Sex Toys ခေါ် လူကြီး ကစားစရာ အရုပ်တွေအကြောင်း အရွယ်ရောက်ပြီးသူတိုင်း သိကြမယ် ထင်ပါတယ်။ တစ်ကိုယ်တော် အာသာဖြေချိန် ဒါမှမဟုတ် ချစ်တင်းနှောချိန် စတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေမှာ မတူကွဲပြားတဲ့ ခံစားမှုအတွေ့အကြုံအသစ်တွေကို နှိုးဆွခံစားနိုင်ဖို့ လူကြီးကစားစရာ အရုပ်တွေ Sex Toys တွေ ထည့်သွင်းအသုံးပြု ကြပါတယ်။ ဒီနေရာမှာ မေးစရာရှိတာက Sex Toys တွေနဲ့ ကစားတာဟာ အမှန်တကယ် Safe ဖြစ်မဖြစ် ဆိုတာပါပဲ။ လူကြီးကစားစရာ အရုပ်တွေကို သန့်ရှင်းမှုရှိရှိ စည်းစနစ်တကျနဲ့ သုံးမယ်ဆိုရင် အိုကေနိုင်ပေမယ့် ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေ (STIs) နဲ့ သွေးမှတဆင့် ကူးစက်တဲ့ ရောဂါပိုးတွေ ( Blood-Borne Infections) ကူးစက်ခံရနိုင်ခြေ ရှိပါတယ်။
လူကြီးကစားစရာ Sex Toys တွေက တဆင့် ကူးစက်နိုင်တဲ့ ရောဂါများ
Photo : CNN
- ကလက်မိုင်ဒီးယား (Chlamydia)
- ဆစ်ဖလစ် (Syphilis)
- လိင်အင်္ဂါရေယုန် (Genital Herpes)
- မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်ရောဂါ (Bacterial Vaginosis)
- ဝမ်းကိုက်ရောဂါ (Shigella) စတဲ့ ရောဂါအခြေအနေတွေ ဖြစ်စေနိုင်ပါတယ်။
မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်ရောဂါ (Bacterial Vaginosis) ကတော့ အမျိုးသမီးတွေမှာပဲ ဖြစ်နိုင်ခြေပိုများပြီး အဓိကအားဖြင့် လူကြီးကစားစရာ Sex Toys တွေကို တခြားသူတွေနဲ့ မျှဝေသုံးစွဲတဲ့ အမျိုးသမီးတွေ ဒါမှမဟုတ် ရောဂါပိုးရှိသူတွေနဲ့ လိင်မှုကိစ္စဆက်ယှက်ဖူးသူတွေမှာ ပိုပြီး အဖြစ်များပါတယ်။
လူကြီးကစားစရာ Sex Toys တွေနဲ့ဆက်စပ်ပြီး လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေကို ဘယ်လိုရှောင်ရှားရမလဲ ???
Photo : ABC
နံပါတ် (၁) – လူကြီးကစားစရာ Sex Toys တွေကို သန့်ရှင်းအောင်ထားပါ။ အသုံးမပြုခင်နဲ့ အသုံးပြုပြီးတိုင်းမှာ သေချာဆေးကြော သန့်စင်ပေးပါ။
နံပါတ် (၂) – Vibrators ကဲ့သို့ ထိုးသွင်းဆက်ဆံရတဲ့ လူကြီး ကစားစရာ တွေကို အသုံးပြုတဲ့အခါတိုင်း ကွန်ဒုံးအသုံးပြုပါ။
နံပါတ် (၃) – လူကြီးကစားစရာ Sex Toys တွေကို ကိုယ်ပိုင်သီးသန့်သာ သုံးသင့်ပြီး တခြားသူတွေနဲ့ မျှဝေသုံးစွဲခြင်းကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။
သွေးမှတဆင့် ကူးစက်တဲ့ ရောဂါပိုးတွေ ( Blood-Borne Infections) ကို ကာကွယ်ဖို့ အတွက်ဆိုရင်လည်း လူကြီးကစားစရာ Sex Toys တွေကို တခြားသူတွေထံ မျှဝေသုံးစွဲခြင်း လုံးဝမပြုမိဖို့ အရေးကြီးပါတယ်။ အဓိကအားဖြင့် မိန်းမကိုယ် ၊ စအိုနဲ့ လိင်တံတစ်ဝိုက်မှာ ပွန်းပဲ့ဒဏ်ရာ သို့မဟုတ် အနာများရှိပါက ရောဂါပိုးကူးစက်နိုင်ခြေ အခွင့်အရေးဟာ ပိုများတာကြောင့် လူကြီး ကစားစရာ Sex Toys တွေကို အသုံးပြုပြီး တစ်ကိုယ်ရည် အာသာဖြေခြင်း ၊ ချစ်တင်းနှောတာခြင်းစတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို လုပ်ဆောင်တဲ့အခါ တစ်ကိုယ်တည်း သီးသီးသန့်သန့် အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ မဟုတ်ရင်တော့ သွေးမှတဆင့် ကူးစက်တဲ့ ရောဂါပိုးတွေ ဖြစ်တဲ့ အသည်းရောင် အသားဝါ B ၊ အသည်းရောင် အသားဝါ C ၊ HIV နဲ့ AIDS ရောဂါတွေ ကူးစက်ခံရနိုင်ပါတယ်။
လူကြီးကစားစရာ Sex Toys တွေကို ဘယ်လိုသန့်ရှင်းရေး လုပ်မလဲ ???
