လူတော်တော်များများက လူကြီးကား ကြည့်ခြင်းကို မပြုလုပ်သင့်တဲ့အရာဆိုပြီး သတ်မှတ်ထား ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ လူကြီး ကား တွေက ကွီးတို့ ဖဲမွေ့ရာထက်မှာ အဆင်ပြေပြေနဲ့ ချောမွေ့စွာ ချစ်တင်းနှော နိုင်ဖို့အတွက် ကူညီပေးနိုင်တယ်ဆိုတာကို မသိကြပါဘူး။

ကျွမ်းကျင်ပညာရှင်များက လူကြီးကားတွေကို ရန်သူအဖြစ် သတ်မှတ်ထားမယ့်အစား ကွီးတို့ရဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာအောင် ကူညီပေးမယ့် မိတ်ဆွေအဖြစ် သဘောထားသင့်ကြောင်း အကြံပေးထားပါတယ်။

ဘာ့ကြောင့် လူကြီး ကား တွေက ကွီးတို့ ဖဲမွေ့ရာထက်မှာ အဆင်ပြေပြေနဲ့ ချစ်တင်းနှော နိုင်အောင် ကူညီပေးသလဲဆိုတာ

couple in bed

အကြောင်းအရင်းကတော့ အများကြီးပါပဲ။ အဲ့ဒီအထဲကမှ အသိသာဆုံး အကြောင်းအရင်းကတော့ လူကြီးကားတွေသည် ကွီးတို့ကို ပညာသင်ပေးလို့ပါပဲ။ ဘယ်မှာမှ သင်ပေးမှာ မဟုတ်တဲ့ သိုင်းကွက် ပေါင်းစုံ၊ ဘယ်လို ပြုမူရမယ်၊ ဘယ်လို သိုင်းကွက် ထုတ်သုံဂရမယ် စတာတွေကို ဘယ်နေရာကမှ တကူးတက သင်ပေးမှာ မဟုတ်ပါဘူး။ ထိုသိုင်းကွက်တွေ အကုန်လုံးက ကွီးတို့တွေ လူကြီးကားကနေတဆင့် တတ်မြောက်လာတာပဲ မဟုတ်လား။ လူကြီးကားတွေသည် အတွေ့အကြုံ မရှိသေးတဲ့ ဘီးကျဲတွေအတွက်လည်း အဖော်မွန်ပါပဲ။

တန်ဆေး လွန်ဘေး ဆိုတာတော့ သတိရပါ

လူကြီး ကား ချစ်တင်းနှော

လူကြီးကားတွေကို ကြည့်ခြင်းက ကွီးတို့အတွက် တစ်ခုခုကို လေ့လာသင်ယူနိုင်ခွင့်ပေးမှာ ဖြစ်သလို ကွီးတို့ကို စိတ်ပင်ပန်းမှုတွေ၊ လိုအင်ဆန္ဒတွေကိုလည်း ပြည့်ဝစေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တန်ဆေး လွန်ဘေး ဆိုတာကိုတော့ သတိရဖို့ လိုအပ်ပါတယ်။ ကွီးတို့သည် လူမှု ပတ်ဝန်းကျင်နဲ့ နေထိုင်တာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ် လူကြီးကားတွေ ကြည့်တဲ့အခါမှာ အများပြည်သူ နေရာတွေမှာ ပေါ်ပေါ်ထင်ထင် ကြည့်မယ့်အစား ကိုယ့် ကိုယ်ပိုင် တစ်ကိုယ်ရည် အခန်းထဲမှာ စိတ်လုံခြုံစွာနဲ့ ကြည့်တာက ပိုကောင်းပါတယ်။ ဒါ့အပြင် သူ့အချိန်ကိုလည်း သတ်မှတ်ထားသင့်ပါတယ်။ အပြာကားတွေကိုပဲ စွဲလန်းနေတာမျိုး မဖြစ်ရပါဘူး။ မကြည့်ရ မနေနိုင်အောင် (သို့) ဒါကြီးကိုပဲ တစ်ချိန်လုံး ကြည့်ချင်နေတဲ့ စိတ်မျိုး ဝင်နေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းဖို့ လိုအပ်ပါတယ်။

တစ်ကိုယ်ရည် အာသာဖြေတဲ့အခါမှာလည်း ကူညီပေးခြင်း

လူကြီး ကား ချစ်တင်းနှော

ကွီးတို့သည် တစ်ကိုယ်တည်း လူပျိုကြီးပဲဖြစ်ဖြစ်၊ ကွီးတို့ ချစ်သူက အဝေးရောက် နေရင်ပဲဖြစ်ဖြစ် သွေးသားက တောင့်တလာတဲ့အခါ တစ်ကိုယ်ရည် အာသာဖြေဖို့ကို ရွေးချယ်ကြမှာပါပဲ။ ဒီလို ရွေးချယ်လိုက်တဲ့အခါ လူကြီးကားတွေသည် ကွီးတို့ရဲ့ စိတ်လိုအင်ဆန္ဒများ ပြည့်ဝလာအောင် ကူညီပေးနိုင်ပါတယ်။ ဒါသည် ဘယ်သူ့ကိုမှ မထိခိုက်ဘဲ တစ်ယောက်တည်းနဲ့ ကိစ္စ ပြတ်သွားတာပဲ မဟုတ်လား။

ဒီထက်ကောင်းတာတောင် ဒီလောက်ကောင်းနိုင်မှာ မဟုတ်ပါဘူးဗျာ။ ကွီးတို့ရော သဘောပါသလားဗျို့။

Source: Thebody

Featured Image: Voi.id