လူတိုင်းကတော့ အောင်မြင်ချင်ကြသူတွေ၊ ချမ်းသာချင်ကြသူတွေ ချည်းပါပဲ။ သို့သော် ကြိုးစား အားထုတ်မှုကတော့ လူတိုင်းမှာ ရှိမနေပါဘူး။ ငါကတော့ တစ်နေ့ကျရင် ဘယ်လိုချမ်းသာလာမှာ၊ ဘယ်လို အောင်မြင်လာမှာဆိုပြီး လေကျယ် ရုံ သပ်သပ်ပဲရှိပြီး ကြိုးစားအားထုတ်မှု မရှိဘူးဆိုရင်တော့ ဘာမှ ဖြစ်မလာ နိုင်ပါဘူး။

ကွီးတို့ အမှန်တကယ် အောင်မြင်ချင်တယ်ဆိုရင် ကွီးတို့ရဲ့ ကြိုးစား အားထုတ်မှုကို ရာနှုန်းပြည့် စိုက်ထည့်ရမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ အားစိုက်မှုကို ဘယ်လိုမျိုး စိုက်ထည့်သင့်သလဲ။

ရာနှုန်းပြည့် စိုက်ထည့်ပါ

လေကျယ် ဖြစ်မလာ

ကွီးတို့သည် ကွီးတို့ ထင်ထားတာထက်ကို လုပ်ဆောင်နိုင်ကြပါတယ်။ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကိုယ်ကိုယ်တိုင် ကန့်သတ်ကာ ဘောင်ခတ်မထားဘဲ အဆုံးစွန်အထိသာ လုပ်ဆောင်ပါ။ “ငါ လုပ်နိုင်ပါ့မလား” ၊ “ငါ ဒီလောက်ပဲ လုပ်နိုင်တယ်”၊ “တော်ပြီ ဒီ့ထက်ဆက်လုပ်ရင် ခံနိုင်မှာမဟုတ်ဘူး” အစရှိတဲ့ အတွေးအမြင်များနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်မသေးလိုက်ပါနဲ့။ ကွီးတို့ရဲ့ စိတ်ခွန်အားများ၊ အချိန်များ၊ ကိုယ်ကာယခွန်အား ရှိရှိသမျှတို့ကို ရာနှုန်းပြည့် အသုံးချကာ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တဖြည်းဖြည်း တိုးချဲ့ရမှာပဲဖြစ်ပါတယ်။

ကိုယ့်ကို တွန်းအားဖြစ်စေမယ့်အရာတွေကို ရှာဖွေပါ

လေကျယ် ဖြစ်မလာ

ကျွန်တော်တို့လူသားတွေသည် ကိုယ် တစ်ယောက်တည်းဆိုရင်တော့ ကြိုးစားချင်စိတ် နည်းကြပါတယ်။ အခြားသူများကို ကြည့်ပြီး သူကတော့ ဒီလောက်ထိ အောင်မြင်နေပြီ၊ ဒီလောက် အခြေအနေထိ ဖြစ်နေပြီ။ ငါကတော့ ဘာမှမဖြစ်သေးပါလား စတဲ့ မခံချင်စိတ်လေးရှိလာတဲ့အခါ ပိုပြီး ကြိုးစားချင်ကြပါတယ်။ ဒါမှမဟုတ်လည်း ကိုယ့်ကို တွန်းအားဖြစ်စေမယ့်အရာတစ်ခုခု၊ ဥပမာ – ကိုယ့်ကို နှိမ်ပြီးဆက်ဆံတဲ့အခါမျိုးမှာ၊ မတူသလို မတန်သလို ဆက်ဆံတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ စိတ်ထဲ တွန်းအားတစ်ခုဖြစ်သွားမှာဖြစ်ပြီး ထိုတွန်းအားဖြင့် ပိုမိုကြိုးစားချင်လာအောင် လုပ်ဆောင်နေမှာပဲဖြစ်ပါတယ်။ ကွီးတို့ကို တွန်းအားဖြစ်စေတဲ့အရာကရော ဘယ်အရာဖြစ်မလဲ။

