ကွီးတို့ရေ Google play store နှင့် Apple ၏ App Store တို့မှာ ကောင်းတဲ့ ဂိမ်းတွေနဲ့ ပြည့်နေသော်လည်း ဘယ်ဂိမ်းကို ဒေါင်းလုဒ်ဆွဲပြီး ကစားကြည့်သင့်လဲဆိုတာ ဆုံးဖြတ်ရ ခက်နေပါသလား။ ဂိမ်း Developer တွေက ၎င်းတို့ရဲ့ ဂိမ်းတွေကို တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်အောင် ကြိုးစားပြီး ဂိမ်း အသစ်အသစ်တွေကို ထည့်သွင်းထားပါတယ်။ ထို့အထဲကမှ မလွတ်တမ်း ကစားကြည့်သင့်တဲ့ ၂၀၂၂ ခုနှစ်အတွက် လူကြိုက်အများဆုံး မိုဘိုင်းလ်ဂိမ်း များကို ကွီးတို့အတွက်ဖော်ပြပေးချင်ပါတယ်။

(၁) GTA V (Grand Theft Auto V)

Source : Names Elory

၂၀၂၂ ခုနှစ်မှာ မလွတ်တမ်း ကစားကြည့်သင့်တဲ့ လူကြိုက်အများဆုံး မိုဘိုင်းလ်ဂိမ်း တစ်ခုကတော့ GTA V (Grand Theft Auto V) ဖြစ်ပါတယ်။ ဒီဂိမ်းကို Rockstar North မှ ထုတ်လုပ်ပြီး Rockstar Games မှထုတ်ဝေသော အမိုက်စား အက်ရှင်-စွန့်စားခန်း ဂိမ်းဖြစ်ပါတယ်။ ကောင်းမွန်လှတဲ့ Graphic တွေနဲ့ ဒီဂိမ်းကို iOS ရော Android မှာပါကစားနိုင်ပါတယ်။

(၂) Game of Thrones: Beyond the Wall

Source : GamesSpot Trailers

လူကြိုက်အများဆုံး စီရီးတွေတစ်ခုဖြစ်တဲ့ Game of Thrones ကို အခြေခံပြီး ရေးဆွဲထားတဲ့ မိုဘိုင်းလ်ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Game of Thrones စီးရီးကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် အကြိုက်တွေ့စေမဲ့ ဂိမ်းပါ။ ဘယ်လိုစိတ်ဝင်စားစရာ အချက်တွေနဲ့ စိတ်ကျေနပ်စေမလဲဆိုတာ သိရအောင် အခုပဲကစားလိုက်ပါ။

(၃) Assassin Creed: Valhalla

Source : Ubisoft

Assassin Creed: Valhalla ကတော့ Ubisoft Montreal မှထုတ်လုပ်ပြီး Ubisoft မှ၂၀၂၀ မှာ ဖြန့်ချီခဲ့တဲ့ အက်ရှင် ဗီဒီယိုဂိမ်း တစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းက အေဒီ ၈၇၂-၈၇၈ အချိန်များကို ဦးတည်ထားတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ကစားသမားတွေဟာ ဂိမ်းထဲက ဇာတ်ကောင်တွေကို ထိန်းချုပ်ပြီး စိတ်လှုပ်ရှားဖွယ် ကစားရမှာပါ။

(၄) Call of Duty

 

Source : Call of Duty

ကွီးတို့ကို ဒီနှစ်အတွက် လူကြိုက်အများဆုံး မိုဘိုင်းလ်ဂိမ်း များကို ပြောပါဆိုရင် ကွီးတို့ သိပြီးသားဖြစ်တဲ့ Call of Duty ကလည်း မပါမဖြစ်ပါပဲ။ ဒီဂိမ်းကို ၂၀၁၉ ခုနှစ်က စတင်ဖြန့်ချီခဲ့တာဖြစ်ပြီး iOS ရော Android မှာပါ အခမဲ့ ကစားလို့ရတဲ့ အက်ရှင် မိုဘိုင်းလ်ဂိမ်း တစ်ခုလည်းဖြစ်ပါတယ်။ အရမ်းကောင်းတဲ့ Graphics တွေနဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းသော အွန်လိုင်းတိုက်ပွဲများကို ဆင်နွှဲနိုင်ပါတယ်။

(၅) GRID Autosport

Source : Feral Interactive

ကားမောင်းပြိုင်တဲ့ Racing ဂိမ်းတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့ ရှိပါသလား။ ဒါဆိုရင်တော့ GRID Autosport ဆိုတဲ့ Racing Game လေးရှိပါတယ်။ GRID Autosport က ထွက်ရှိပြီးပြီးချင်းမှာပဲ ဖုန်းနဲ့ကစားလို့ရတဲ့ အကောင်းဆုံး Racing Game တစ်ခုဖြစ်လာပါတယ်။ ဒီ ဂိမ်းမှာ တကယ်ကိုကောင်းတဲ့ Graphics တွေနဲ့ Racing ပြိုင်ဖို့အတွက် စတိုင်လ် အမျိုးမျိုးပါရှိပါတယ်။ ဒီဂိမ်းဟာ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့ပေမဲ့ ဒီနှစ်အတွက် မလွတ်တမ်း ကစားကြည့်သင့်တဲ့ လူကြိုက်အများဆုံး မိုဘိုင်းလ်ဂိမ်း ထဲမှာပါဝင်နေဆဲ ပဲဖြစ်ပါတယ်။

Source : SEASIA

Featured Photo : Creed Valhalla