ဝတ်စားဆင်ယင်မှုဟာ အမျိုးသားတစ်ယောက်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ကိုယ်ကျင်လည်ရာ ပရော်ဖက်ရှင်နယ် နေ့စဉ်ဘဝကိုလိုက်ပြီး လိုက်ဖက်ညီစွာ ဝတ်စားဆင်ယင်တတ်ဖို့လည်း လိုပါတယ်။ ကွီးတို့ တာဝန်ယူထားရတဲ့ နေရာ အနေအထားအလိုက် ဝတ်စားဆင်ယင်ပုံကလည်း အရေးကြီးပြီး ကွီးတို့ရဲ့ နေ့စဉ်ဘဝအပေါ် သက်ရောက်မှု ကြီးမားပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အမျိုးသားတစ်ယောက်အတွက် လူကြီးလူကောင်းဆန်ဆန် ဝတ်စားဆင်ယင် တတ်စေဖို့ သိထားရမဲ့ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

ကွီးတို့နဲ့ လိုက်ဖက်တဲ့ အဝတ်အစား ဖြစ်ပါစေ

လူကြီးလူကောင်းဆန်ဆန် ဝတ်စားဆင်ယင်

Photo : Suit Express

ကွီးတို့ရေ လူကြီးလူကောင်းဆန်ဆန် ကြည်လင်ပြတ်သားတဲ့ အရိုးရှင်းဆုံး ဝတ်စားဆင်ယင် ပုံ နည်းလမ်းတွေထဲက တစ်ခုကတော့ ကွီးတို့နဲ့လိုက်ဖက်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ခြင်းပါပဲ။ အဝတ်အစားဝယ်တဲ့ အခါကွီးတို့နဲ့ လိုက်ဖက်တဲ့ အရွယ်အစားကို ရွေးချယ်ပါ။ ဘယ်တော့အခါမှ ကွီးတို့ ခန္ဓာကိုယ်ထက် ပွလွန်းသော၊ ကျပ်လွန်းသော အဝတ်အစားများကို မရွေးချယ်မိပါစေနဲ့။

သက်တောင့်သက်သာ ဖြစ်သော အဝတ်အစားများကို ရွေးချယ်ပါ

လူကြီးလူကောင်းဆန်ဆန် ဝတ်စားဆင်ယင်

Photo : Best Life

အဝတ်အစားများကို နေ့စဉ် ဒါမှမဟုတ် အချိန်ကြာကြာ ဝတ်ဆင်ရတယ်ဆိုရင် သက်တောင့်သက်ဖြစ် ဖို့ကအရေးကြီးပါတယ်။ ဝတ်ဆင်တဲ့အခါမှာ သက်တောင့်သက်သာ ဖြစ်မနေလျှင် ကွီးတို့ကို ဘယ်လိုမှ စမတ်ကျစေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သက်တောင့်သက်သာ ဖြစ်တဲ့ အဝတ်အစားတွေကို သပ်ရပ်စွာ ဝတ်ဆင်ခြင်းက ကွီးတို့ကို ကြည့်ကောင်းစေမှာပါ။

ဖိနပ်များကို သေချာရွေးချယ်ပါ

လူကြီးလူကောင်းဆန်ဆန် ဝတ်စားဆင်ယင်

Photo : Arad branding

လူကြီးလူကောင်းဆန်ဆန် သို့မဟုတ် ပရော်ဖက်ရှင်နယ်ကျကျ ဝတ်စားဆင်ယင်ချင်တယ်ဆိုရင် ဖိနပ်များကိုလည်း ဂရုပြုဖို့ မမေ့ပါနဲ့။ လူတစ်ယောက်မှာ ဝတ်စားဆင်ယင်မှုက ထိုသူရဲ့ First Impression အပေါ်သက်ရောက်မှုကြီးမားပါတယ်။ ထို့အတူ ဖိနပ်များဟာလည်း ဝတ်စားဆင်ယင်မှုထဲမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ထို့အပြင် ဖိနပ်များဟာ နေ့စဉ်သုံးပစ္စည်း တစ်ခုထက်တဲ့အပြင် ရွေးချယ်ဝတ်ဆင်တဲ့အသွင်အပြင်ကိုလိုက်ပြီး စတိုလ်ကျမှုနဲ့ ဖက်ရှင်ပိုင်းမှာလည်း ကွဲပြားစွာအကျိုး သက်ရောက်ပါတယ်။ အထူးသဖြင့် ကွီးတို့ ဝတ်ဆင်ထားတဲ့ ဝတ်စုံနဲ့ လိုက်ဖက်တဲ့ ဖိနပ်ကို ရွေးချယ်ဝတ်ဆင်ပြီး အမြဲ သန့်ရှင်းတောက်ပြောင်နေပါစေ။ ဒါကြောင့် အရည်အသွေးကောင်းသော ဖိနပ်များကိုလည်း သင့်တင့်တဲ့ အတိုင်းအတာတစ်ခုထိ ရင်းနှီးမြှပ်နှံတာဟာ လုံးဝ မမှားပါဘူး။

