လေဒီလေးတွေ ကြည်ဖို့ဆို ဖက်ရှင်လန်းရုံတင်မဟုတ်ဘဲ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက် ရှိပါသေးတယ်။ ဒါကတော့ တစ်ကိုယ်ရည်သန့်ရှင်းရေး ပါပဲ။ တစ်ကိုယ်ရည်သန့်ရှင်းရေးက ကျန်းမာရေးအတွက် မဖြစ်မနေ လိုအပ်သည်သာမက ကိုယ့်ရည်ကိုယ်သွေးကို ဖော်ပြတဲ့နေရာမှာလည်း အရေးပါပါတယ်။ ဒါကြောင့် လူတိုင်း တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးထား ဂရုပြုသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အမျိုးသားတို့အတွက် လိုက်နာကျင့်သုံးသင့်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး စည်းမျဉ်းများကို ဝေမျှပေးချင်ပါတယ်။

သွားနဲ့ ခံတွင်းသန့်ရှင်းရေး

လေဒီလေးတွေ ကြည်ဖို့ဆို

Photo : CNN

ကွီးတို့ရေ သွားနဲ့ခံတွင်း သန့်ရှင်းရေးက တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ တစ်နေ့ကို ပုံမှန် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားတိုက်သကဲ့သို့ လျှာကို အနည်းဆုံး တစ်နေ့တစ်ကြိမ် ပွတ်တိုက်ပေးသင့်ပါတယ်။ များသောအားဖြင့် လျှာကို တော်တော်များများက ပွတ်တိုက်ပေးဖို့ မေ့နေကြပါတယ်။ လျှာကို ကောင်းစွာ မသန့်စင်ပါက ခံတွင်းထဲတွင် ရှိသော ဘတ်တီးရီးယားများ လျှာတွင် စုပုံစေပါတယ်။ ထို့သို့ စုပုံလာခြင်းက ခံတွင်းနံ့ဆိုးထွက်ခြင်းနဲ့ အခြားသောကျန်းမာရေး ပြဿနာများ ဖြစ်လာနိုင်ပါတယ်။

ရေပုံမှန်ချိုးပါ

လေဒီလေးတွေ ကြည်ဖို့ဆို

Photo : Brickell Men’s Products

အခုလို ပူပြင်းတဲ့ ရာသီမှာ ချွေးထွက်ပြီး အနံ့ဆိုးများ ထွက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့လျှင် အနည်းဆုံး ၁ ကြိမ်တော့ ရေချိုးဖို့လိုပါတယ်။ ရေချိုးခြင်းဖြင့် စိတ်ရော ကိုယ်ပါလန်းဆန်းစေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်း လုပ်ခြင်း သို့မဟုတ် လှုပ်လှုပ်ရှားရှားလုပ်တဲ့အခါ ချွေးအလွန်အကျွံ့ ထွက်နိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်ပြီးတိုင်းမှာ ရေချိုးဖို့ မနှောင့်နှေးပါနဲ့။ နေ့စဉ် သေချာရေချိုးသန့်စင်ခြင်းမရှိလျှင် ခန္ဓာကိုယ်အနံ့အသက် မကောင်းရုံသာမက အရေပြားရောဂါများနဲ့ အခြားသော ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ပါတယ်။

ဆံပင်ကို သပ်ရပ်သန့်ရှင်းအောင်ထားပါ

လေဒီလေးတွေ ကြည်ဖို့ဆို

Photo : Pete & Pedro
ဆံပင်ကို သပ်ရပ်သန့်ရှင်းပြီး အနံ့အသက်ကင်းအောင် ထားခြင်းကလည်း တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အရေးပါတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ အမျိုးသားများအနေနဲ့ ဆံပင်ကို တစ်ပတ်လျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ခန့် လျှော်ရုံနဲ့ လုံလောက်ပါတယ်။

မျက်နှာသန့်ရှင်းရေး

Photo : Business Insider

အမျိုးသားများလည်း မျက်နှာသန့်ရှင်းရေးကို အလေးထားကာ မျက်နှာအသားအရေကိုလည်း ဂရုပြုသင့်ပါတယ်။ မျက်နှာသစ်ရာမှာ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာရည် စသည်တို့နဲ့ အလွယ်တကူ မသစ်ပါနဲ့။ ၎င်းတို့က အရေပြားတွင် မရှိမဖြစ်လိုအပ်သော အစိုဓာတ်ကို ဖယ်ထုတ်ပြီး မျက်နှာရဲ့ သဘာဝ PH မျှတမှုကို ထိခိုက်စေပြီး ယားယံကာ ခြောက်သွေ့စေသောကြောင့် မျက်နှာကို မသုံးပါနှင့်။ ကွီးတို့ မျက်နှာအသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးကို အသုံးပြုပြီး တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ် မျက်နှာသစ်ပေးပါ။

နှုတ်ခမ်းမွှေးများကို ပုံမှန်ရိတ်ပါ

Photo : MensXP

မျက်နှာသန့်ရှင်းရေးလုပ်ရာမှာ မုတ်ဆိတ်မွှေးကိုလည်း ရိတ်ဖို့ အရေးကြီးပါတယ်။ ပုံမှန် မုတ်ဆိတ်ရိတ်ပြီး သန့်ရှင်းစွာ ထားပါ။ ကွီးတို့က မုတ်ဆိတ်မွှေးထားရတာ သဘောကျတဲ့ဆိုပါက သပ်ရပ်စွာထားပြီး ပုံမှန်သန့်ရှင်းရေးကို ဂရုပြုပါ။

ကန့်သတ်ဧရိယာ သန့်ရှင်းရေးကိုလည်း ဂရုစိုက်ပါ

Photo : Zotezo
ကွီးတို့ရဲ့ အောက်ပိုင်း ဖွားဘက်တော် တစ်ဝိုက် သန့်ရှင်းရေးကလည်း အရေးကြီးပါတယ်။ ပထမဦးစွာ အမျိုးသားများက လိင်အင်္ဂါတစ်ဝိုက် အမွှေးအမျှင်များကို သပ်ရပ်သန့်ရှင်းစွာ ညှပ်ထားသင့်ပါတယ်။ ရှည်လျားသော အမွှေးအမျှင်များက စိတ်မသက်မသာဖြစ်စေနိုင်ရုံသာမက အနံ့အသက်လည်း ရှိနိုင်ပါတယ်။ ဒါ့အပြင် အမွှေးအမျှင်များ ရှည်လျားခြင်းက ကျန်းမာရေးနဲ့ မညီညွတ်သလို ကူးစက်ရောဂါ ဖြစ်စေတဲ့ ချွေးထွက်များတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေချိုးတဲ့အခါတိုင်း ကန့်သတ်ဧရိယာတစ်ဝိုက်ကို သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနဲ့။

ကွီးတို့ရေ လေဒီလေးတွေ ကြည်ဖို့ဆို အခုဖော်ပြပေးလိုက်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်များကို သေချာလေးလိုက်နာဖို့တော့ လိုတယ်နော်။

Source : Only My Health

Featured Photo : TOA Water