ဝီစကီ Whiskey တွေဟာ ချက်လုပ်တဲ့ ဒေသနဲ့ နည်းစနစ် ၊ သုံးစွဲတဲ့ အမယ်ပေါ် လိုက်ပြီး အနံ့ အရသာ ကွဲပြားမှု ရှိကြပါတယ်။ အထူးသဖြင့် ဝီစကီ Whiskey တွေထဲမှာ ထိပ်တန်း ဖြစ်တဲ့ စကော့ ဝီစကီ Whiskey တွေတောင် ဒေသပေါ် လိုက်ပြီး အနံ့ ၊ အရသာ ကွဲပြားတာပါပဲ။ ဝီစကီ Whiskey တွေထဲမှာ ပြင်းရှလှတဲ့ Smoky Taste ကို လူပြောများကြပေမယ့် ကမ္ဘာနဲ့ ယှဉ်လိုက်ရင် အကြိုက်တွေ ပြောင်းသွားပါတယ်။

စကော့တ်တွေထဲမှာ Single-Malted နဲ့ Blended ကွဲပြား ကြပေမယ့် ကမ္ဘာပေါ်က ဝီစကီ တွေထဲမှာ အရသာ အပြင်းရှဆုံးလို့ ဆိုပါတယ်။ သူ့အရသာက မီးခိုးတိုက်ထားတဲ့ ကျပ်ခိုးနံ့ Smoky နဲ့ ရေမှော်မီးရှို့နံ့ Peated လုပ်ထားတဲ့ Malted အနံ့မျိုးပါ။ စကော့တ်တွေမှာ အယ်လ်ကိုဟော ပါဝင်မှု ABV ကလည်း အနည်းဆုံး ၄၀% ရှိပါတယ်။ ဘာလီစေ့ကို အညှောင့်ဖောက်ပြီး Malt လုပ်ထားလို့ သိသာနေတာက Malt ဆန်တဲ့ အရသာပါ။ ဒါပေမယ့်လည်း ဒါကလည်း Malt လုပ်တဲ့ နည်းလမ်းပေါ် လိုက်ပြီး အနံ့ကွဲပြားမှု ရှိနိုင်ပါတယ်။

Whisky Cup

Photo : raconteur

ဝီစကီ Whiskey ထဲမှာ စကော့နဲ့ ယှဉ်နိုင်တဲ့ ဝီစကီ Whiskey တွေက အိုင်ယာလန်ထုတ် အိုင်းရစ်ဝီစကီ Whiskeyတွေပါ။ အိုင်းရစ်ဝီစကီ Whiskeyတွေကတော့ စကော့တွေထက် ပိုပြီး ညက်ညောတယ်။ သစ်သီးနံ့ နဲ့ ပန်းနံ့လေး သင်းနေတတ်တယ်။ သောက်လို့ အဝင်ချောတာကြောင့် အခုမှ ဝီစကီ Whiskeyစသောက်သူတွေအနေနဲ့ အိုင်းရစ်ဝီစကီ Whiskeyတွေကနေ စမ်းကြည့်တာ ပိုကောင်းပါတယ်။ စည်သွပ်ရာ သုံးတဲ့ ဝက်သစ်ချသားနဲ့ သက်တမ်းပေါ်လိုက်ပြီး အရသာ ကွဲပြားတတ်ပါတယ်။

နောက်တစ်မျိုးက ဘော်ဘွန်းပါ။ အမေရိကန်ဝီစကီ Whiskey တွေထဲမှာ ဘော်ဘွန်း ဝီစကီ Whiskey ၊ တင်နက်ဆီ ဝီစကီ Whiskey ၊ ရိုင်း ဝီစကီ Whiskey ၊ Corn ဝီစကီ Whiskey စသည်ဖြင့် ဝီစကီ Whiskeyအမယ်တွေ အများကြီး ရှိပါတယ်။ သုံးတဲ့ ပစ္စည်း (ဥပမာ- ပြောင်းဖူး ၊ ရိုင်းဂျုံ ၊ မုယော) တို့ပေါ်လိုက်ပြီး အနံ့ကွဲပြားပါတယ်။ တင်နက်ဆီ ဝီစကီ Whiskeyဆိုရင် ဘော်ဘွန်းအပျော့စားအဖြစ် ညွှန်းကြပါတယ်။ သောက်ရလွယ်ပြီး သူ့အနံ့ထဲမှာ ကျောက်မီးသွေးနံ့ ၊ သစ်သားမီးသင်းနံ့လေးတွေ ရနေတတ်ပါတယ်။

Whiskey

Photo : Forbes

ဝီစကီ Whiskey တွေထဲမှာ အာရှက ထွက်တဲ့ ဂျပန်ဝီစကီ Whiskey တွေလည်း ဈေးကွက်မှာ လူကြိုက်များလာပါတယ်။ ဂျပန်ဝီစကီ Whiskey တွေက တခြား ဝီစကီ Whiskey တွေလို Smoky သိပ်မဆန်ဘဲ သစ်သီးနံ့နဲ့ ပန်းနံ့ကဲပါတယ်။ ပျားရည်နံ့ ၊ လိမ္မော်သီးခွံနံ့ နဲ့ ချောကလိတ်အဖြူနံ့လေးတွေပါ ရှိလို့ အနံ့ထူးခြားတဲ့ ဝီစကီ Whiskey တွေအဖြစ်လည်း ကျော်ကြားပါတယ်။

Featured Photo : travelandleisure