အသေးစိတ်ကို ဂရုပြုပါ

gentle style

Photo : YouTube

ကွီးတို့ရေ ဝတ်စားဆင်ယင်မှုမှာ အသေးအဖွဲ့ ကအစ ဂရုပြုတတ်ဖို့လိုပါတယ်။ ကွီးတို့ ရှပ်အင်္ကျီ လက်ကြယ်သီးများကို တပ်ဆင်ထားတာ သေချာပါစေ။ အရောင် အတွဲအဆက်ကိုလည်း အလေးထားပါ။ နာရီ အစရှိတဲ့ အသုံးအဆောင်များကိုလည်း ဝတ်စားဆင်ယင်မှုနဲ့ လိုက်ဖက်ညီတာ ဖြစ်ပါစေ။ ပြီးလျှင် ကြယ်သီးများ ပြုတ်နေတာမျိုးဆိုလျှင်လည်း ဝတ်ဆင်သွားခြင်းမျိုး မလုပ်ပါနဲ့၊ အစရှိတဲ့ အသေးစိတ် အချက်အလက်တွေကို ဂရုပြုခြင်းက ကွီးတို့ရဲ့ ဂန္ထဝင်ဆန်တဲ့ အသွင်အပြင်ကို အထောက်အကူပြုပါလိမ့်မယ်။

နက်ကတိုင်

necktie

Photo : Pinterest

နက်ကတိုင်ကလည်း ကိုယ့်ရဲ့ ဝတ်စုံနဲ့ လိုက်ဖက်ညီစွာ စနစ်တကျ ဝတ်ဆင်ရာတွင် အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒါကြောင့် ကွီးတို့အနေနဲ့ အနောက်တိုင်းဝတ်စုံ အတွက်ဖြစ်စေ၊ အရေးကြီးတဲ့ ပွဲအခမ်းအနားတွေအတွက်ဖြစ်စေ၊ နေ့စဉ် ပရော်ဖက်ရှင်နယ် ဘဝအတွက်ဖြစ်စေ၊ ရွေးချယ်ရင်း တွဲဖက်ဝတ်ဆင်မဲ့ နက်ကတိုင်ကိုပါ တစ်ပါတည်း ရွေးချယ်သင့်ပါတယ်။ နက်ကတိုင်ရွေးချယ်ရာမှာ သူ့ရဲ့အနံနဲ့ အရှည်ကို ဂရုစိုက်ရပါမယ်။ နက်ကတိုင်ရဲ့ အရှည်ဟာ ပျှမ်းမျှ ခန္ဓကိုယ်အမျိုးအစားရှိတဲ့ အမျိုးသား တစ်ဦးအတွက် ၃ လက်မ မှ ၃.၇၈ လက်မ (၇.၇၅ မှ ၉.၅ စင်တီမီတာ) ထက်မရှည်သင့်ပါဘူး။ ကွီးတို့ရဲ့ ခါးပတ်ခေါင်းထိပ် အထိ နက်ကတိုင်အရှည်ဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ နက်ကတိုင် အရောင်များနဲ့ ဒီဇိုင်းများကိုပါ သေချာ ဂရုပြုပြီး ရွေးချယ်ပါ။ လူကြီးလူကောင်းဆန်ဆန် ဝတ်စားဆင်ယင်မှုအတွက် ရိုးရှင်းတဲ့ နက်ကတိုင် ဒီဇိုင်းတွေက အကောင်းဆုံးပါပဲ။

Source : Midway Gentleman

Featured Photo : Real Man, Real Style