ကွီးတို့ ညစ်ညမ်းရုပ်ရှင်တွေ အလွန်အကျွံကြည့်မိနေပြီလား ? ညစ်ညမ်းရုပ်ရှင်တွေ အလွန်အကျွံ ကြည့်တာဟာ လက်တွေ့မကျ လိင်စိတ်ဆန္ဒတွေကို ဖြစ်ပေါ်စေတဲ့အပြင် ကွီးတို့ရဲ့ ပြင်ပလိင်မှုဘဝအပေါ်မှာပါ ဆိုးကျိုးတွေ အများကြီး သက်ရောက်စေနိုင်ပြီး သင့် လက်တွဲဖော်ချစ်သူနဲ့ ကြားက ဆက်ဆံရေးမှာပါ စိန်ခေါ်မှုတွေ အများကြီး ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လူကြီးကားတွေ အလွန်အကျွံကြည့်တာဟာ ကွီးတို့ရဲ့ လိင်မှုဘဝအပေါ် ဘယ်လောက်အထိ ဆိုးကျိုးသက်ရောက်စေလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ ဖြစ်လာမယ်

Pornography Addiction

Photo : Simcoe Addiction and Mental Health

လူကြီးကားတွေဟာ ကြည့်ရှုသူတွေအတွက် ဖျော်ဖြေမှုသပ်သပ်ဖြစ်တာကြောင့် တစ်ခါတစ်လေမှာ လက်တွေ့ဘဝထဲက ကွဲထွက်နေတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို တင်ဆက်ချပြလေ့ ရှိပါတယ်။ ဒါတွေကို ပြင်ပလက်တွေ့ဘဝနဲ့ နှိုင်းယှဉ်ပြီး တလွဲမျှော်လင့်ချက်တွေ ထားနေမိမယ်ဆိုရင်တော့ အပျက်သဘောဆောင်တဲ့ ရလဒ်တွေကိုပဲ ဖြစ်ပေါ်လာစေမှာပါ။ ညစ်ညမ်းရုပ်ရှင်တွေ အလွန်အကျွံကြည့်တာက ခန္ဓာကိုယ်ပုံသဏ္ဍာန် ၊ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ပါတနာရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၂) စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီး အားမလိုအားမရ ခံစားရမယ်

Pornography Addiction

Photo : D\’Amore Mental Health

ညစ်ညမ်းရုပ်ရှင်တွေထဲက သရုပ်ဆောင်တွေကို ကြည့်ရင် အိပ်ရာပေါ်မှာ အမြင့်ဆုံးစွမ်းဆောင်ရည် ၊ သာမာန်ထက်ပိုတဲ့ စွမ်းဆောင်ရည် ပြသမှုတွေကို မြင်တွေ့ရလေ့ ရှိပါတယ်။ တကယ်တော့ လက်တွေ့ဘဝနဲ့ ညစ်ညမ်းသရုပ်ဆောင်တွေရဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ပြကွက်တွေဟာ အများကြီး ကွဲပြားခြားနားပါတယ်။ သူတို့နဲ့ ကြည့်ပြီး ကိုယ့်ရဲ့ စွမ်းဆောင်ရည်အပေါ် အားမလိုအားမရဖြစ်မယ် ၊ ဖိအားတွေ ပေးနေမိမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ချစ်ခင်လေးစားမှုလည်း လျှော့ကျလာမှာဖြစ်ပြီး လိင်မှုဆိုင်ရာ ပျော်ရွှင်မှုကို အဟန့်အတား ဖြစ်လာစေနိုင်ပါတယ်။

(၃) ပါတနာနဲ့ ဆက်ဆံရေး ပျက်ပြားလာမယ်

Pornography Addiction

Photo : Recreate Life Counseling

လိင်စိတ်ကျေနပ်မှုအတွက် လူကြီးကားတွေ ကိုပဲ အလွန်အကျွံ မှီခိုအားပြုနေမယ်ဆိုရင်တော့ လက်တွေ့ဘဝက သင့်လက်တွဲဖော်ပါတနာနဲ့ ချစ်ခင်ရင်းနှီးမှု ၊ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုတွေမှာ ပြဿနာတွေ အများကြီး ရှိလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်လက်တွဲဖော် ပါတနာနဲ့ လက်တွေ့ဘဝထဲက ဆက်ဆံရေးကို မပျက်စီးစေဖို့ လူကြီးကားတွေကို လျှော့ကြည့်ပြီး လက်တွေ့ကျတဲ့ ပြင်ပဘဝ ဆက်ဆံရေးအပေါ်မှာပဲ အာရုံစိုက်သင့်တယ်လို့ အကြံပေးချင်ပါတယ်။

(၄) စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာမယ်

Pornography Addiction

Photo : Scottsdale Recovery Center

လူကြီးကားတွေ ကို စွဲစွဲလမ်းလမ်း ကြည့်မိလာတာနဲ့အမျှ သင့်ဘဝထဲက အလုံးစုံသော ကာမသုခခံစားမှုတွေအပေါ်မှာ ထိခိုက်မှုတွေ အများကြီး ဖြစ်လာစေနိုင်ပြီး လက်တွေ့ဘဝက လိင်မှုဆိုင်ရာ အတွေ့အကြုံတွေကိုပါ စိတ်ဝင်စားမှု လျော့နည်းသွားစေ နိုင်ပါတယ်။ ညစ်ညမ်းရုပ်ရှင်တွေကို စွဲလမ်းခြင်းက သင်နဲ့ သင့်ပါတနာကြားက ဆက်ဆံရေးကိုသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အနှောင့်အယှက် ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

Source : Healthshots

Featured Photo : Medium