး အရေးပါတယ်ဆိုတာ သိထားသင့်ပါတယ်။ လိင်မှုကိစ္စနဲ့ ပတ်သတ်လာရင် အများစုကတော့ လိင်အင်္ဂါ သန့်ရှင်းရေးကိုပဲ အဓိကထား လုပ်ဆောင်ကြပေမယ့် တကယ်တော့ လုံခြုံစိတ်ချရပြီး ကျန်းမာတဲ့ လိင်မှုဘဝကို ရရှိဖို့ လက်သန့်ရှင်းရေးဟာလည်း အများကြီး အရေးပါပါတယ်။ လက်တွေဟာ လိင်အင်္ဂါတွေအပေါ် ထိတွေ့ကိုင်တွယ် နှိုးဆွတဲ့အခါမှာ အသုံးပြုကြရတာ ဖြစ်တဲ့အတွက် သန့်ရှင်းမှုရှိနေဖို့က သေချာပေါက် လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အတူမနေခင် အရင်ဆုံး ဘာကြောင့် လက်ဆေး သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိစေတယ်
Photo : UofL Health
တစ်ကိုယ်ရည် သန့်ရှင်းမှုလို့ ပြောလိုက်တာနဲ့ လက်သန့်ရှင်းရေးဟာ အဓိကကျတဲ့ နေရာကနေ ပါဝင်ပါတယ်။ လက်တွေကို သန့်ရှင်းအောင် ဆေးကြောထားမယ်ဆိုရင် အတူနေချိန်မှာ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေကို မကူးစက်စေဖို့ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
(၂) ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေကို လျှော့ကျစေတယ်
Photo : Franciscan Health
လက်တွေ ညစ်ပတ်နေမယ်ဆိုရင် ဆီးလမ်းကြောင်းထဲကို ဘက်တီးရီးယားတွေ ဝင်လာနိုင်ပါတယ်။ ဆေးကြောသန့်စင်ထားခြင်းမရှိတဲ့ လက်နဲ့ လိင်အင်္ဂါတွေကို ထိတွေ့ကိုင်တွယ်တဲ့အခါ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs) ရနိုင်ခြေကို တိုးစေပါတယ်။ ဒါကြောင့် လိင်မှုကိစ္စ မစတင်ခင်မှာ လက်တွေကို သေချာဆေးကြောဖို့ လိုပါတယ်။
(၃) ယားယံခြင်းတွေကို လျှော့ချပေးတယ်
Photo : National Geographic
တခါတရံမှာ အမွှေးနံ့သာတွေ ဒါမှမဟုတ် ဓာတုပစ္စည်းတွေနဲ့ အခြားအလှကုန်ပစ္စည်းတွေရဲ့ လက်ကျန်အစိတ်အပိုင်းတွေဟာ ကွီးတို့ရဲ့လက်မှာ ကပ်ညှိကျန်ရစ် နေနိုင်ပါတယ်။ ဒါတွေနဲ့ ကန့်သတ်ဧရိယာတဝိုက်က အစိတ်အပိုင်းတွေကို ထိတွေ့ကိုင်တွယ်မိတဲ့ခါ ယားယံမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အတူမနေခင် လက်ကို ဆပ်ပြာအပျော့စားနဲ့ အရင်ဆုံး သန့်ရှင်းအောင်ဆေးတာက ပိုကောင်းပါတယ်။
(၄) ဓာတ်မတည့်မှုကို လျှောချပေးတယ်
Photo : ICU Production
သန့်ရှင်းမှုမရှိတဲ့ လက်တွေဟာ လိင်အင်္ဂါတွေကို နီမြန်းခြင်း သို့မဟုတ် ပူစပ်ပူလောင်ဖြစ်ခြင်း ကဲ့သို့သော ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်ပါတယ်။ အခြေခံအားဖြင့် ဒါဟာ မိန်းမကိုယ်နဲ့ လိင်တံကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ ဒါကြောင့် လိင်အင်္ဂါတွေကို ထိတွေ့ကိုင်တွယ်မှု မပြုခင်မှာ လက်တွေကို သေချာဆေးကြောထားပါ။
(၅) အနံ့ဆိုးထွက်ခြင်းကို ကာကွယ်ပေးတယ်
Photo : Popular Science
အတူမနေခင် လက်ဆေးထားမယ်ဆိုရင် လိင်အင်္ဂါတွေကနေ မနှစ်မြို့ဖွယ် အနံ့ဆိုးတွေကို ဖြစ်စေနိုင်တဲ့ အညစ်အကြေးတွေအားလုံး ဖယ်ရှားပေးပါတယ်။ အနံ့အသက် ကင်းကင်းနဲ့ ပိုမိုပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဆိုင်ရာ အတွေ့အကြုံကို ခံစားရရှိနိုင်ဖို့ဆိုရင် လက်ဆေး ခြင်းက သေချာပေါက် အရေးပါတဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။
Source : Healthshots
Featured Photo : Sleep.com