ခရီးသွားဖို့အတွက် ပစ္စည်းတွေ ထုပ်ပိုးရတာသည် အင်မတန်မှကို အလုပ်ရှုပ်ပါတယ်။ အထူးသဖြင့် ကွီးတို့က လေယာဥ်နဲ့ ခရီးသွားမယ်ဆိုရင် ပိုပြီးတော့ အစစ်အဆေးများတဲ့ အတွက်ကြောင့် ပိုသတိထားသင့်ပါတယ်။ ဒါ့ကြောင့် လေဆိပ် ရောက်မှ အလုပ် မရှုပ်ရအောင် အိမ်မှာကတည်းက အခုလိုမျိုး ထုပ်ပိုး သွားသင့်ပါတယ်။​

လေဆိပ်ထဲ ဝင်ပြီဆိုတာနဲ့ ကွီးတို့ရဲ့ အိတ်တွေ အကုန်လုံးကို X-ray နဲ့ ဖြတ်ပြီး စစ်ဆေးမှာ ဖြစ်ပါတယ်။ ချွန်ထက်တဲ့ ပစ္စည်းများ၊ ပေါက်ကွဲလွယ်သော ပစ္စည်းများ၊ လက်နက်များ၊ မီးခြစ်များ၊ အယ်လ်ကိုဟော ဖျော်ရည်များ၊ ယုတ်စွအဆုံး ရေတောင် သယ်သွားလို့ မရပါဘူး။ အဲ့လို ပစ္စည်းတွေ ပါလို့ကတော့ ကွီးတို့ အစစ်အဆေး အမေးအမြန်း ခံရပြီလို့သာ မှတ်လိုက်ပါတော့။

ဒါ့အပြင် ကွီးတို့က လေယာဥ် ဗိုက်ထဲ ထည့်မယ့် ခရီးဆောင်အိတ်အကြီး၊ လေယာဥ်ပေါ် ယူသွားမယ့် Hand Carry အသေးနှင့် ကျောပိုးအိတ် (သို့) ဘေးလွယ်အိတ်တို့ကိုလည်း သေသေချာချာ ထုပ်ပိုးသွားဖို့ လိုအပ်ပါလိမ့်မယ်။​

အစားအစာများ

food

တချို့တွေက ရက်ရှည်နေမယ်ဆိုပြီးတော့ အသီးအနှံတွေ၊ အစားအစာတွေ အကုန်လုံးကို ထုပ်ပိုးယူသွားလေ့ ရှိပါတယ်။ ဒီလို ယူသွားမယ်ဆိုရင်တော့ ကိုယ်သွားမယ့် နိုင်ငံရဲ့ ဥပဒေကို အသေးစိတ် သိထားဖို့ လိုအပ်ပါလိမ့်မယ်။​ တချို့နိုင်ငံတွေက သူတို့ရဲ့ နိုင်ငံဆီသို့ အစေ့အဆံပါသော အစားအစာများကို သယ်ဆောင်ခွင့် မပြုပါဘူး။ သယ်ဆောင်လာတာကို တွေ့ရှိရင်တော့ ငွေဒဏ်ဆောင်ရင် ဆောင်၊ ဒီထက်ပိုဆိုးရင်တော့ ပြည်ဝင်ခွင့်ပါ အပိတ်ခံရပါလိမ့်မယ်။

ကွီးတို့ရဲ့ လေယာဥ်ပေါ် သယ်သွားလို့ရတဲ့ အိတ်ထဲမှာ ဘာတွေ ထည့်မလဲ

လေဆိပ် အလုပ် ထုပ်ပိုး

အဝတ်အစားလည်း ထည့်လို့ရသလို ကွီးတို့ အရေးကြီးတဲ့ စာရွက်စာတမ်းများဆိုရင်တော့ ကိုယ်နဲ့ မကွာ ဆောင်ထားလို့ရတဲ့ အိတ်ထဲ ထည့်တာ အကောင်းဆုံးပါပဲ။ ဒါ့အပြင် လက်ပ်တော့၊ ဖုန်း၊ ပါဝါဘန့်ခ်၊ အားသွင်းကြိုး စတာတွေကိုလည်း Luggage အကြီးထဲ ထည့်လို့မရပါဘူး။ လေယာဥ်ပေါ်ပဲ သယ်သွားရမှာပါ။ တကယ်လို့ ကွီးတို့က တိုနာအရည်တွေ၊ ခေါင်းလျှော်ရည်တွေ သယ်သွားမယ်ဆိုရင်လည်း ၁၀၀ မီလီမီတာ ဘူးအကြည်ရောင်လေးတွေထဲ ထည့်ပြီး အိတ်အကြည်ထဲ ထည့်သိမ်းသွားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုနာအရည်လို ဘူးမျိုးတွေကလည်း ၁၀၀၀ မီလီမီတာထက် ပိုလို့မရပါဘူး။ ပိုရင်တော့ ချန်ခဲ့ပေတော့ပါပဲ။ ဒါ့ကြောင့် လေဆိပ် ရောက်မှ အလုပ် မရှုပ်ရလေအောင် ခေါင်းလျှော်ရည်များ၊ တိုနာအရည်များကို Luggage အကြီးထဲသာ ထုပ်ပိုး သွားတာ အကောင်းဆုံးပါပဲ။

လက်ဆောင်ပစ္စည်းတွေ ထည့်သွားမယ်ဆိုရင်

လေဆိပ် အလုပ် ထုပ်ပိုး

လက်ဆောင်ပစ္စည်းများကို အလှစက္ကူနဲ့ သေချာ ထုပ်ပိုးသွားမယ်ဆိုရင်တော့ အလကားပါပဲ။ ထိုအလှစက္ကူကို ဖွင့်ဖောက်ခိုင်းပြီး အထဲကို ပစ္စည်းကို ပြခိုင်းမှာပါ။ ဒါ့ကြောင့် လက်ဆောင်ပစ္စည်းတွေကို အဲ့ဒီလို အသစ်မှန်း သိသာအောင် မယူသွားတာ အကောင်းဆုံးပါပဲ။ ကွီးတို့ သုံးထားပြီးသားပုံပေါက်အောင် လုပ်တာ အကောင်းဆုံးပါပဲ။ နို့မဟုတ်ရင်တော့ မျက်စိအကျခံရပါလိမ့်မယ်။

ဒီလောက်ဆိုရင်တော့ ကွီးတို့လည်း ပညာသားပါပါနဲ့ ပစ္စည်းတွေကို ဘယ်လိုထုပ်ပိုးရမယ်ဆိုတာ သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။

Source: Flyingfluskey.com

Featured Image: Themanual