ချမ်းသာတဲ့ လူတွေကတော့ တစ်စထက် တစ်စ ချမ်းသာလာပြီး ကြီးပွားချမ်းသာစိတ် ရှိပေမယ့် ဒုံရင်းက ဒုံရင်းအတိုင်းပဲ ဖြစ်နေတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့ လိုအပ်လာပါပြီ။ အခုဖော်ပြပေးမယ့် အချက်တွေနဲ့ ပြန်သုံးသပ်ကြည့်လိုက်ပါ။ ဒီအချက်တွေကို ပြု လုပ် နေသရွေ့ ကွီးတို့က ဒီဘဝမှာ ချမ်းသာ လာနိုင်စရာ အကြောင်းမရှိပါဘူး။

(၁) အဆက်မပြတ် ဝယ်ယူနေခြင်း

man buying clothes

ယနေ့ခေတ်မှာ အွန်လိုင်းရှော့ပင်းတွေက ခေတ်စားလာတဲ့အခါကျတော့ တစ်ခုခု ဝယ်ချင်ရင် အွန်လိုင်းပေါ်ကနေ ဝယ်လိုက်ရုံပဲဆိုတော့ တော်တော်လေးကို အဆင်ပြေပါတယ်။ ဒါပေမဲ့ ကိုယ် ဝယ်တဲ့ ပစ္စည်းက ကိုယ် အမှန်တကယ် လိုအပ်သလား၊ (သို့) မလိုအပ်ဘဲနဲ့ ကိုယ့်စိတ်ကို အလိုလိုက်ပြီး ဝယ်မိနေသလားဆိုတာကို ပြန်စဥ်းစားကြည့်လိုက်ပါ။ မလိုအပ်တာတွေကို အဆက်မပြတ် ဝယ်ယူနေမယ်ဆိုရင် ဘယ်လိုမှ စုမိ ဆောင်းမိမှာမဟုတ်ပါဘူး။

(၂) ကိုယ်ရတဲ့ လခထက် ပိုသုံးနေခြင်းနှင့် ချေးငှားတတ်တဲ့ အကျင့်ရှိခြင်း

borrow money

ကိုယ် ရတဲ့ လခကို စုဖို့ စိတ်မကူးဘဲနဲ့ လခရတာနဲ့ သုံးပစ်တတ်တဲ့ အကျင့်ရှိပါသလား။ သုံးတာတောင်မှ ကိုယ့်ရဲ့ ဝင်ငွေထက် ကျော်လွန်ပြီး သုံးနေမိတယ်ဆိုရင်တော့ သွားပါပြီ။ အဲ့ဒီလိုကနေ ချေးငှားတတ်တဲ့ အကျင့် ပေါ်လာမယ်။ ထိုမှတဆင့် လစာရလိုက်၊ အကြွေး ပြန်ဆပ်လိုက်နဲ့ သံသရာ လည်နေဦးမှာပဲဖြစ်ပါတယ်။

(၃) ရင်းနှီးမြှုပ်နှံမှု မရှိခြင်း

လုပ် ချမ်းသာ

ဒီနေ့ခေတ်မှာ အလုပ်တစ်ခုတည်း လုပ်ရုံပဲ ဆိုရင်တော့ စားဖို သောက်ဖို့လောက်သာ ကာမိမှာပါ။ အမှန်တကယ် ချမ်းသာ ချင်တယ်ဆိုရင်တော့ Passive Income လည်း ရှိဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ အဓိက အလုပ်ကို မထိခိုက်မယ့် အချိန်ပိုင်း အလုပ်တစ်ခုရှာပါ။ ထိုကနေတဆင့် ဝင်ငွေ တိုးလာတဲ့အခါ ရင်းနှီးမြှုပ်နှံဖို့ လမ်းကြောင်းရှာပါ။ ဒါဆိုရင်တော့ ဝင်ငွေတွေက တဖြည်းဖြည်း တိုးလာမှာပဲ ဖြစ်ပါတယ်။