Photo : Business Insider
လူကြီးကစားစရာ Sex Toys တွေကို ဆေးကြောသန့်စင်မယ်ဆိုရင် အဓိကအားဖြင့် သင်အသုံးပြုတဲ့ အရုပ်တွေက ဘာနဲ့ပြုလုပ်ထားသလဲဆိုတာအပေါ် မူတည်ပါတယ်။ အချို့ ဘက်ထရီပါဝင်တဲ့ လူကြီးကစားစရာ Sex Toys တွေဆိုရင် ပုံမှန်ဆေးကြောနည်းတွေနဲ့ သန့်စင်လို့ မရနိုင်ပါဘူး။ အဆိုပါ အရုပ် ထုတ်လုပ်တဲ့ကုမ္ပဏီရဲ့ လမ်းညွှန်ချက်ကို သေချာလေးဖတ်ပြီး ဂရုတစိုက် လိုက်နာဖို့ လိုပါမယ်။
ဘက်ထရီပါဝင်မှုမရှိတဲ့ အကြိမ်ကြိမ်ပြန်သုံးနိုင်တဲ့ လူကြီး ကစားစရာ Sex Toys တွေကိုတော့ အသုံးပြုပြီးပြီးချင်းမှာ ချက်ချင်းသန့်စင်တဲ့ ရေ သို့မဟုတ် ကြက်သီးနွေးရေကို အသုံးပြုပြီး ဆေးကြောနိုင်ပါတယ်။ လူကြီးကစားစရာ အရုပ်တွေရဲ့ မျက်နှာပြင် ၊ အတွင်းပိုင်းနဲ့ အညစ်အကြေးတွေ ခိုအောင်းနေနိုင်တဲ့ အစိတ်အပိုင်းတွေကို သေချာလေး နှံ့နှံ့စက်စက် ပွတ်တိုက်ဆေးကြော သန့်စင်ပေးရမှာ ဖြစ်ပါတယ်။
လူကြီးကစားစရာ အရုပ်တွေကို ဆေးကြောတဲ့အခါ အပေါ်ယံ မျက်နှာပြင်မှာ ခြစ်ရာရှရာ သို့မဟုတ် အက်ကွဲရာတွေ ရှိမရှိကိုလည်း စစ်ဆေးပါ။ ဒါတွေက အသုံးပြုချိန်မှာ လိင်အင်္ဂါတစ်ရှူးတွေကို ပွန်းပဲ့ပျက်စီးစေပြီး ဒဏ်ရာအနာတရ ဖြစ်စေနိုင်တာကြောင့် ရောဂါပိုးကူစက်ခံရနိုင်ခြေကို တိုးစေမှာ ဖြစ်ပါတယ်။
ဆီလီကွန် အခြေခံ လူကြီးကစားစရာ အရုပ်တွေကို ဆီလီကွန် အခြေခံချောဆီနဲ့ ဘယ်တော့မှ တွဲဖက်အသုံးမပြုမိစေဖို့လည်း အကြံပြုချင်ပါတယ်။ ဆီလီကွန် အခြေခံ ချောဆီတွေက အရုပ်တွေကို သန့်စင်ရာမှာ ပိုခက်ခဲစေသလို ကွဲအက်ပျက်စီးနိုင်ခြေများပြီး ရောဂါပိုးကူးစက်ခံရနိုင်ခြေ များစေမှာပဲ ဖြစ်ပါတယ်။
အကယ်၍ Latex နဲ့ ဓာတ်မတည့်သူဆိုပါက Latex နဲ့ ပြုလုပ်ထားတဲ့ လူကြီး ကစားစရာ အရုပ်တွေ ဒါမှမဟုတ် Latex ပါဝင်တဲ့ လူကြီးကစားစရာ အရုပ်တွေကို လုံးဝမသုံးဖို့ မှာချင်ပါတယ်။
Source : NHS
Featured Photo : StyleCaster