လိင်ဆက်ဆံခြင်းက အရွယ်ရောက်ပြီးသား လူတစ်ယောက်အတွက် သဘာဝသာဖြစ်ပြီး စိတ်လှုပ်ရှားပျော်ရွှင်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့ပေမယ့် လိင်ဆက်ဆံခြင်းကို သတိထားဆင်ခြင်မှု မရှိတဲ့အခါ အပျော်ကနေ အပျက်ဖြစ်လာနိုင်ပြီး မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကြုံတွေ့နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ရော၊ ကွီးတို့ရဲ့ ပါတနာပါ စိတ်ကျေနပ်မှုအပြည့်အဝနဲ့ ရေရှည်မှာ ပျော်ရွှင်ဖို့အတွက် လုံခြုံဘေးကင်းစွာ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို ပြုလုပ်နိုင်ဖို့ သိထားရမယ့် အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ပါတနာအသစ်နဲ့ လိင်ဆက်ဆံမှု မစတင်ခင်မှာ သေချာစဉ်းစားပါ။ အချင်းချင်း လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ နောက်ကြောင်းကို  ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါများနဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုမရှိတာ သေချာပါစေ။

လုံခြုံဘေးကင်းစွာ

Photo : K-Y

(၂) ဘေးကင်းလုံခြုံသော လိင်ဆက်ဆံမှုလို့ဆိုရာမှာ အများစု သိထားသလိုပဲ ကွန်ဒုံးအသုံးပြုဖို့ အရေးကြီးပါတယ်။ ကွန်ဒုံးအသုံးပြုခြင်းက နှစ်ဦးနှစ်ဖက် စလုံးအတွက် ကောင်းကျိုးရှိစေပါတယ်။ ကွန်ဒုံးအသုံးပြုခြင်းကြောင့် ကိုယ်ဝန်ရရှိခြင်းကို ကာကွယ်နိုင်ပါတယ်။ ကွန်ဒုံးက ရေယုန် နဲ့ ဆီးပူညောင်းကျရောဂါနဲ့ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ အချို့သောရောဂါများကို ကာကွယ်ရာတွင် အသုံးဝင်သည်မှန်သော်လည်း လိင်အင်္ဂါကြွက်နို့များ၊ ဆစ်ဖလစ် သို့မဟုတ် HIV ကဲ့သို့သော အခြားရောဂါများကို အပြည့်အဝ မကာကွယ်နိုင်ပေ။ အထိုက်အလျောက်သာ ကာကွယ်ပေးနိုင်တာကို နားလည်ထားရပါမယ်။

(၃) အရက်သေစာ သောက်စားထားခြင်း၊ မူးယစ်ဆေးဝါးများ သုံးစွဲထားပြီး လိင်ဆက်ဆံခြင်းက အန္တရာယ်များပြီး မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ အကျိုးဆက်တွေကြုံတွေ့နိုင်တာကြောင့် ထိုအချိန်မှာ လိင်ဆက်ဆံမှု မပြုလုပ်မိပါစေနဲ့။

လုံခြုံဘေးကင်းစွာ

Photo : The Times of India

(၆) လိင်ဆက်ဆံဖော် အရေအတွက်များများ ထားရှိခြင်းနဲ့ သေချာမသိသော လူများနဲ့ လိင်ဆက်ဆံခြင်းကို လုံးဝ ရှောင်ပါ။ ဒီအချက်က လိင်မှတစ်ဆင့်ကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားခြင်းနဲ့ အခြားသော ကျန်းမာရေး ပြဿနာများ ဖြစ်ပွားနိုင်ခြေ အရမ်းကို မြင့်မားပါတယ်။

(၇) ကွီးတို့ရော၊ ကွီးတို့ပါတနာ နှစ်ဦးစလုံးမှာ လိင်ကတဆင့်ကူးစက်ရောဂါ (STI) မရှိရင်၊ ထိုတစ်ဦးတည်းနဲ့ လိင်ဆက်ဆံခြင်းက ဘေးကင်းတယ်လို့ ယူဆရပါတယ်။ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ ရှိမရှိကို နှစ်ဦးစလုံး စစ်ဆေးမှု ခံယူထားသင့်ပါတယ်။ သို့သော်လည်း လိင်ဆက်ဆံမှုပုံစံအားလုံးက အန္တရာယ်ရှိနိုင်တာကြောင့် အတတ်နိုင်ဆုံး အထူးသတိထားလိုက်နာတာ အကောင်းဆုံးပါပဲ။

Photo : Proactive Men’s Medical Center

(၄) ကွီးတို့အနေနဲ့ မိမိရဲ့ခန္ဓာကိုယ်မှာ ဖြစ်စေ၊ မိမိပါတနာရဲ့ ခန္ဓာကိုယ်မှာ ဖြစ်စေ၊ နာကျင်ခြင်း၊ အရည်ကြည်ဖုများ၊ အဖုများ သို့မဟုတ် အရည်ထွက်ခြင်း စတဲ့ လက္ခဏာများရှိမရှိကို မကြာခဏ စစ်ဆေးပါ။ အကယ်၍ ဒီလိုလက္ခဏာတွေကို တွေ့ရှိခဲ့ပါက လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုများကို ရပ်တန့်ပြီး ဆရာဝန်နဲ့ စစ်ဆေးမှုကို ခံယူပါ။

(၅) ကွီးတို့ရဲ့ လိင်အင်္ဂါနဲ့ လိင်အင်္ဂါတစ်ဝိုက် မူမမှန်မှုတွေ ခံစားနေရင်လည်း လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ မပြုလုပ်တာ အကောင်းဆုံးပါပဲ။ ဆရာဝန်နဲ့ သေချာပြသဖို့ လိုပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်မှာ သက်တောင့်သက်သာမရှိတာ၊ မူမမှန်မှုတာတွေကို ခံစားရပါကလည်း မပေါ့ဆပဲ ကျန်းမာရေးစောင့်ရှောက်မှုကို အမြန်ဆုံးခံယူသင့်ပါတယ်။

ကွီးတို့ရေ ရေရှည်မှာ ပျော်ဖို့အတွက် လုံခြုံဘေးကင်းစွာ ချစ်တတ်စေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါတယ်။

Source : Johns Hopkins Medicine

Featured Photo : VOI