ဘဝမှာ လူပေါင်းစုံနဲ့ ကြုံတွေ့ရမှာဖြစ်ပြီး ထိုလူတွေထဲမှာ စိတ်ထားကောင်းတဲ့ လူတွေလည်းရှိနိုင်သလို စိတ်ထားမမှန်တဲ့သူတွေလည်းရှိပါတယ်။ စိတ်ထားမမှန်တဲ့ အဆိပ်အတောက်လို လူသား တွေနဲ့ ပေါင်းသင်း ဆက်ဆံရတာကလည်း လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။
သူတို့သည် သင့်ကို မလေးမစားဆက်ဆံကြမှာဖြစ်သလို သင့်ကိုလည်း သူတို့စိတ်ကြိုက် ချုပ်ကိုင်ခြယ်လှယ်ချင်ကြတာပါ။ ထိုကဲ့သို့သော စိတ်ထားမမှန်တဲ့ လူသား တွေနဲ့ ပေါင်းသင်း ဆက်ဆံရတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်အချက်လေးတွေရှိပါတယ်။
သင် ဘယ်လို ခံစားရသလဲဆိုတာကို သူတို့သိအောင် ဖော်ပြပါ

Photo: Business 2 Community
သူတို့ကို တကူးတက သွားရှင်းပြနေစရာမလိုပေမယ့် သူတို့ရဲ့ အပြုအမူ အပြောအဆိုများ၊ သင့်အပေါ် ရိုင်းရိုင်းပျပျ ဆက်ဆံတာတွေကို သဘောမကျကြောင်းကို သူတို့သိအောင်တော့ ဖော်ပြဖို့လိုအပ်လိမ့်မယ်။ သင့်ရဲ့ ခံစားချက်တွေကို တစ်ယောက်တည်းသိမ်းထားကာ ခံစားနေမယ့်အစား ပွင့်ပွင့်လင်းလင်းလသာ ပြသလိုက်ပါ။
သူတို့နဲ့ ကင်းကင်းရှင်းရှင်းနေပါ

Photo: Tncfb
သူတို့နဲ့ ဆက်ဆံရေးနဲ့ ယတိပြတ် ဖြတ်နိုင်တယ်ဆိုရင်တော့ ဖြတ်လိုက်ပါ။ တကယ်လို့ သူက ကိုယ့် အမျိုးအဆွေတွေထဲက တစ်ယောက်ယောက်ဖြစ်နေတယ်။ ဘော်ဒါတွေထဲက တစ်ယောက်ယောက်ဖြစ်နေတယ်ဆိုရင်တော့ သူတို့နဲ့ အရင်ကလို ဖက်လှဲတကင်းမနေဘဲ ကင်းကင်းရှင်းရှင်းသာနေပါ။
ဆိုရှယ်မီဒီယာတွေပေါ်မှာ Unfollow လုပ်ပစ်တာမျိုး၊ သူတို့ရဲ့ တွေ့ဆုံဖို့အတွက်ကို ရှောင်ကြဉ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။
စည်းတစ်ခု ခြားထားပါ

Photo: Forbes
ထိုကဲ့သို့သော အဆိပ်အတောက် ဆန်တဲ့လူတွေသည် သင်နဲ့ အခြားသောသူတွေကိုလည်း ရန်တိုက်ပေးဖို့ ဝန်မလေးပါဘူး။ သင့်ဆီကိုတော့ တခြားသူတွေရဲ့မကောင်းကြောင်းမျိုးစုံကို လာအတင်းချမှာဖြစ်ပြီး၊ သင့် ကွယ်ရာမှာတော့ သင့်အတင်းမျိုးစုံကို ရှာကြံပြောဆိုနေမှာဖြစ်ပါတယ်။
ဒါ့ကြောင့် ထိုကဲ့သို့သောသူတွေကို ကိုယ့်အတွင်းရေးတွေ ခရေစေ့တွင်းကျ ပြောမပြဘဲ စည်းတစ်ခု ခြားထားဖို့လိုအပ်ပါလိမ့်မယ်။ သူတို့ လာပြောတဲ့ အတင်းအဖျင်းတွေကိုလည်း စိတ်မဝင်စားတဲ့ပုံ ဖမ်းပြလိုက်ပါ။ ဒါဆိုရင် နောက်တစ်ခါ သင့်ဆီကို အတင်းလာပြောတော့မှာ မဟုတ်ပါဘူး။
စိတ်ပျော့မသွားပါနဲ့

