ဖိုမဆက်ဆံမှုဆိုတာဟာ သက်ရှိလူသားတွေအတွက်တော့ သဘာဝဆိုင်ရာ ဖြစ်စဉ်တစ်ခုပါပဲ။ သို့သော် လိင်မှုဆိုင်ရာအထိအတွေ့ ခံစားမှုအရသာကို စူးစမ်းရှာဖွေကြတဲ့အခါ မလိုလားအပ်တဲ့ ကိုယ်ဝန်ရခြင်း ၊ လိင်ကနေတဆင့် ရောဂါပိုးကူးစက်ခံရခြင်း စတဲ့ အခြေအနေတွေကို ရှောင်ရှားနိုင်ဖို့အတွက် လုံခြုံစိတ်ချမှုရှိတဲ့ လိင်ဆက်ဆံမှုတစ်ခု ဖြစ်ဖို့အရေးကြီးပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကွီးတို့အနေနဲ့ ချစ်သူလေးနဲ့ ချစ်ကြည်နူးတစ်တူတီးတဲ့အခါတိုင်းမှာ လုံလုံခြုံခြုံ ချစ်မီးလှုံ နိုင်ဖို့ လိုက်နာရမယ့် အချက်လေးတွေကို မျှဝေပေးပါမယ်။
(၁) BYOC စည်းမျဉ်းကို လိုက်နာပါ
Photo : Times Now
BYOC စည်းမျဉ်းဆိုတာ Bring Your Own Condom ပါ။ ကိုယ့်ရဲ့ လုံခြုံစိတ်ချမှုအတွက် ကိုယ့်မှာပဲ အပြည့်အဝတာဝန် ရှိပါတယ်။ ဒါကြောင့် ချစ်မီးလှုံ ကြမယ်ဆိုရင် ကိုယ့်အတွက် ကွန်ဒုံးကို ကိုယ်တိုင်ယူလာပါ။ အနီးကပ်မှ ပြေးဝယ်တာမျိုး ၊ အရံသင့်ဆောင်မထားပဲ မီးစင်ကြည့်ကတာမျိုး မလုပ်ပါနဲ့။ ကြိုတင်ပြင်ဆင်မှုဟာ စိတ်ချလုံခြုံတဲ့ အခြေအနေကို ဖန်တီးပေးပါတယ်။
(၂) လိင်မှုဆိုင်ရာ စကားဝိုင်းတွေမှာ ပါဝင်ဆွေးနွေးပါ
Photo : POPSUGAR
ကိုယ်က လိင်မှုကိစ္စနဲ့ အတွေ့အကြုံ နုနယ်သေးတယ်ဆိုရင် ဝါရင့်တဲ့ အတွေ့အကြုံများတဲ့ ဘော်ဒါတွေနဲ့ စကားဝိုင်းဖွဲ့ ဆွေးနွေးတိုင်ပင်လို့ရပါတယ်။ လုံခြုံစိတ်ချမှုရှိတဲ့ လိင်ဆက်ဆံမှုဖြစ်ဖို့ ဘာတွေလိုက်နာရမလဲ ၊ ဘယ်အချက်တွေ ရှောင်ရမလဲဆိုတာ မေးမြန်းပါ။ လိင်မှုကိစ္စဆိုတာ တကယ်တော့ ရှက်စရာမဟုတ်တဲ့အတွက် လိုအပ်ပါက ကျွမ်းကျင်ဆရာဝန်နဲ့ ပညာရှင်တွေဆီကနေလည်း အကူညီအကြံဉာဏ်တောင်းခံလို့ရပါတယ်။
(၃) မလိုလားအပ်တဲ့ ကာကွယ်မှုတွေကို ရှောင်ပါ
Photo : Times of India
ချစ်မီးလှုံ တဲ့အခါ ပိုပြီး လုံခြုံစိတ်ချမှုရှိစေဖို့ အမျိုးသားရော အမျိုးသမီးပါ ကွန်ဒုံးတပြိုင်နက် အသုံးပြုတာမျိုး ၊ ယောကျာ်းလေးပဲ ကွန်ဒုံးကို နှစ်ထပ် / သုံးထပ် ထပ်ဝတ်တာမျိုး ဒီလို မလိုလားအပ်တဲ့ ကာကွယ်မှုတွေကို ရှောင်ကြဉ်ရပါမယ်။ တကယ်တော့ တစ်ယောက်တည်းကပဲ ကွန်ဒုံးတစ်ခုတည်းကို စနစ်တကျ အသုံးပြုမယ်ဆိုရင် လုံလောက်မှုရှိပြီ ဖြစ်ပါတယ်။
(၄) အန္တရာယ်ရှိတဲ့ ဆက်ဆံမှုတွေကို ရှောင်ပါ
Photo : Dr. Marianne Brandon
လုံခြုံစိတ်ချမှုရှိတဲ့ လိင်ဆက်ဆံမှုဖြစ်စေဖို့ တစ်ယောက်ကိုတစ်ယောက် အန္တရာယ်ရှိစေနိုင်တဲ့ ဆက်ဆံမှုတွေကို အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။
(၅) အပြန်အလှန် လေးစားမှုရှိပါ
Photo : Entity Mag
ချစ်တင်းနှောတဲ့အခါ နှစ်ဦးသားရဲ့ ကျန်းမာရေးအတွက် လုံခြုံစိတ်ချမှုရှိစေဖို့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားသမှုနဲ့ ဘေးကင်းရေးကို ဦးစားပေးလိုက်နာဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ကိုယ့်အနေနဲ့ ကွန်ဒုံးအသုံးပြုခြင်းကိုရှောင်ရှားဖို့ မတောင်းဆိုသင့်သလို ကိုယ်ကတောင်းဆိုမိပါကလည်း တစ်ဖက်ပါတနာအနေနဲ့ လိုက်လျောမှုမရှိဖို့ လိုပါတယ်။ ဒါဟာ အပြန်အလှန်လေးစားမှုနဲ့ နှစ်ဦးသားရဲ့ ဘေးကင်းရေးကို အလေးထားတဲ့ ချစ်စဖွယ် လက္ခဏာတစ်ခုပါပဲ။
ကဲဒါဆိုရင် ကွီးတို့အနေနဲ့ ကိုယ့် ချစ်သူလေးနဲ့ ချစ်ကြည်နူးတစ်တူတီးတဲ့အခါတိုင်းမှာ လုံလုံခြုံခြုံ ချစ်မီးလှုံ နိုင်ပြီပေါ့ဗျာ။
Featured Photo : Stigma Health