(၄) ဝင်ငွေတိုးလာသည်နှင့်အမျှ သုံးစွဲမှုနှုန်းလည်း တိုးလာခြင်း

လုပ် ချမ်းသာ

ဝင်ငွေတွေ တိုးလာပြီဆိုပြီး အသုံးအဖြုန်းတွေက လိုက်တိုးနေလို့ မရပါဘူး။ အရင်ကထက် ပိုပြီး ခြစ်ခြစ် ကုတ်ကုတ် စုဆောင်းတတ်ဖို့ လိုပါလိမ့်မယ်။ တကယ်လို့သာ ဝင်ငွေတိုးတိုင်း အသုံး အဖြုန်းပါ လိုက်တိုးနေမယ်ဆိုရင်တော့ ကျားကြီး ခြေရာကြီးပဲ ဖြစ်သွားပါလိမ့်မယ်။ ပလိုင်းပေါက်နဲ့ ဖားကောက်သလို ဝင်ငွေတိုးအောင် ကြိုးစားတာတွေသည် အချည်းနှီးပဲ ဖြစ်သွားပါလိမ့်မယ်။

(၅) အပျင်းတစ်နေခြင်း

လုပ် ချမ်းသာ

အလုပ်လုပ်ဖို့အတွက်တော့ စိတ်မကူးဘဲ အပျင်းတစ်ပြီး အချိန်ဆွဲနေမယ်ဆိုရင်တော့ ကွီးတို့ဆီ ပိုက်ဆံတွေက စလိုးမိုးရှင်းနဲ့ပဲ ဝင်လာမှာပါ။ အလုပ်လုပ်မှာ ပိုက်ဆံ ရှိမှာပါ။ အလုပ်မလုပ်ဘဲ ထိုင်နေရုံနဲ့တော့ ပိုက်ဆံတွေက သူ့အလိုလို ခြေထောက်ပေါက်ပြီး ရောက်မလာပါဘူး။ ဒါ့ကြောင့် အချိန်ရှိခိုက်မှာ လုံ့လစိုက်ကာ အလုပ်လုပ်ပါ။ ဒါမှသာ အသက်ကြီးလာလို့ အလုပ် မလုပ်နိုင်တဲ့အခါ ငယ်စဥ်က ရှာဖွေ စုဆောင်းထားတာတွေနဲ့ ရပ်တည်နိုင်မှာပဲ ဖြစ်ပါတယ်။

(၆) တစ်နေ့တာ အသုံးစရိတ်ကို စာရင်း မမှတ်ထားခြင်း

လုပ် ချမ်းသာ

တစ်နေ့တာ အသုံးစရိတ်များကို စာရင်း မှတ်ထားခြင်းက ကောင်းတဲ့ အလေ့အကျင့်ကောင်းတစ်ခုပဲဖြစ်ပါတယ်။ တစ်နေ့ တစ်နေ့ သုံးစွဲသွားတဲ့ ပမာဏကို ကြည့်ကာ ကိုယ့်လက်ထဲမှာ ဘယ်လောက်ကျန်သေးသလဲ၊ ဘယ်လောက်ပဲ သုံးသင့်သလဲဆိုတာကို ချိန်ဆမိသွားပါလိမ့်မယ်။ နို့မဟုတ်ရင် အသုံးစရိတ်တွေကို မမှတ်ထားတဲ့အခါ တံခါးမရှိ ဓားမရှိနဲ့ ပိုက်ဆံကို ရေလို သုံးစွဲနေမိမှာ မလွဲမသွေပါပဲ။

ဒီအချက်တွေထဲက ဘယ်နှချက်လောက်ကို ကွီးတို့ ပြုလုပ်နေမိပြီလဲ။

ဒီအချက်တွေ အကုန်လုံးကို ပြု လုပ် နေမိမယ်ဆိုရင်တော့ ကွီးတို့ ချမ်းသာ ဖို့ လမ်း မမြင်ပါဘူး။ ကွီးတို့က အမှန်တကယ် ချမ်းသာချင်တယ်ဆိုရင်တော့ ဒီအကျင့်ဆိုးများကို ဖျောက်ဖျက်ဖို့ လိုပါလိမ့်မယ်။

ထိုအကျင့်ဆိုးများကို ဖျောက်ဖျက်ဖို့အတွက် ဒီနေ့ပဲ အစပြုလိုက်ပါ။

Source: Yourinvestmentpropertymag

Featured Image: Freepik