နည်းမျိုးစုံတောင်းပြီး အကူအညီတောင်းတဲ့အခါမှာလည်း သင့်ဘက်က ကူညီတဲ့အတိုင်းအတာဆိုရင်တော့ ကူညီလိုက်ပါ။ ကိုယ် မကူညီနိုင်တာကို မကူညီလိုက်ရလေခြင်းဆိုပြီး အပြစ်ရှိတဲ့စိတ် ခံစားစရာမလိုအပ်ပါဘူး။ သူတို့ရဲ့အလုပ်ကိစ္စများသည် သင်နဲ့ မသက်ဆိုင်တဲ့အတွက်ကြောင့် သင် ကူညီကို ကူညီမှရမယ်ဆိုတဲ့ တာဝန်ယူစိတ် ထားစရာမလိုအပ်ပါဘူး။
စိတ်ကောင်းရှိတဲ့သူတွေနဲ့သာ များများ အချိန်ကုန်ဆုံးပါ

စိတ်ထားမကောင်းတဲ့သူတွေ၊ ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး မျက်နှာများတဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံမယ့်အစား ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ စိတ်ထားကောင်းသူများနှင့်သာ ခြံရံထားလိုက်ပါ။ သူတို့ရဲ့ အချိန်ကုန်ဆုံးရတာလည်း သင့်စိတ်ထဲမှာ ပျော်ရွှင်နေဖို့လည်း လိုအပ်ပါသေးတယ်။ စိတ်ထားကောင်းတဲ့သူတွေသည် စိတ်ရင်း မှန်ပြီး သူတစ်ပါးကို မလိုမုန်းတီးတာမျိုး၊ နောက်ကျောကို ဓားနဲ့ထိုးသွားမယ့်လုပ်ရပ်မျိုး မလုပ်ကြပါဘူး။
သူတို့ကို ခွင့်လွှတ်ပါ။ ဒါပေမဲ့ အမှတ်သည်းခြေတော့ ရှိပါစေ

ခွင့်လွှတ်ခြင်းသည် ကိုယ့်ရဲ့စိတ်ကို ငြိမ်းအေးစေပါတယ်။ အငြိုးအတေးကြီးနေမယ်ဆိုရင်တော့ သင်ပဲ ပူလောင်နေရမှာပါ။ သူ ငါ့ကို ဘယ်လိုလုပ်သွားလို့ ပြန် လက်စားချေမယ်ဆိုတာထက် နောက်တစ်ခါ ကိုယ့်အပေါ်ကို လွန်လွန်ကျူးကျူးမဆက်ဆံအောင် ကင်းကင်းရှင်းရှင်းသာနေပါ။ ခွင့်လွှတ်ရမယ်ဆိုပေမယ့် ကိုယ်က အခွင့်အရေး ပေးနေမယ်ဆိုရင်တော့ နောက်တစ်ခါ ကိုယ့်အပေါ် အကောက်ကြံနေဖို့လည်း ဝန်လေးနေမှာမဟုတ်ဘူးဆိုတာကို သတိပြုသင့်ပါတယ်။
အကောင်းဆုံး နည်းလမ်းကတော့ ထိုကဲ့သို့သော အဆိပ်အတောက် လူသား တွေကို နီးနီးကပ်ကပ် ပေါင်းသင်း ဆက်ဆံ တာမျိုး မလုပ်ဘဲ။ ဝေးဝေးကသာ ရှောင်ကြဉ်လိုက်ပါ။
Source: Delawarepsychologicalservices
Featured Image: Freepik
