လေဗာကူဆင်နည်းပြ ဇာဗီ အလွန်ဆို ကတော့ လာမယ့်နွေရာသီမှာ အသင်းကတော့ ထွက်ခွာတော့မှာ ဖြစ်ပြီး စပိန်ဘီလူးကြီး ရီးယဲလ်မက်ဒရစ်ကို အလွတ်နဲ့ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Photo : The Economic Times
ရီးယဲလ်မက်ဒရစ် အသင်းဟာ ဘာပေကို ခေါ်ယူပြီးတဲ့နောက်မှာ ဥရောပရဲ့ အကောင်းဆုံး အသင်းတစ်သင်း ဖြစ်လာပေမယ့် လာလီဂါမှာ ခါးသီးပြိုင်ဘက် ဘာစီလိုနာကို မကျော်ဖြတ်နိုင်ရင် ဒီရာသီမှာ ဖလားလက်မဲ့ ဖြစ်ရမယ့် အနေအထား ရှိနေပါတယ်။
ဒါကြောင့်ပဲ ရီးယဲလ်မက်ဒရစ် အသင်းဟာ ဒီရာသီမှာ ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်နေရပြီး အသင်းတာဝန်ရှိသူတွေက နည်းပြ အန်ဆယ်လော့တီနဲ့ လမ်းခွဲဖို့ စီစဉ်နေသလို အီတလီသား နည်းပြနေရာမှာ လေဗာကူဆင်နည်းပြ အလွန်ဆို ကို အစားထိုး ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စပိန်သားဟာ လာမယ့်ရာသီ ရီးယဲလ်ရဲ့နည်းပြသစ် ဖြစ်လာဖို့ အလွန်ရေပန်းစား နေပေမယ့် လေဗာကူဆင်အသင်းနဲ့တော့ ၂၀၂၆ နွေရာသီအထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Sky ပြင်သစ် အားကစား သတင်းဌာနရဲ့ ဖော်ပြချက်အရ စပိန်ဘီလူးကြီးတွေ အနေနဲ့ နည်းပြ အလွန်ဆို ကို ကမ်းလှမ်းဖြစ်ခဲ့မယ်ဆိုရင် လေဗာကူဆင်အသင်းဘက်က ထွက်ခွာခွင့်ပြုရမယ်ဆိုတဲ့ အထူးသဘောတူညီချက် ရှိနေတာ ဖြစ်ပါတယ်။
Photo : Goal.com
လက်ရှိမှာ အလွန်ဆိုနဲ့ ရီးယဲလ်မက်ဒရစ်တို့ကြား ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး နည်းပြနဲ့အသင်းကြားမှာ အသေးစိတ်ဆွေးနွေးမယ့် အချက်တွေများစွာ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ သတင်းတွေအရတော့ အလွန်ဆိုဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုဖွယ် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
Source : Goal.com
Featured Photo : Goal.com