လူမှု ဆက်ဆံရေး ကောင်းခြင်း မကောင်းခြင်းသည် ကွီးတို့ရဲ့ အလုပ်အကိုင် ပေါ်မှာ များစွာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ကွီးတို့ရဲ့ လူမှု ဆက်ဆံရေး မကောင်းဘူး၊ အသင်းအဖွဲ့ စိတ်ဓာတ်လည်း မရှိဘူးဆိုရင်တော့ ဘယ်သူကမှ ကွီးတို့ရဲ့ အတူတူ လက်တွဲပြီး အလုပ်လုပ်ချင်မှာ မဟုတ်ပါဘူး။

လူမှုဆက်ဆံရေး ကောင်းခြင်းကြောင့် ကွီးတို့ရဲ့ အလုပ်အကိုင်တွေလည်း အဆင်ပြေလာမှာဖြစ်ပြီး အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးများလည်း ရရှိပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

အဆက်အသွယ်ကောင်းများ ဖန်တီးနိုင်ခြင်း

opportunities

အဆက်အသွယ်ကောင်းဆိုတာကတော့ Visiting Card လေး လဲလှယ်လိုက်ရုံနဲ့ ပြီးသွားတဲ့ ကိစ္စမဟုတ်ပါဘူး။ အဲ့ဒီလောက်လည်း မလွယ်ကူပါဘူး။ အဆက်အသွယ်ကောင်းတွေ ရရှိဖို့အတွက် ကွီးတို့ ကိုယ်တိုင်ကလည်း အခြားသော အဆက်အသွယ်ကောင်းတွေနဲ့ ချိတ်ဆက်ပေးခံရတဲ့အထိ ယုံကြည်မှု ရရှိပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။ ဒီလူက ယုံကြည်ရတယ်ဆိုမှလည်း အခြားတစ်ဖက်က ကွီးတို့ကို နောက်ထပ် လူတစ်ယောက်နဲ့ မိတ်ဆက်ပေးနိုင်မှာ မဟုတ်လား။

အခွင့်အရေးများ ရရှိပိုင်ဆိုင်နိုင်ခြင်း

လူမှု အလုပ်အကိုင်

ကွီးတို့မှာ အဆက်အသွယ်ကောင်းတွေ ရရှိပိုင်ဆိုင်လာပြီ ဆိုရင်တော့ နောက်ဆက်တွဲ ကောင်းကျိုးအနေနဲ့ ကွီးတို့အတွက် အခွင့်အရေးကောင်းများ အမြောက်အမြား ရရှိပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။​ ကွီးတို့ ရရှိတဲ့ အခွင့်အရေးကို ကောင်းစွာ အသုံးချတတ်မယ် ဆိုရင်တော့ ကွီးတို့အတွက် အောင်မြင်တဲ့ အလုပ်အကိုင်တစ်ခုကို ရရှိပိုင်ဆိုင်နိုင်မှာ အမှန်ပါပဲ။

ဗဟုသုတများ ရရှိပိုင်ဆိုင်နိုင်ခြင်း

လူမှု အလုပ်အကိုင်

နောက်ထပ် သိထားသင့်တဲ့ အချက်တစ်ခုကတော့ အဆက်အသွယ် ကောင်းဆိုတာသည် ကိုယ်ကချည်းပဲ​ သူ့ဆီက မျှော်ကိုးနေတာမျိုးထက်ဆိုရင် ကိုယ့်ဘက်ကလည်း လေ့လာဆည်းပူးတတ်ဖို့ လိုအပ်ပါတယ်။ ကွီးတို့သာ ယူတတ်မယ်ဆိုရင် ကွီးတို့ရဲ့ လုပ်ငန်းတူသည် စီးပွားပြိုင်ဖက်တွေဆီကနေတောင် လေ့လာဆည်းပူးနိုင်ပါတယ်။

ကိုယ်ပိုင် ဘရန်းတစ်ခု တည်ဆောက်နိုင်ခြင်း

လူမှု အလုပ်အကိုင်

ကွီးတို့မှာ အဆက်အသွယ်ကောင်းတွေ အများကြီး ရရှိပိုင်ဆိုင်နိုင်လာလေလေ ကွီးတို့ရဲ့ ကိုယ်ပိုင်ဘရန်း တစ်ခုကိုလည်း သေချာ တည်ဆောက်နိုင်ဖို့ လိုလာပါပြီ။ ကိုယ့်ရဲ့ အရည်အချင်းတွေကို အမြဲတစေ သွေးထားဖို့ လိုအပ်ပါတယ်။ မသုံးဘဲထားတဲ့ ဓားတစ်လက်က ကြာလာတဲ့အခါ အသွား တုံးတတ်သလိုပဲ ကွီးတို့ရဲ့ အရည်အသွေးကို သေချာ အသုံးမချဘူး ဆိုရင်တော့ ကွီးတို့အတွက် အောင်မြင်မှုဆိုတာ မရှိလာနိုင်တော့ပါဘူး။

ကွီးတို့ ဆီမှာသာ လူမှု ဆက်ဆံရေး မကောင်းဘူးလို့ မြင်ယောင်ကြည့်လိုက်ပါ။ ဘာဆိုဘာ လူမှု ရေးအကြောင်းတစ်လုံးမှ နားမလည်ဘူး၊ ပေါင်းသင်းဆက်ဆံရေးလည်း မကောင်းဘူး ဆိုရင်တော့ စောစောက ဖော်ပြခဲ့တဲ့ အကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်နိုင်မှာ မဟုတ်တဲ့အပြင် ကွီးတို့ အလုပ်အကိုင် ကလည်း အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

တကယ်လို့ ကွီးတို့ရဲ့ လူမှု ဆက်ဆံရေး က မကောင်းဘူးဆိုရင်လည်း အခုကစပြီး ပြုပြင်လို့ ရပါသေးတယ်။ အချိန်မနှောင်းသေးပါဘူး။ အဓိကကတော့ ကွီးတို့ရဲ့ ပြုပြင်ပြောင်းလဲချင်တဲ့ စိတ် ရှိဖို့ပါပဲ။

ဘယ်လိုလဲ လူမှု ဆက်ဆံရေး ကောင်းပြီး အလုပ်အကိုင် လည်း အဆင်ပြေတဲ့ ဘဝမျိုးကို မပိုင်ဆိုင်ချင်ဘူးလား။

Source: Aurosign.com

Featured Image: Betterup