Sex Toy လို့ခေါ်တဲ့ လူကြီးကစားစရာ အရုပ်တွေဆိုတာ တစ်ကိုယ်ရည် လိင်အာသာဖြေမှုအတွက် အသုံးပြုတဲ့ ပစ္စည်းတစ်ခုလို့ တော်တော်များများ သိထားကြပါတယ်။ တကယ်တော့ Sex Toy တွေကို ကိုယ့်ရဲ့ အဖော်နဲ့ ဆက်ဆံချိန်မှာ အသုံးပြုလို့ရနိုင်ပြီး မတူညီတဲ့ ခံစားမှုအတွေ့ အကြုံ အသစ်အဆန်းတွေ ရရှိခံစားရစေမှာ ဖြစ်သလို လိင်မှုဘဝ ပိုမိုသာယာဖို့အတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။ အိမ်ထောင် သည် ၊ ချစ်သူစုံတွဲတွေအနေနဲ့ လိင်ဆက်ဆံရာမှာ ဘာကြောင့် လူကြီးကစားစရာ Sex Toy တွေ သုံးသင့်လဲဆိုတဲ့ အကြောင်းအရင်းလေးတွေကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။
(၁) ခံစားမှု ပိုကောင်းစေတယ်
Photo : Good Clean Love
စုံတွဲတိုင်းကတော့ ချစ်ကြည်နူး တစ်တီတူးကြတဲ့အခါဝယ် ပျော်စရာကောင်းပြီး ရင်ခုန်ရတဲ့ ခံစားမှုမျိုးကို လိုချင်ကြသူတွေ ချည်းပါပဲ။ ဒီလို ရင်ခုန် စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံ အသစ်တွေကို လူကြီးကစားစရာ အသုံးပြုပေးခြင်းကနေ ခံစားရရှိနိုင်ပါတယ်။ လိင်ဆက်ဆံရာမှာ လူကြီးကစားစရာတွေ အသုံးပြုပေးတာက ကိုယ့်ပါတနာရဲ့ လိင်စိတ်ဆန္ဒကို ပိုပြီး နှိုးဆွပေးနိုင်မှာ ဖြစ်သလို နှစ်ဦးသား ဆက်ဆံရာမှာစိတ်အားတက်ကြွမှုအပြည့်နဲ့ ပိုမိုကောင်းမွန်တဲ့ ခံစားမှုအသစ်အဆန်းတွေ ခံစားရစေမှာ ဖြစ်ပါတယ်။
(၂) အထွတ်အထိပ် ရောက်စေတယ်
ဆေးပညာဆိုင်ရာ သုတေသီတွေရဲ့ လေ့လာမှုတွေအရ အမျိုးသမီး ၇၅ ရာခိုင်နှုန်းလောက်ဟာ ထိုးသွင်းဆက်ဆံမှုကနေဆင့် Orgasm မရနိုင်ကြဘူးလို့ ဆိုပါတယ်။ အမျိုးသမီး အများစု Orgasm ဖြစ်ဖို့ဆိုရင် Clitoris လို့ခေါ်တဲ့ မိန်းမကိုယ်အစေ့ကို ထိတွေ့လှုံ့ဆော်မှုရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံစဉ်မှာ တုန်ခါမှုရှိတဲ့ Sex Toy တွေကို အသုံးပြုပေးတာဟာ ကိုယ့်ပါတနာကို အထွတ်အထိပ် မြန်မြန် ရောက်စေဖို့ လှုံဆော်ပေးနိုင်ပြီး စိတ်ကျေနပ်သာယာမှု အပြည့်အဝပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
(၃) ရင်းနှီးမှု တိုးစေတယ်
Photo : Wday.ru
လိင်မှုကိစ္စဆိုတာ တစ်ယောက်နဲ့ တစ်ယောက် တက်ညီလက်ညီနဲ့ အပေးအယူ မျှတမှု ရှိမှလည်း ကြည်နူးပျော်ရွှင် ချစ်ပွဲဝင်နိုင်မှာဖြစ်ပြီး ချစ်မှုရေးရာ သုခအဖြာဖြာကို ခံစားရစေမှာ ဖြစ်ပါတယ်။ လိင်ဆက်ဆံမှုမပြုခင်မှာ အထိအတွေ့ ၊ ကြိုတင်နှိုးဆွမှုတွေနဲ့ ကိုယ့်အဖော်ရဲ့ စိတ်ဆန္ဒကိုနိုးကြားတက်ကြွလာအောင် နှိုးဆွလှုံ့ဆော်ပေးဖို့ကလည်း အရေးကြီးပါတယ်။ Sex Toy တွေအသုံးပြုပြီး ထိတွေ့နှိုးဆွမှု ပြုလုပ်ပေးတာဟာ ကိုယ်နဲ့ ကိုယ့်အဖော် နှစ်ဦးစလုံးရဲ့ စိတ်ဆန္ဒကို ပိုမိုတက်ကြွနိုးကြားစေမှာ ဖြစ်သလို တစ်ဦးနဲ့ တစ်ဦးကြားက ရှက်ရွံစိတ်နဲ့ ဖိအားတွေကို လျော့ကျကာ ရင်းနှီးမှု ပိုတိုးစေမှာ ဖြစ်ပါတယ်။
Featured Photo : Medium