အမျိုးသမီးတွေရဲ့  မျိုးပွားအင်္ဂါ မိန်းမကိုယ် မှာ ကွီးတို့ မသိသေးတဲ့ စူပါပါဝါတွေ ရှိနေတယ်လို့ ပြောရင် ယုံမလား ? ဟုတ်ပါတယ် မအင်္ဂါဟာ သာမန်နဲ့မတူတဲ့ ထူးခြားမှုတွေ များစွာ ရှိနေပါတယ်။ ဒီအကြောင်း ဒီဆောင်းပါးမှာ ပြောရအောင်ပါ။ ဘယ်လို ထူးခြားမှုတွေ ဖြစ်မလဲ လေ့လာကြည့်လိုက်ပါဦး။

(၁) ကိုယ်တိုင်သန့်ရှင်းရေး လုပ်နိုင်တယ်

Vagina

Photo : Durex India

မိန်းမကိုယ် သန့်ရှင်းရေးအတွက် အမွှေးရနံ့ပါတဲ့ ဆပ်ပြာတွေ ၊ လိင်အင်္ဂါကို သန့်စင်ပေးတဲ့ ထုတ်ကုန်ပစ္စည်းတွေ ထွေထွေထူးထူး သုံးစရာ မလိုပါဘူး။ မိန်းမကိုယ်ဟာ သဘာဝအတိုင်း သူ့နည်းသူဟန်နဲ့ သန့်ရှင်းရေး လုပ်နိုင်ပါတယ်။ တချို့အချိန်တွေမှာ မိန်းမကိုယ် ကနေ အရောင်အနံ့မရှိတဲ့ အရည်တွေ ထွက်လာတာကို မြင်တွေ့ရမှာ ဖြစ်ပြီး ဒါဟာ မအင်္ဂါမှာရှိတဲ့ အညစ်အကြေးတွေ ၊ မလိုအပ်တဲ့ အရာတွေကို ဖယ်ရှားသန့်စင်ဖို့အတွက် ထုတ်လွှတ်ပေးတာ ဖြစ်ပါတယ်။

(၂) အရောင်ပြောင်းနိုင်တယ်

vagina

Photo : taynie

မိန်းမကိုယ်ဟာ ပုတ်သင်ညိုလို အရောင်ပြောင်းနိုင်တဲ့ အစွမ်းရှိပါတယ်။ အခြေခံအားဖြင့် အသက်အရွယ်အရ မိန်းမကိုယ်အရောင်ဟာ ပြောင်းလဲလာတက်သလို လိင်စိတ်နိုးကြားတဲ့အခါမှာလည်း ယာယီအားဖြင့် အရောင်ပြောင်းနိုင်ပါတယ်။ လိင်ဆက်ဆံမှုအပြီးမှာတော့ မိန်းမကိုယ်ဟာ မူလအရောင်အနေအထားကို ပြန်လည်ရောက်ရှိ သွားတက်ပါတယ်။

(၃) ကျုံ့နိုင်ဆန့်နိုင်တယ်

Vagina

Photo : TopLine MD

လူတော်တော်များများ ထင်မှတ်မှားနေတာကတော့ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ဟာ လိင်ဆက်ဆံပါများရင် မူလထက် ပိုပြီးလျော့ရဲလာတက်တယ် ဆိုတာပါ။ တကယ်တော့ မဟုတ်ပါဘူး။ ဒါဟာ ယုံတမ်းစကားသပ်သပ် ဖြစ်ပါတယ်။ တကယ်တော့ မိန်းမကိုယ် ကြွက်သားတွေဟာ ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိပြီး လိင်စိတ်နိုးကြားလာတာနဲ့အမျှ ကြွက်သားတွေ ဆန့်ထွက်လာနိုင်တာ ဖြစ်ပါတယ်။ လိင်စိတ်ပြန်လည် လျော့ကျသွားရင်တော့ နဂိုမူလအတိုင်း ပြန်ကျုံ့သွားမှာ ဖြစ်ပါတယ်။

(၄) ဘယ်အရာမှာ မိန်းမကိုယ်ထဲမှာ ပျောက်ဆုံးမသွားနိုင်ပါ

vagina
Photo : Clínica Wajman

မိန်းမကိုယ်ရဲ့ မွေးလမ်းကြောင်းအဆုံး သားအိမ်ခေါင်းဟာ မီးဖွားတဲ့ တချိန်ကလွဲပြီး ပိတ်နေတာပါ။ ဒါကြောင့် မိန်းမကိုယ်အတွင်း Tampons သို့မဟုတ် Menstrual Cups လို ပစ္စည်းတွေကို ထည့်သွင်းအသုံးပြုတဲ့အခါ ပြန်ထုတ်လို့ မရတော့မှာ ၊ လုံးဝပျောက်ဆုံးသွားတာမျိုး ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ အများစု ထင်ထားသလို မိန်းမကိုယ်အတွင်းပိုင်းဟာ Black Hole လို အဆုံးအစမဲ့ ဝင်္ကပါတစ်ခု မဟုတ်ပါဘူးနော်။

Source : Healthshots

Featured Photo : Healthline