အကောင်းမြင်စိတ်ထားရှိပါ

လေကျယ် ဖြစ်မလာ

ကျွန်တော်တို့ လူသားတွေသည် ရာနှုန်းပြည့် ပြီးပြည့်စုံတဲ့သူရယ်လို့ မရှိပါဘူး။ အားနည်းချက်ဆိုတာကတော့ ရှိစမြဲပါပဲ။ ယင်နဲ့ ယန် သဘောတရားကို ကြည့်မယ်ဆိုရင် အကောင်းနဲ့ အဆိုးသည် အမြဲတမ်း ရောယှက်နေတာကို တွေ့မြင်ရမှာပါ။ “ငါဟဲ့၊ အရာရာတိုင်းမှာ အကောင်းမြင်တတ်တဲ့ လူ” လို့ ကြွေးကြော်ထားပေမယ့် တကယ်တမ်းလည်း သူ့မှာလည်း အဆိုးမြင်စိတ်ဆိုတာတော့ အနည်းငယ် ရှိစမြဲပါပဲ။ သို့သော် နေရာတကာမှာ အဆိုးမြင်စိတ် ရှိနေမယ်ဆိုရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ လူတိုင်းကို အဆိုးမြင်လာမယ်၊ အရာရာတိုင်းမှာ အဆိုးမြင်လာတဲ့အခါ ကိုယ့်ရဲ့ စိတ်ပဲ ညစ်ညူးရပြီး ကိုယ်ပဲ​စိတ်ညစ်ရမှာ မဟုတ်လား။ တဖြည်းဖြည်းနဲ့ အချိန်ကြာလာတဲ့အခါ ဘာပဲ လုပ်လုပ် အဆင်ပြေတော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကွီးတို့သည် ကိုယ့်ရဲ့စိတ်ကို အကောင်းဆုံး ဖြူစင်အောင်ထားပြီး ရုန့်ရင်းကြမ်းတမ်းတဲ့စိတ်၊ အဆိုးမြင်စိတ်များကို အမြစ်ဖြတ်ရမှာပဲ ဖြစ်ပါတယ်။

အရှုံးမပေးလိုက်ပါနဲ့

never give up

ဘဝမှာ အနိမ့် အမြင့် အတက် အကျ ဆိုတာကတော့ ရှိစမြဲပါပဲ။ ကိုယ်က အမြင့်သို့ တက်လှမ်းဖို့ ကြိုးစားနေချိန်မှာ အခက်အခဲ၊ အတားအဆီးတွေကတော့ အများကြီးပဲရှိမှာပါ။ ပန်းခင်းလမ်းလိုမျိုး၊ ဖဲမွေ့ယာလိုမျိုး နူးညံ့ အိစက်နိုင်မှာတော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေကျရင် စိတ်ညစ်လာမှာဖြစ်သလို ပင်ပန်းနွမ်းလျလာတဲ့အခါ အရှုံးပေးချင်စိတ်များလည်း ရှိလာမှာပါပဲ။ ထိုအချိန်မျိုးဆိုရင် အရှုံးမပေးမိဖို့ လိုအပ်ပါတယ်။ အရှုံးပေးချင်စိတ် ပေါ်လာတဲ့အခါ ဘာ့ကြောင့် အစပျိုးခဲ့သလဲ၊ ဘာ့ကြောင့် ဒီလမ်းကို လျှောက်လှမ်းခဲ့သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်ပါ။ ဒါဆိုရင် ဆက်ကြိုးစားဖို့အတွက် ခွန်အားဖြစ်လာမှာပဲ ဖြစ်ပါတယ်။

အခြားသောသူတွေရဲ့ အကြံဥာဏ်များကို ရယူပါ

two men working hard

ကိုယ့်ထက် အတွေ့အကြုံရှိတဲ့သူတွေသည် အများကြီးပါပဲ။ ကိုယ့်ထက် စီနီယာကျတဲ့သူတွေ၊ ပညာဥာဏ် မြင့်တဲ့သူတွေထံကနေ အကြံဥာဏ်များ ရယူပါ။ သင်ယူ လေ့လာစရာများရှိပါက လေ့လာသင်ယူ ဆည်းပူးပါ။ အကြံဥာဏ် တောင်းတဲ့အခါမျိုး၊ လေ့လာ ဆည်းပူးတဲ့အခါမှာလည်း မောက်မောက်မာမာနဲ့ ကိုယ့်ဘက်က အထက်စီးကနေ ဆက်ဆံလို့မရပါဘူး။ ကျိုးနွံပြီး နာခံလိုစိတ်နဲ့ ချည်းကပ်ပြီး ပညာယူရမှာပဲဖြစ်ပါတယ်။ ဒါဆိုရင် ကွီးတို့ တက်လမ်းအတွက် အထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ခုချိန်ထိ လေကျယ် ရုံ သပ်သပ်ပဲ လုပ်နေတုန်းလား၊ ဒါဆိုရင်တော့ ဘာမှ ဖြစ်မလာ နိုင်ဘူးနော်။ အခုချိန်ကစပြီး ကြိုးစားအားထုတ်ဖို့ လိုအပ်နေပါပြီ။

Source: Thehealthyjournal

Featured Image: Freepik